backup og meta

Coronavirus ကူးစက်ခံရတဲ့အခါ အဆုတ်မှာ ဘယ်လိုတွေ ခံစားရနိုင်လဲ………..

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 14/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    Coronavirus ကူးစက်ခံရတဲ့အခါ အဆုတ်မှာ ဘယ်လိုတွေ ခံစားရနိုင်လဲ………..

    ဖြစ်ရတဲ့အကြောင်းအရင်းကို သေချာမသိသေးတဲ့ ၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်း နဲ့ ၂၀၂၀ ခုနှစ် အစောပိုင်းမှာ တရုတ်နိုင်ငံ ဝူဟန်ပြည်နယ်ကနေစတင်ခဲ့တဲ့ Covid-19 ကိုရိုနာဗိုင်းရပ်စ်ရဲ့ လက္ခဏာတွေက အဆုတ်ရောင်ရောဂါ လက္ခဏာတွေနဲ့ ခပ်ဆင်ဆင် ခံစားရနိုင်ပါတယ်။

    Covid-19 လို့ခေါ်တဲ့ ဗိုင်းရပ်စ်အသစ်တစ်မျိုးဖြစ်တဲ့ ပြင်းထန်အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ ခံစားရတဲ့အခါ လက္ခဏာတွေက တုပ်ကွေးနဲ့ခပ်ဆင်ဆင်တူနေသလို အဆုတ်ရောင်ရောဂါ နဲ့လည်း ခပ်ဆင်ဆင်တူနေပါတယ်။ တကယ်ကတော့ အဆုတ်ရောင် ရောဂါတစ်မျိုးလို့ပဲ ဆိုရမှာပါ။ ပြင်းထန်တဲ့ အခြေအနေမျိုးနဲ့ ကူးစက်ခံရတဲ့ အဆုတ်ရောင်ပါ။

    ယခုလက်ရှိမှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ကမ္ဘာ့ကပ်ရောဂါအဖြစ် ကြေညာထုတ်ပြန်ထားတဲ့ Covid-19 ကူးစက်မှုကို လူတော်တော်များများ ခံထားရပြီး လူအများစုမှာ မပြင်းထန်တဲ့ အခြေအနေမျိုး၊ သာမန်ဖျားနာမှု အခြေအနေမျိုးတွေ အနေနဲ့ ခံစားနေရကြပါတယ်။

    Covid-19 ခံစားရသူတွေထဲက ၈၀ ရာခိုင်နှုန်းလောက်ဟာ အထူးကြပ်မတ်ကုသမှုကို ခံယူစရာမလိုဘဲ ပြန်လည်ကျန်းမာ လာကြပါတယ်။ လူ ၆ ဦးမှာ ၁ ဦးလောက်ပဲ ပြင်းထန်တဲ့အခြေအနေကို ခံစားရပြီး အသက်ရှူရ ခက်ခဲတာမျိုးကို ခံစားရတာပါ။

    Covid-19 က အဆုတ်ရောင်ရောဂါနဲ့ ခပ်ဆင်ဆင်တူပြီး ပြင်းထန်တဲ့ အဖျားရောဂါတစ်ရပ် အနေနဲ့ ခံစားရတာဖြစ်ပါတယ်။ ဒီ ဗိုင်းရပ်စ်က အဆုတ် နဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို ဘယ်လိုများ ထိခိုက်စေတာလဲ……….

    ဗိုင်းရပ်စ်က လူတွေကို ဘယ်လိုသက်ရောက်မှုတွေဖြစ်စေလဲ……….

    Royal Australasian College က တာဝန်ရှိသူတစ်ဦးဖြစ်သလို အသက်ရှူလမ်းကြောင်း အထူးကု ဆရာဝန်တစ်ဦးဖြစ်တဲ့ ပါမောက္ခ John Wilson ကတော့ Covid-19 ရဲ့ ပြင်းထန်တဲ့ အဆင့်က အဆုတ်ရောင်ရောဂါနဲ့ လက္ခဏာတွေ တော်တော်လေးဆင်တူပါတယ်။

    Covid-19 ကူးစက်ခံရသူတွေကို အကြမ်းအားဖြင့် အဆင့် ၄ ခုခွဲခြား သတ်မှတ်လို့ရပါတယ်။

    မပြင်းထန်တဲ့ အဆင့်မှာ ဗိုင်းရပ်စ် ကူးစက်ခံထားရပေမယ့် ရောဂါလက္ခဏာတစ်စုံတရာ မပြတာမျိုး ရှိနိုင်ပါတယ်၊ လို့ပြောပြပါတယ်။

    နောက်တဆင့်ကတော့ အသက်ရှူလမ်းကြောင်း အထက်ပိုင်းမှာ ဗိုင်းရပ်စ် ကူးစက်ခံထားရတယ်။ အဖျားရှိနေမယ်။ ချောင်းဆိုးမယ်။ ခေါင်းနည်းနည်း ကိုက်မယ်။ မျက်စိနာတာမျိုး လက္ခဏာလေးတွေကို သိပ်မပြင်းထန်တဲ့အခြေအနေမျိုးနဲ့ ခံစားရနိုင်ပါတယ်။ ဒီလိုလူတွေက သေချာ ဂရုမစိုက်ဘူးဆိုရင် အခြားသူတွေဆီကို ရောဂါကူးစက်ခံရနိုင်ပါတယ်။

    Covid-19 ကူးစက်ခံထားရတာသေချာတဲ့ သူတွေက တစ်နေရာတည်းမှာရှိနေမယ် သူတို့မှာ တုပ်ကွေးလို လက္ခဏာမျိုးတွေ ဖြစ်နေမယ်ဆိုရင်တော့ သူတို့တွေကို အလုပ်ကနေ ပေးနားပြီး အိမ်မှာ သီးသန့်နားနေစေတာက အကောင်းဆုံး သောရောဂါထိန်းချုပ်မှု နည်းလမ်းပါ။

    နောက်ဆုံး တစ်မျိုးကတော့ အဆုတ်ရောင်ရောဂါလို လက္ခဏာတွေခံစားနေရမယ် အဖျားကတဖြည်းဖြည်းနဲ့ ပြင်းထန်လာမယ်ဆိုတဲ့ လူမျိုးတွေပါ။

    ဝူဟန်ပြည်နယ်မှ စစ်ဆေးတွေ့ရှိခဲ့သူတွေထဲက အကြမ်းဖျင်း ၆ ရာခိုင်နှုန်းလောက်က တော်တော်လေးပြင်းထန်တဲ့ အခြေအနေကို ခံစားနေရတာပါ။

    • အသက်အရွယ်ကြီးရင့်နေတဲ့သူတွေ၊

    သွေးတိုးရောဂါ ခံစားနေရသူတွေ၊

    • အဆုတ်ရောဂါ အခံရှိသူတွေ၊

    • နှလုံးရောဂါ ခံစားနေရသူတွေ၊

    ဆီးချိုရောဂါ ခံစားနေရသူတွေ နဲ့

    • ပြင်းထန်တဲ့ ရောဂါ အခံတစ်ခုခုရှိသူတွေမှာ ရောဂါခံစားရတဲ့အခါ ပြင်းထန်နိုင်ပါတယ်၊လို့ WHO ကဆိုပါတယ်။

    အဆုတ်ရောင်ရောဂါ ဘယ်လိုဖြစ်တာလဲ……….

    Covid-19 ကူးစက်ခံရသူမှာ ချောင်းဆိုးတာ၊ အဖျားတက်တာမျိုး ခံစားရနိုင်ပါတယ်။ ဒါက ကူးစက်မှုက အသက်ရှူလမ်းကြောင်းထဲကို ရောက်ရှိသွားတာကြောင့်ပါ။

    ဒီလိုနဲ့ အသက်ရှူလမ်းကြောင်းအတွင်းနံရံတွေ ထိခိုက်မှုဖြစ်ပြီး ရောင်ရမ်းလာမယ်။ ဒီရောင်ရမ်းမှုက အသက်ရှူ လမ်းကြောင်း အတွင်းနံရံတွေကို ယားယံစေပြီး ချောင်းဆိုးတာမျိုး ဖြစ်စေနိုင်ပါတယ်။

    ဒီလိုကနေ အခြေအနေဆိုးလာတဲ့အခါ အဆုတ်က လေအိတ်လေးတွေက ရောင်ရမ်းလာပြီး ဓာတ်မတည့်မှုကို တုံ့ပြန်ဖို့ လုပ်ကြပါတယ်။ ဒီလိုနဲ့ ရောင်ရမ်းမှုပြင်းထန်တဲ့အခါ အောက်ဆီဂျင်ကို လုံလောက်စွာ ရရှိဖို့ ခက်ခဲလာပါတယ်။ ဒီလိုနဲ့ အသက်ရှူဖို့ ခက်ခဲလာပြီး နောက်ဆုံးမှာ အောက်ဆီဂျင်ပြတ်လပ်မှုပြင်းထန်ပြီး ကိုယ်တွင်းက ကာဗွန်ဒိုင်အောက်ဆိုဒ် တွေကိုလည်း မစွန့်ထုတ်နိုင်တော့ပါဘူး။

    ဒီအခြေအနေက ပြင်းထန်အဆုတ်ရောင်ရောဂါနဲ့ သေဆုံးမှုကို ဖြစ်စေပါတယ်။

    အဆုတ်ရောင်ရောဂါကို ဘယ်လိုကုသမလဲ…………

    စိတ်မကောင်းစရာတစ်ခုက အခုထိ Covid-19 ကူးစက်ခံနေရမှုကို ရပ်တန့်ပစ်နိုင်မယ့် တစ်ခုခုရှိမနေတာပါ၊ လို့ Lung Foundation Australia ရဲ့ ဥက္ကဌ ပါမောက္ခ Christine Jenkins ကဆိုပါတယ်။

    စမ်းသပ်ကုသမှုတွေ အမျိုးမျိုးလုပ်နေပေမယ့် အခုချိန်ထိ ထိရောက်မယ့် ကုသမှု တစ်စုံတရာကိုမှ ဖော်ထုတ်နိုင်တာမျိုး မရှိသေးပါဘူး။ ရောဂါကူးစက်ခံရသူတွေကို အထူးကြပ်မတ်ကုသပေးတာက အကောင်းဆုံး ကုသမှုအဖြစ် ရှိနေဆဲပါ။

    ရောဂါကူးစက်ခံရသူတွေကို အသက်ရှူဖို့ ထောက်ကူပေးတာ၊ အောက်ဆီဂျင် ရရှိမှုကောင်းမွန်အောင် လုပ်ဆောင်ပေးပြီး အဆုတ်ရဲ့ လုပ်ဆောင်မှုကောင်းအောင် ပံ့ပိုးပေးပြီး ပြန်လည်ကျန်းမာလာအောင် လုပ်ဆောင်ပေးပါတယ်။

    Covid-19 ရဲ့ ကွာခြားချက်က ဘာလဲ………..

    Covid-19 က ခံစားရသူတစ်ဦးနဲ့ တစ်ဦးမှာတောင် မတူကြပါဘူး။ Covid-19 ကြောင့်ဖြစ်တဲ့ အဆုတ်ရောင်က အခြား အဆုတ်ရောင်ရောဂါတွေထက် လက္ခဏာပိုမို ပြင်းထန်ပါတယ်။

    အကြောင်းကတော့ Covid-19 ကြောင့်ဖြစ်တဲ့ အဆုတ်ရောင်က အဆုတ်တစ်ခုလုံးကို ထိခိုက်စေနိုင်တာကြောင့်ပါ။ အဆုတ်ရောင်လိုမျိုး အဆုတ်ရဲ့ အစိတ်အပိုင်းတစ်ခုတည်းကိုတင် မဟုတ်ပါဘူး။

    အဆုတ်ကို Covid-19 ဗိုင်းရပ်စ် ကူးစက်ခံလိုက်ရပြီဆိုတာနဲ့ ဒီဗိုင်းရပ်စ်က အဆုတ်ဆဲလ်တွေထဲကို ဝင်ပြီး ကိုယ်ခံအား စနစ်က အဆုတ်ဆဲလ်တွေကို မှားယွင်းတိုက်ခိုက်တာမျိုး ဖြစ်အောင် လုပ်ဆောင်ပါတော့တယ်။ ဒီလုပ်ဆောင်မှုက ကိုယ်ခံအားကို မှားယွင်း တိုက်ခိုက်မှုဖြစ်စေပြီး အဆုတ်ဆဲလ်တွေကို ရောင်ရမ်းစေတာကြောင့် အောက်ဆီဂျင် လုံလောက်မှုမရှိအောင် ဖြစ်စေပါတယ်။

    ဒီအခြေအနေက ကိုယ်ခံအားနည်းသူတွေ၊ နှလုံး နဲ့ အဆုတ်ရောဂါအခံရှိသူတွေ၊ ဆီးချိုရောဂါရှိသူတွေ နဲ့ သက်ကြီးရွယ်အိုတွေမှာ ပိုပြင်းထန်နိုင်ပါတယ်။

    အောက်ဆီဂျင် ပြတ်လပ်မှုက အဆိုးဆုံးအနေနဲ့ ကိုယ်တွင်း အင်္ဂါတွေကို ထိခိုက်ပျက်စီးစေပြီး အသက်သေဆုံးတဲ့အထိ ဖြစ်စေနိုင်ပါတယ်။

    အဆုတ်ရောင်ကြောင့် ထိခိုက်နိုင်ခြေ အများဆုံးသူတွေက ဘယ်သူတွေလဲ………………

    အသက် ၆၅ နှစ်အထက် ဖိုးဖိုးဖွားဖွားတွေမှာ ပိုပြင်းထန်နိုင်ပါတယ်။ ဒါ့အပြင် ဆီးချို၊ ကင်ဆာ၊ အဆုတ်၊ နှလုံး နဲ့ ကျောက်ကပ်ရောဂါတို့လိုမျိုး နာတာရှည်ရောဂါခံစားနေရသူတွေ၊ အသည်းရောဂါရှိသူတွေ၊ ဆေးလိပ်သောက်တဲ့သူတွေ၊ အသက် ၁ နှစ်အောက် ကလေးတွေ၊ မွေးကင်းစ ကလေးငယ်တွေမှာ အဆုတ်ရောင်ရောဂါ ခံစားရနိုင်ခြေက အခြားသူတွေထက် ပိုများနေပါတယ်။

    အသက်အရွယ်က အဆုတ်ရောင်ရောဂါကြောင့် သေဆုံးနိုင်ခြေအပေါ်မှာ အဓိက သက်ရောက်နေတဲ့ အချက်တစ်ခုပါ။ အဆုတ်ရောင်ရောဂါက အသက်အရွယ်ကြီးရင့်သူတွေကို သေဆုံးစေတဲ့ အဓိက အကြောင်းရင်းခံတွေထဲက တစ်ခုပါ။

    အကြောင်းကတော့ အသက်ကြီးလာတဲ့အခါ ကိုယ်ခံအားက အလိုလို နည်းလာတာကြောင့်ပါ။ ရောဂါတွေ ကူးစက်ခံရမှုကို ကာကွယ်နိုင်စွမ်းကလည်း နည်းသွားပါပြီ။

    [covid_19]

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · 14/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement