သင့်စိုးရိမ်မှုတွေက ဘာတွေလဲ။

close
မတိကျ
နားလည်ရခက်
အခြား

သို့မဟုတ် လင့်ခ်ကူးယူမည်

ဆီးချို ရှိရင် ဒီအသီးတွေမစားပါနဲ့.........

ဆီးချို ရှိရင် ဒီအသီးတွေမစားပါနဲ့.........

ဆီးချို ရှိရင် ဒီအသီးတွေမစားပါနဲ့………

ဆီးချို က အခုနောက်ပိုင်း ကမ္ဘာ့လူဦးရေတော်တော်များများကို ခြိမ်းခြောက်လာတဲ့ ရောဂါတစ်ခုဖြစ်လို့လာနေပါတယ။ ဆီးချို ကအဓိကက အချိုစားလို့ဖြစ်တာလို့ ယူဆမှုတွေလည်းရှိနေနိုင်ပါတယ်။ တကယ်ကတော့ ဆီးချိုက အချိုစားလို့ဆိုတာအပြင် အခြားအကြောင်းအရင်းတွေကြောင့်လည်း ဖြစ်နိုင်ပါသေးတယ်။ ဒီတစ်ခေါက်တော့ ဆီးချိုရှိတာကြောင့် အချိုစားလို့မရဘူး။ ဒါပေမယ့် အသီးအချိုတော့စားလို့ရတယ်လို့ ပြောနေသူတွေအတွက် ဆီးချိုရှိရင် ဘာအသီးတွေမစားသင့်ဘူးလဲဆိုတာကို ပြောပြပေးပါရစေ။

ဆီးချိုဖြစ်စေတဲ့ အကြောင်းရင်းခံတွေက ဘာတွေများလဲ……..

ဆီးချိုဖြစ်စေတဲ့ အကြောင်းအရင်းက တစ်ချက်မက ရှိနေနိုင်ပါတယ်။ ဆီးချိုဖြစ်စေနိုင်တဲ့ အချက်တွေ ဘယ်လောက်ထိများနေလဲဆိုတာ ကိုယ့်ကိုယ်ကိုယ် ဆန်းစစ်ကြည့်လိုက်ရအောင်လား……..

ဆီးချို ရှိရင် ဒီအသီးတွေမစားပါနဲ့………

ဆီးချိုရှိတဲ့သူတွေအနေနဲ့ အချိုစာတွေပဲရှောင်မယ် သဘာဝအချိုဖြစ်တဲ့ အသီးတွေကိုတော့ စားလို့ရမယ်ထင်တယ်ဆိုပြီး အသီးစားမယ်ဆိုရင်တောင် ဒီအသီးတွေကိုတော့ မစားပါနဲ့။

စပျစ်သီး

စပျစ်သီးက အမျှင်ဓာတ်၊ ဗီတာမင် နဲ့ အခြားသော အာဟာရဓာတ်တွေကြွယ်ဝတာကြောင့် ကျန်းမာရေးကို အထောက်အကူပြုတယ်ဆိုပေမယ့် သကြားဓာတ်ပါဝင်မှုများတာကြောင့် ဆီးချိုရှိသူတွေနဲ့ မသင့်တော်ပါဘူး။ စပျစ်သီးစားသုံးတာက ဆီးချိုရှိသူတွေမှာ ရုတ်တရက် သွေးတွင်းသကြားဓာတ်မြင့်တက်မှုကိုဖြစ်စေနိုင်ပါတယ်။

သရက်သီး

သရက်သီးက ဆီးချိုသမားတွေအတွက် တော်တော်လေး အန္တရာယ်များတဲ့အသီးတစ်မျိုးပါ။ မြန်မာလူမျိုးတော်တော်များများကြိုက်တဲ့ အသီးတစ်ခုဆိုလည်း မမှားပါဘူး။ သရက်သီးက ကျန်းမာရေးအတွက် မကောင်းတာလားဆိုတော့ ကျန်းမာရေး အာနိသင်များတဲ့ အသီးတစ်ခုပါ။ ဒါပေမယ့် သကြားဓာတ် နဲ့ ကယ်လ်လိုရီပါဝင်မှုများတာက ဆီးချိုသမားတွေ စားသုံးဖို့ မသင့်တော်တဲ့ အချက်တစ်ခုပါ။

သင်္ဘောသီး

သင်္ဘောသီးမှာ ကာဗိုဟိုက်ဒရိတ် နဲ့ ကယ်လ်လိုရီ ကြွယ်ဝစွာပါဝင်နေပါတယ်။ အမျှင်ဓာတ်ကြွယ်ဝသလို သကြားပါဝင်မှုလည်းများပါတယ်။ ရုတ်တရက် သွေးတွင်းသကြားဓာတ်ကို မြင့်တက်စေနိုင်တာကြောင့် ဆီးချိုရှိသူတွေနဲ့ မသင့်တော်တာအမှန်ပါ။ ဒါကြောင့် ဝမ်းမှန်စေတယ်။ အစာခြေစနစ်ကို ကျန်းမာစေတယ်ဆိုရင်တောင် သင်္ဘောသီးကို မစားပါနဲ့။

ငှက်ပျောသီး

ငှက်ပျောသီးက အရသာရှိသလို ပိုတက်ဆီယမ်ကြွယ်ဝတာကြောင့် ကျန်းမာရေးအတွက်သင့်တော်တယ်ဆိုပေမယ့် အခြားအသီးတွေထက် ကယ်လ်လိုရီပါဝင်မှုများသလို ကာဗိုဟိုက်ဒရိတ်နဲ့ သကြားဓာတ်ပါဝင်မှုလည်းများပါတယ်။ ဒီအချက်ကပဲ ဆီးချိုရှိသူတွေနဲ့ မသင့်တော်ဘူးလို့ ပြောရတာပါ။ ငှက်ပျောသီးက ဆီးချိုရှိသူတွေမှာ ရုတ်တရက်သွေးတွင်းသကြားဓာတ် မြင့်တက်စေနိုင်တာကြောင့် မစားသင့်ပါဘူး။

သခွားမွှေး

သခွားမွှေးက အရသာရှိတဲ့ အသီးတစ်မျိုးပါ။ ကျန်းမာရေးအတွက်သင့်တော်တယ်ဆိုပေမယ့် အခြားအသီးတွေထက် ကယ်လ်လိုရီပါဝင်မှုများသလို ကာဗိုဟိုက်ဒရိတ်နဲ့ သကြားဓာတ်ပါဝင်မှုလည်းများပါတယ်။ ဒီအချက်ကပဲ ဆီးချိုရှိသူတွေနဲ့ မသင့်တော်ဘူးလို့ ပြောရတာပါ။ ရုတ်တရက်သွေးချိုမြင့်တက်စေနိုင်တာကြောင့် ဆီးချိုရှိသူတွေနဲ့ မသင့်တော်ပါဘူး။

ဖရဲသီး

အရည်ရွှမ်းပြီး အရသာရှိတယ်။ ဗီတာမင်နဲ့ပြည့်စုံပြီး ကာဗိုဟိုက်ဒရိတ်လည်းကြွယ်ဝတာကြောင့် ကျန်းမာရေးအတွက်အကျိုးများတယ်။ ဒါပေမယ့် သကြားပါဝင်မှုများတာကြောင့် သွေးချိုရှိသူတွေအတွက် မသင့်တော်ပါဘူး။ ဆီးချိုရှိသူတွေအနေနဲ့ ဖရဲသီးစားချင်ရင်တောင် ဘယ်ရီသီးလေးတွေကို စားတာ ပိုအဆင်ပြေမှာပါ။

တရုတ်ဇီးသီး

လေ့လာမှုတွေအရ သိရတာက ဆီးချိုရှိသူတွေအနေနဲ့ တရုတ်ဇီးသီးကို မစားသင့်ပါဘူး။ အကြောင်းကတော့ တရုတ်ဇီးသီးတစ်လုံးမှာ သကြားဓာတ်က ၅၇ မီလီဂရမ်၊ ကာဗိုဟိုက်ဒရိတ် ၈ ဂရမ် ပါဝင်နေတာကြောင့်ပါ။ ဒိအချက်က ဆီးချိုရှိသူတွေကို သွေးတွင်းသကြားဓာတ်မြင့်တက်စေဖို့ လုံလောက်တဲ့ အချက်တစ်ခုဖြစ်နေပါတယ်။

နာနတ်သီး

နာနတ်သီးကတော့ ဆီးချိုရှိသူတွေအတွက် မစားသင့်ဆုံးအသီးတွေထဲကတစ်ခုပါ။ နာနတ်သီးက သကြားဓာတ်ပါဝင်မှုများသလို မှည့်လေလေ သကြားဓာတ်ပါဝင်မှုနှုန်းမြင့်လေလေပါ။ အဝါရောင် နာနတ်သီးလေးက သကြားပါဝင်မှုမြင့်သလို ကာဗိုဟိုက်ဒရိတ်ပါယင်မှုလည်း မနည်းပါဘူး။ ဒါကြောင့် ဆီးချိုရှိရင် နာနတ်သီးမစားပါနဲ့။

health-tool-icon

ခန္ဓာကိုယ် ထုထည်ညွှန်းကိန်း တွက်ချက်ခြင်း (BMI) ။

ခန္ဓာကိုယ် ထုထည်ညွှန်းကိန်း တွက်ချက်ခြင်း (BMI) ကို အသုံးပြုပြီး ကျန်းမာတဲ့ ကိုယ်အလေးချိန် ရှိရဲ့လားဆိုတာကို တွက်ချက်ပါ။ ဒီကျန်းမာရေး ကိရိယာကို အသုံးပြုပြီး ကလေးရဲ့ (BMI) ကိုလည်း တွက်ချက်လို့ ရပါတယ်။

အမျိုးသား

အမျိုးသမီး

Verifying...

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ရင်းမြစ်များ

Everything You Need to Know About Diabetes https://www.healthline.com/health/diabetes Accessed Date 7 February 2020

Type 2 diabetes https://www.mayoclinic.org/diseases-conditions/type-2-diabetes/symptoms-causes/syc-20351193 Accessed Date 7 February 2020

25 Most Dangerous Food for Diabetes (No.1 Scary) https://drhealthbenefits.com/disease-disorder/diabetes/most-dangerous-food-for-diabetes Accessed Date 7 February 2020

စာရေးသူ ဓာတ်ပုံbadge
Aye Thi Mon မှ ရေးသားသည်။ 25/10/2021 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။