နောက်ပြီး ရုပ်ကျန်းမာရေးက စိတ်ကျန်းမာရေးနဲ့လည်း အပြန်အလှန်ဆက်စပ်နေပါတယ်။ နေမကောင်းတဲ့သူက စိတ်ဓာတ်ကျလွယ်သလို၊ စိတ်ဓာတ်ကျနေတဲ့သူကလည်း မူးယစ်ဆေးတွေ သုံးတာ၊ ကိုယ့်ကိုယ်ကို ဂရုမစိုက်တာကြောင့် ကိုယ်ကျန်းမာရေးကို ထိခိုက်တတ်ပါတယ်။
စိတ်ကျန်းမာရေးဆိုတာ လူတစ်ယောက်က အမြဲတမ်း ပျော်ရွှင်နေရမယ်လို့တော့ မဟုတ်ပါဘူး။ ဒါပေမယ့် သူ့ရဲ့ စိတ်ခံစားချက်တွေ၊ ပတ်ဝန်းကျင်နဲ့ ဆက်ဆံရေးတွေ၊ စိတ်ပိုင်းဆိုင်ရာ အပြုအမူတွေကတော့ ကျန်းမာနေရမှာပါ။
လူတစ်ယောက်က စိတ်ကျရောဂါမရှိရုံ၊ စိတ်ရှုပ်ထွေးမှုတွေကို မခံစားရရုံနဲ့ စိတ်ကျန်းမာတယ်လို့ ပြောလို့မရပါဘူး။ သူက
- ကိုယ့်ဘဝကို ကိုယ်ကျေနပ်နေရမယ်
- အခက်အခဲတွေကို နည်းမှန် လမ်းမှန်နဲ့ တုံ့ပြန်နိုင်ရမယ်။
- အလုပ်နဲ့ မိသားစုဘဝကို မျှတအောင် နေပြီး စိတ်ချမ်းသာမှုကို ရှာတတ်ရမယ်။
- စိတ်ပိုင်းဆိုင်ရာ လုံခြုံမှု ရှိရမယ်။
- သူ့လုပ်နိုင်စွမ်းကို နားလည်နေရမယ် စတာတွေပဲ ဖြစ်ပါတယ်။
စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးက ချိတ်ဆက်နေတဲ့အတွက် ၂ခုလုံးကို မျှတအောင် ဂရုစိုက်သင့်ပါတယ်။
ကျန်းမာရေး ကို ဘယ်အချက်တွေကများ လွှမ်းမိုးနေတာလဲ။
လူတစ်ယောက်နဲ့ တစ်ယောက်က မျိုးဗီဇခြင်း မတူကြပါဘူး။ မျိုးဗီဇဆိုတာမျိုးကလည်း မျိုးအောင်တည်းက သတ်မှတ်ပြီးသားပါ။ လူတချို့မှာ မျိုးဗီဇပြောင်းလဲမှုတွေကြောင့် ကျန်းမာရေး ချို့တဲ့ရတာတွေ ရှိနိုင်ပါတယ်။ ဥပမာ ဒေါင်းရောဂါစု
ပတ်ဝန်းကျင်အခြေအနေကလည်း ကျန်းမာရေးအပေါ် အများကြီး သက်ရောက်မှု ရှိနေပါတယ်။ တစ်ခါတလေ ပတ်ဝန်းကျင် အခြေအနေကို အပြောင်းအလဲ လုပ်လိုက်ရုံနဲ့ ကျန်းမာရေးအခြေအနေ ပိုကောင်းတာ၊ ပိုဆိုးတာ ဖြစ်လာနိုင်ပါတယ်။ ဥပမာ
-ဘယ်မှာနေတာလဲ (မြန်မာနိုင်ငံလို နေရာမှာ နေတယ်ဆိုရင် တီဘီ၊ ငှက်ဖျား စတဲ့ ကူးစက်ရောဂါတွေ ပိုဖြစ်ပါတယ်။ အနောက်နိုင်ငံတွေမှာ သွေးတိုး၊ ဆီးချိုတွေ၊ ခုခံအားရောဂါတွေ ပိုဖြစ်ပါတယ်။)
-ကိုယ့်ရဲ့ ပတ်ဝန်းကျင်ကရော ဘယ်လိုလဲ (စက်ရုံ အလုပ်ရုံတွေနဲ့ နီးသလား)
-ဝင်ငွေ (ဝင်ငွေကောင်းမှ ကျန်းမာရေး စောင့်ရှာက်မှုတွေ၊ အာမခံတွေအတွက် ငွေသုံးနိုင်မှာပါ)
-ပညာအရည်အချင်း (ဘွဲ့လက်မှတ်ထက် ကျန်းမာရေးအသိဘယ်လောက်ရှိလဲက ပိုပြီး အရေးကြီးပါတယ်)
-ဘာအလုပ်လုပ်တာလဲ (ထိခိုက်ဒဏ်ရာရနိုင်ခြေများတဲ့ စက်ရုံအလုပ်တွေလား။ ရောဂါပိုးတွေနဲ့ ထိတွေ့မှု များတဲ့ ကျန်းမာရေး ဝန်ထမ်းလား။)
စိတ်ရော ကိုယ်ပါ ကျန်းမာစေဖို့ လိုက်နာရမယ့် အခြေခံစည်းမျဉ်းများ
ဒီအချက်တွေကတော့ လူတိုင်း သိပြီးသားပါပဲ။ စွဲစွဲမြဲမြဲလုပ်ဖို့ပဲ လိုတာပါ။
- နေ့တိုင်း အာဟာရပြည့်အောင် စားသောက်တာ၊ အားဆေးတွေထက် သဘာဝကရတဲ့ အစားအစာတွေကို ပိုစားပေးတာ
- တစ်ပတ်ကို မိနစ် ၁၅၀လောက် ကိုယ်လက်လှုပ်ရှားမှု လုပ်ပေးတာ
- ကိုယ့်အသက်အရွယ်အလိုက် ဖြစ်နိုင်တဲ့ ရောဂါတွေကို ပုံမှန်စစ်ဆေးတာ
- စိတ်ဖိစီးမှု သက်သာစေမယ့် နည်းလမ်းကောင်းတွေကို ကျင့်သုံးတာ
- အကောင်းမြင်စိတ်၊ ခွင့်လွှတ်တတ်တဲ့စိတ်မွေးမြူတာ စတာတွေပဲ ဖြစ်ပါတယ်။
Takeaway
ကိုယ်ရော စိတ်ပါ ကျန်းမာစေဖို့ အကောင်းဆုံးနည်းလမ်းကတော့ ကျန်းမာစေတဲ့ အလေ့အကျင့်တွေကို စွဲစွဲမြဲမြဲကျင့်သုံးတာပါပဲ။ ကျန်းမာရေးရဲ့ အရေးပါပုံကို သိလာပြီးနောက်မှာ လူသားတွေက ရောဂါဖြစ်မှ ကုသတာထက် ရောဂါမဖြစ်အောင် ကြိုတင်ကာကွယ်တဲ့ နည်းလမ်းတွေကို ပိုမိုကျင့်သုံးလာကြပါပြီ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။