backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

ကော်လာဂျင်မြင့်တက်စေဖို့ စားပေးသင့်တဲ့ အစားအစာတွေ


Aye Thi Mon မှ ရေးသားသည်။ · 17/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ကော်လာဂျင်မြင့်တက်စေဖို့ စားပေးသင့်တဲ့ အစားအစာတွေ

ကော်လာဂျင်မြင့်တက်စေဖို့ စားပေးသင့်တဲ့ အစားအစာတွေ

အသားအရေလေး လှအောင် လုပ်မယ်လို့ စဉ်းစားလိုက်ရင် နေပူမခံရအောင် ကာကွယ်ဖို့ပြီးတာနဲ့ ခေါင်းထဲမှာ ပေါ်လာတာ တစ်ခုက ကော်လာဂျင်သောက်မယ်ပေါ့။ ကော်လာဂျင်သောက်ရင် အသားလေးလှလာမှာပဲလို့ တွေးမိတယ်ကြတယ်ဟုတ်။ ကော်လာဂျင်ဆိုတာက ဆေးတွေသောက်မှရမှာလား။ အစားအစာတွေကနေရော မရနိုင်ဘူးလား။ ဒီတစ်ခေါက်တော့ အသားအရေလှအောင် အထောက်အပံ့ပေးတဲ့ ကော်လာဂျင်ရရှိနိုင်တဲ့ အစားအစာလေးတွေအကြောင်းပြောပြပေးမယ်နော်။

ကော်လာဂျင်ဆိုတာ

ကော်လာဂျင်ဆိုတာက အရွယ်တင်နုပျိုစေပြီး လှပနေစေတဲ့ ပရိုတင်းတစ်မျိုးပေါ့။ အလှအပအတွက် အားဖြည့်ပေးနေတဲ့ ဇာတ်ကောင်လေးဆိုလည်း မမှားပါဘူး။ ခန္ဓာကိုယ်မှာရှိနေတဲ့ ပရိုတင်းတစ်မျိုးဖြစ်ပြီး အရေပြား၊ အရိုး၊ ကြွက်သား၊ အရိုးနု၊ အရွတ်၊ သွေးကြောနဲ့ အူမကြီးတွေမှာရှိတဲ့ တွယ်ဆက်တစ်ရှူးတွေကို အားဖြည့်ပေးထားပါတယ်။

ခန္ဓာကိုယ်မှာ ကော်လာဂျင်နည်းလာရင် ဘာဖြစ်မလဲ

ကော်လာဂျင်ဆိုတာက ပရိုတင်းတစ်မျိုးဖြစ်ပြီး ခန္ဓာကိုယ်ထဲမှာ အလျှံအပယ်ရှိတဲ့ ပရိုတင်းတစ်မျိုးပါ။ ကြွက်သားတွေ၊ အရိုး၊ အရွတ်၊ အကြော၊ ကိုယ်တွင်းအင်္ဂါတွေ၊ သွေးကြော၊ အရေပြား၊ အူအတွင်းနံရံတွေနဲ့ အခြားသောတွယ်ဆက်တစ်ရှူးတွေထဲမှာရှိပါတယ်။

ကော်လာဂျင်ပမာဏကို မတိုင်းတာနိုင်ပေမယ့် ကိုယ်တွင်းမှာကော်လာဂျင်ပမာဏ ကျဆင်းလာတဲ့အခါ အိုမင်းရင့်ရော်မှုကို ခံစားရနိုင်ပါတယ်။ လက္ခဏာတွေအနေနဲ့ကတော့

  • အရေပြားတွေတွဲကျလာတာ၊ အရေးအကြောင်းတွေပေါ်လာတာ
  • အကြောတွေတာင့်တင်းတာ၊ အရွတ်တွေတောင့်တင်းတာ
  • ကြွက်သားတွေလျော့ရဲလာတာ
  • အရိုးနုတွေ ထိခိုက်ပျက်စီးတာကြောင့် အဆစ်တွေနာတာ
  • အစာခြေစနစ်အတွင်းနံရံတွေအားနည်းလာတာကြောင့် အစာခြေ အူလမ်းကြောင်းဆိုင်ရာပြဿနာတွေ ခံစားရတာမျိုးဖြစ်နိုင်ပါတယ်။

ခန္ဓာကိုယ်မှာ ကော်လာဂျင်မြင့်တက်စေဖို့ ဘာတွေစားရမလဲ

ကော်လာဂျင်မြင့်တက်စေဖို့ ဆိုရင် ဒါလေးတွေ စားပေးဖို့ လိုပါမယ်။

ကီဝီသီး

ခန္ဓာကိုယ်က ကော်လာဂျင်ထုတ်လွှတ်အောင် လှုံ့ဆော်ရာမှာ အရေးပါတဲ့ ဗီတာမင် C ကြွယ်ဝစွာပါဝင်နေပါတယ်။

ဘယ်ရီသီးတွေ

ကော်လာဂျင်ထုတ်လွှတ်စေဖို့ အရေးပါတဲ့ ဓာတ်တစ်ခုဖြစ်တဲ့ ဗီတာမင် C ကြွယ်ဝစွာပါဝင်နေပါတယ်။ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေလည်း ကြွယ်ဝစွာပါဝင်နေတာကြောင့် Free radicalတွေရဲ့ ရန်ကနေ အသားအရေကို ကာကွယ်ပေးနိုင်မှာပါ။

အယ်လ်မွန်စေ့

အယ်လ်မွန်စေ့မှာ အရေပြားအတွက် အရေးပါတဲ့ အာဟာရတစ်မျိုးဖြစ်တဲ့ ဗီတာမင် E ကြွယ်ဝစွာပါဝင်နေပါတယ်။ ဗီတာမင် E က ဓာတ်တိုးဆန့်ကျင်အာနိသင်ပါရှိပြီး Free Radical တွေကြောင့် ကော်လာဂျင်ဆဲလ်တွေ ပျက်စီးတာမျိုးမဖြစ်အောင်လုပ်ဆောင်ပေးပါတယ်။ ဗီတာမင် C နဲ့အတူလည်း ကော်လာဂျင်ထွက်ရှိမှု မြင့်တက်လာအောင်လုပ်ဆောင်ပေးပါတယ်။
ထောပတ်သီး
ထောပတ်သီးကလည်း အပေါ်မှာပြောခဲ့တဲ့ အယ်လ်မွန်စေ့လိုပဲ ဗီတာမင် E ကြွယ်ဝ ပါဝင်နေသလို ဓါတ်တိုးဆန့်ကျင်အာနိသင်လည်း လုံလောက်စွာပါရှိတာကြောင့် အရေပြားနဲ့ ဆံသားကို ကျန်းမာစေနိုင်ပါတယ်။
မုန်လာဥနီမှာ ပျက်စီးသွားတဲ့ အရေပြားကိုပြန်လည်ကောင်းမွန်စေဖို့နဲ့ ကော်လာဂျင်တွေကိုပြန်လည်စုဆောင်းပေးနိုင်တဲ့ ဗီတာမင် A ပါဝင်နေတာကြောင့် ကော်လာဂျင်မြင့်တက်စေချင်သူတွေစားသုံးပေးလို့ရပါတယ်။ မုန်လာဥနီမှမဟုတ်ပါဘူး။ အခြားဗီတာမင် A ကြွယ်ဝစွာပါရှိတဲ့ ကန်စွန်းဥ၊ တရုတ်ဇီးသီး၊ သခွားမွှေး၊ သရက်သီးတွေကလည်း ကော်လာဂျင်ကိုမြင့်တက်အောင် လုပ်ဆောင်ပေးနိုင်ပါတယ်။

ဟင်းသီးဟင်းရွက်အများစုက အစိမ်းရောင်တွေပါ။ ဒါပေမယ့် အစိမ်းရောင်ရင့်ရင့်ဖြစ်နေတဲ့ ပန်းဂေါ်ဖီစိမ်း၊ ဟင်းနုနွယ်၊ ကိုက်လန်တို့လိုမျိုး ဟင်းသီးဟင်းရွက်တွေက အာဟာရကြွယ်ဝသလို ဗီတာမင် A၊ ဗီတာမင် C နဲ့ ဗီတာမင် E တို့ကြွယ်ဝစွာပါဝင်နေပြီး ခန္ဓာကိုယ်ရဲ့ကော်လာဂျင်ထုတ်လုပ်မှုပမာဏကို တိုးစေနိုင်ပါတယ်။

ကော်လာဂျင်ထုတ်လုပ်မှုကို တိုးတက်စေနိုင်တဲ့ မရှိမဖြစ်အရေးပါတဲ့ သတ္တုဓာတ်တစ်မျိုးဖြစ်တဲ့ ဆာလဖာ ပါဝင်နေတဲ့ ကြက်သွန်ဖြူကကော်လာဂျင်အမျှင်တွေ ပျက်စီးမသွားအောင် ကူညီပေးပြီး အရေပြားနဲ့ အဆစ်တွေကို ကျန်းမာစေနိုင်မှာပါ။

အခွံမာသီးတွေနဲ့ အစေ့အဆန်တွေမှာ ဇင့်ဓာတ်ကြွယ်ဝစွာပါဝင်နေတာကြောင့် ကော်လာဂျင်ပမာဏတိုးအောင် လှုံ့ဆော်ကူညီပေးနိုင်ပါတယ်။ ဒါကြောင့် အသားအရေလှပဖို့ကော်လာဂျင်များများလိုချင်တယ်ဆိုရင် သစ်ကြားသီးနဲ့ ဖရုံစေ့တို့ကို စားပေးလို့ရပါတယ်။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Aye Thi Mon မှ ရေးသားသည်။ · 17/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement