home

သင့်စိုးရိမ်မှုတွေက ဘာတွေလဲ။

close
မတိကျ
နားလည်ရခက်
အခြား

သို့မဟုတ် လင့်ခ်ကူးယူမည်

နွေပူပူမှာ ကိုယ်ဝန်ဆောင်လေဒီတွေ ဘာစားကြမလဲ

နွေပူပူမှာ ကိုယ်ဝန်ဆောင်လေဒီတွေ ဘာစားကြမလဲ

ကိုယ်ဝန်ဆောင်ကာလမှာ အာဟာရပြည့်ဝဖို့က ပုံမှန်အချိန်တွေထက် ၂ ဆလောက်ကိုလိုအပ်တာပါ။ ဒါမှမိခင်ေရာ ကလေးပါကျန်းမာမှာပါ။ ကိုယ်ဝန်ဆောင်ချိန်မှာမေမေက အာဟာရြပည့်ဝအောင်စာသုံးမှုက ကလေးမှာ နာတာရှည်ရောဂြါဖစ်နိုင်ခြေကိုလျော့နည်းစေနိုင်ပါတယ်။ အစားအစာဆိုတာကလည်း စားတတ်မှ အာဟာရဖြစ်တာပါ။ မစားတတ်ဘူးဆိုရင် အာဟာရပြည့်ဖို့ဆိုတာထက်ဘေးဥပါဒ်ဖြစ်ဖို့ကပိုများနေနိုင်ပါတယ်နော်။ ဒီတစ်ခေါက်တော့နွေပူပူမှာမေမေရော ကလေးပါ ကျန်းမာဖို့ ကိုယ်ဝန်ဆောင်မေမေတွေ ဘာတွေစားသင့်လဲဆိုတာကိုပြောပြပေးပါရစေနာ်။

နွေရာသီမှာ ကိုယ်ဝန်ဆောင်မေမေတွေ ကျန်းမာနေစေဖို့

နွေရဲ့အပူဒဏ်အောက်မှာ ကျန်းမာေနေစေဖို့ ကိုယ်ဝန်ဆောင်လေဒီလေးတို့အနေနဲ့ ဒါလေးတွေစားပေးလို့ရပါတယ်နော်။

အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေ – အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေက ကိုယ်ဝန်ဆောင်ကာလအတွင်းမှာ ကိုယ်ခံအားေကာင်းစေတဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေဖြစ်ကြတဲ့ ဗီတာမင် စီ နဲ့ ဗီတာမင် အီးတို့ပြည့်ဝစွာပါဝင်နေပါတယ်။ ဒါကြောင့်နွေပူပူမှာ ဟင်းသီးဟင်းရွက်ကြော်လေးဖြစ်ဖြစ် ဟင်းရွက်သုပ်လေးဖြစ်ဖြစ်စားပေးလို့ရပါတယ်နော်။

ဖရဲသီး -နွေရာသီမှာ ရင်တကယ်အေးစေတဲ့ အသီးတစ်ခုပါ။ရေဓါတ်ဖြည့်ပေးနိုင်ပြီး လန်းဆန်းစေနိုင်ပါတယ်။နွေပူပူမှာ ဖရဲသီးချိုချိုအေးအေးလေးစားပေးလို့ရပါတယ်နော်။

ကြက်ဥပြုတ် – ပရိုတင်းကြွယ်ဝစွာပါဝင်ပြီး ကိုယ်ဝန်ဆောင်မေမေတို့ကို အပူဒဏ်ခံနိုင်စေတဲ့စားစရာတစ်ခုပါ။ ကိုယ်ဝန်ဆောင်မိခင်တို့အတွက်လိုအပ်တဲ့ အာဟာရကိုဖြည့်တင်းပေးနိုင်တယ်ဆိုမှတော့ အဆာပြေလေးဖြစ်ဖြစ်တော့ စားသင့်ပါတယ်နော်။

ဘယ်ရီသီးတွေရာသီပေါ်စာေလးတစ်ခုဖြစ်သလို စားလို့လည်းကောင်းပါတယ်နော်။ ဓါတ်တိုးဆန့်ကျင်ပစ္စည်းနဲ့ အမျှင်ဓါတ်ကြွယ်ဝတာကြောင့် ကိုယ်ဝန်ဆောင် ဝမ်းချုပ်တာကို သက်သာစေနိုင်ပါသေးတယ်နော်။ ဒီတော့ စတော်ဘယ်ရီ၊ဘလူးဘယ်ရီတို့အပါအဝင် ဘယ်ရီသီးလေးတွေကို သင့်တင့်မျှတအောင် စားသုံးပေးပါ။

သခွားသီး –ရေဓါတ်ကြွယ်ဝစွာပါဝင်ပြီး မျက်လုံးအပါအဝင် ခန္ဓါကိုယ်တစ်ခုလုံးကိုအေးသွားစေတာပါ။ ညဘက်အိပ်မပျော်တာနဲ့ အရေပြားဓါတ်မတည့်မှုတွေကို ပါသက်သာစေနိုင်ပါတယ်နော်။လေပွမှာစိုးရင်လည်း နည်းနည်းလောက်တော့ စားပေးလို့ရပါတယ်။

ခရမ်းချဉ်သီး -နေ့တိုင်းချက်ပြုတ်တဲ့ဟင်းလျာတွေမှာပါတတ်စမြဲပါနော်။ အရသာရှိသလို ခန္ဓါကိုယ်ကိုအေးမြစေနိုင်တဲ့ အာနိသင်လည်းရှိပါတယ်။နေလောင်ဒဏ်ကိုသက်သာစေနိုင်ပါသေးတယ်နော်။နွေအပူဒဏ်ကြောင့် အရေပြားပြဿနာကနေ ကင်းဝေးချင်တဲ့ ကိုယ်ဝန်ဆောင်လေဒီလေးတွေအနေနဲ့ ခရမ်းချဉ်သီးကိုမေ့ထားလို့မရပါဘူးနော်။

ပူစီနံ – အသားအရေကိုအေးစေနိုင်ပါတယ်။သောက်မယ့်ရေထဲကို ပူစီနံရွက်လေးထည့်စိမ်ပြီးသောက်ပေးလို့ရပါတယ်။နွေအပူဒဏ်ကြောင့် မသက်မသာဖြစ်တာတွေကနေ ကင်းဝေးစေဖို့ ပူစီနံလေးစားပေးလို့ရပါတယ်နော်။

ဒိန်ချဉ် – ပရိုတင်းဓါတ်ပါဝင်နေသလို ဝမ်းမှန်စေပြီးနွေလတွေရဲ့ အပူဒဏ်ကိုလျော့ပါးသက်သာစေမှာအသေအချာပါ။

ဒါတွေအပြင် ဆန်လုံးညို၊ရေချိုငါး၊ ငှက်ပျောသီး၊ မုန်လာဥနီ၊ ပဲအမျိုးမျိုးတို့ကို စားသုံးပေးလို့ရပါတယ်နော်။နွေပူပူမှာ ကိုယ်ဝန်ဆောင်မေမေတွေ ကျန်းမာနေစေဖို့ အခုပြောခဲ့တာတွေကို စားသုံးပေးလု့ိရပါတယ်နော်။ အပူထမြထွက်ဘဲ အရိပ်ရတဲ့နေရာမျာနားနေဖို့လိုသလိုလေဝင်လေထွက်ကောင်းတဲ့ ချည်သားပွပွချောင်ချောင်လေးတွေ ဝတ်ဆင်ဖို့လည်း မမေ့ပါနုဲ့နော်။

ကဲ…….ပူပြင်းတဲ့နွေရာသီကို အကောင်းဆုံးကျော်ဖြတ်ရအောင်လား ကိုယ်ဝန်ဆောင်မေမေတို့ရေ………………….

Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ရင်းမြစ်များ
Top Tips for Pregnancy Nutritionhttps://www.webmd.com/baby/features/top-tips-pregnancy-nutrition#1 Accessed Date 19 March 2019

10 Summer Foods To Eat During Pregnancyhttps://www.mother.ly/lifestyle/10-summer-foods-to-eat-during-pregnancy Accessed Date 19 March 2019

7 Tips to Eating Healthy During Pregnancyhttps://www.medicinenet.com/script/main/art.asp?articlekey=155877 Accessed Date 19 March 2019

စာရေးသူ ဓာတ်ပုံbadge
Aye Thi Mon မှ ရေးသားသည်။ 6 ရက် အကြာက တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။