backup og meta

ကိုဗစ်ကြောင့် အိပ်မပျော်တဲ့အခါ

ကိုဗစ်ကြောင့် အိပ်မပျော်တဲ့အခါ

ကိုဗစ်ကြောင့် အိပ်မပျော်တာ ညတိုင်းလိုလို ဖြစ်လာပြီ။ ခေါင်းကလည်း မကြည်ဘူး။ အိပ်လို့ကလည်း မပျော်ဘူး ဖြစ်နေပြီလား။ အခုကာလမှာ လူတိုင်းလိုလို စိတ်ဖိစီးလာတယ်။ တစ်နေ့တစ်နေ့ စိုးရိမ်စရာတွေ တွေးရင်း အိပ်မပျော်တာက လူတိုင်းလိုလို ရင်ဆိုင်နေရတဲ့ ပြဿနာပါ။

ညနေစောင်းလာရင်ကို ဖျားသလိုလို ကိုယ်ပူသလိုလို ဝမ်းနည်းသလိုလို စိတ်ပူသလိုလို ခံစားရရင်း အိပ်ရာထဲသာ အချိန်ကျလို့ ဝင်လိုက်တယ် အိပ်မပျော်ဘဲ လူးလှိမ့်နေရင်း မိုးလင်းနေတဲ့ ရက်တွေက လူတိုင်း ကြုံတွေ့နေရတဲ့ ကိုဗစ်ကာလ စိတ်ဖိစီးမှုပါ။ အိပ်ရေးကပျက်တော့ အစားကမဝင်၊ စိတ်ကတိုနဲ့ စိတ်ရောကိုယ်ပါ တအား ပင်ပန်းလာရောပေါ့။

ဒီလိုက ကြာလာရင် ကိုယ်ခံအား ကျလာပြီး ကာကွယ်ဆေး မပေါ်သေးတဲ့ ကိုဗစ်ကို ကာကွယ်ဖို့ အခက်တွေ့လာနိုင်ပါတယ်။ ဒီတော့ အိပ်ပျော်ဖို့ကို ကိုယ်တိုင် ကြိုးစားကြည့်ရအောင်လား။

ကိုဗစ်ကြောင့် အိပ်မပျော်တဲ့ညများ ကုန်ဆုံးစေဖို့

ကိုဗစ်ကြောင့် စိတ်ဖိစီး အိပ်မပျော်ဘူးဆိုရင်

နေရောင်ခြည် ခံပါ

နေရောင်ခြည်ကို ပုံမှန် ထိတွေ့ဖြစ်ရဲ့လား။ တစ်နေ့တစ်နေ့ ကိုဗစ်ကို ကြောက်တာနဲ့အိပ်ထဲကနေ အိပ်ပြင်ထွက်ဖို့ မပြောနဲ့ ပြတင်းပေါက်ရှေ့တောင် သွားရပ်ဖြစ်ရဲ့လား။ မနက်ခင်း နေရောင်နွေးနွေးကို ၁၅ မိနစ် ကနေ မိနစ် ၂၀ လောက် ထိတွေ့တာက ဗီတာမင် D ပြည့်ဝစေဖို့ ကိုယ်ခံအားကောင်းစေသလို စိတ်ခံစားမှုလည်း ကောင်းစေပါတယ်။

နေရောင်၊ နေ့အလင်းရောင်နဲ့ များများထိတွေ့တာက ညဘက်တွေမှာလည်း ကောင်းစွာ အိပ်ပျော်စေပါလိမ့်မယ်။ ကဲ……… အခုနေရောင်လေး ရှိနေသေးတယ်ဆိုရင် ပြတင်းပေါက်နားလောက်တော့ ထွက်ရပ်လိုက်နော်။

တရားထိုင်ပါ

တရားထိုင်တာက စိတ်ရောကိုယ်ပါ တည်ငြိမ်စေပြီး ညဘက်တွေမှာလည်း ကောင်းစွာ အိပ်ပျော်စေဖို့ ထောက်ကူပေးနိုင်ပါတယ်။ စိတ်ဖိစီးမှုတွေကို ပြေလျော့စေသလို ဝင်လေ ထွက်လေမှတ်တာက အဆုတ်ကိုပါ ကျန်းမာစေနိုင်ပါတယ်။

ဒါကြောင့် ကိုဗစ်ကာမှာ ကောင်းကောင်း အိပ်ပျော်ပြီး ကိုယ်ခံအား ကောင်းစေဖို့ဆိုရင် တစ်နေ့တာမှာ ၁၅ မိနစ်ကနေ နာရီဝက်လောက် ပုံမှန် တရားထိုင်ပါ။

အကြောလျှော့ပါ

အိပ်ခါနီးမှာ အိပ်ရာပေါ်မှာလှဲပြီး ခြေတွေလက်တွေကိူ ဆန့်လို့ တစ်ကိုယ်လုံး အကြောတွေ ပြေလျော့အောင် လျှော့ပေးပါ။ ပြီးရင် ခြေထောက်တစ်ဖက်ကို ကွေးပြီး ကွေးထားတဲ့ ခြေထောက်နဲ့ ဆန့်ကျင်ဘက်ကို ခါးရော ခေါင်းပါလှည့်ပြီး ၅ စက္ကန့်နေပါ။ တစ်ဖက်ပြီး တစ်ဖက်လုပ်ပါ။ ပြီးရင် နံရံကို မှီပြီး ပက်လက်အနေအထားနဲ့ ခြေထောက် နှစ်ချောင်းစလုံးကို ထောင်ထားပါ။ ၁၅ စက္ကန့်လောက် လုပ်ပေးပါ။

ဒီလို အကြောလျှော့နေစဉ်မှာ အသက်မှန်မှန်ရှူပါ။ ဒါကလည်း သွေးလည်ပတ်မှု ကောင်းစေပြီး အိပ်ပျော်စေဖို့ ထောက်ကူပေးပါလိမ့်မယ်။

လေ့ကျင့်ခန်း လုပ်ပါ

လေ့ကျင့်ခန်း လုပ်တာက ကိုယ်ခံအားကို ကောင်းစေနိုင်သလို ညဘက်တွေလည်း အိပ်ပျော်စေပါတယ်။ အခုလို ကိုဗစ်ကာလမှာ ကိုယ်ခံအား ကောင်းပြီး အိပ်ပျော်စေဖို့ဆိုရင် လေ့ကျင့်ခန်း လုပ်ပေးဖို့ လိုပါမယ်။ တစ်နေ့ကို ၁၅ မိနစ်လောက် လုပ်ပေးရင်ကို အဆင်ပြေတာပါ။

လေ့ကျင့်ခန်းလုပ်တာက ကိုယ်ခံအားကောင်းစေတယ်။ အိပ်ပျော်စေတယ်။ စိတ်ခံစားမှု ကောင်းစေပါတယ်။ နေ့တိုင်း မလုပ်ချင်ရင်တော့ တစ်ပတ်ကို ၃ ရက်လောက် အနည်းဆုံး လုပ်ကြည့်ပါ။

ဒီကာလက စိုးရိမ်မှုများမှာ မှန်ပေမယ့် ကောင်းကောင်း အိပ်ပျော်မှ ကိုယ်ခံအားက ကောင်းမှာပါ။ ဒီတော့ ကိုဗစ်ကာကွယ်ရေးအတွက် လိုက်နာရမှာတွေကို သေချာ လိုက်နာပြီး အခုပြောခဲ့တဲ့ နည်းလမ်းလေတွေကို ကျင့်သုံးလို့ ညဘက်တွေမှာ ကောင်းစွာ အိပ်ပျော်နိုင်စေဖို့ ကိုယ်တိုင် ကြိုးစားကြည့်ပါ။

[covid_19]

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Coronavirus disease (COVID-19) advice for the public https://www.who.int/myanmar/emergencies/covid-19-advice-for-the-public Accessed Date 15 October  2020

Coronavirus disease (COVID-19) pandemic https://www.who.int/emergencies/diseases/novel-coronavirus-2019 Accessed Date 15 October  2020

ယခုပုံစံ

05/04/2022

Aye Thi Mon မှ ရေးသားသည်။

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ညအိပ်မပျော်သူတိုင်း ပြင်ဆင်သင့်တဲ့ ဆောင်ရန်၊ ရှောင်ရန် (၁၀) ချက်

ကိုဗစ်ကာလမှာ ဝိတ်ချသင့်သလား



Aye Thi Mon မှ ရေးသားသည်။ · 05/04/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement