home

What are your concerns?

close
Inaccurate
Hard to understand
Other

သို့မဟုတ် လင့်ခ်ကူးယူမည်

ကိုဗစ် ကာကွယ်ဆေးတွေ ကြားက ကွာခြားချက်များ

ကိုဗစ် ကာကွယ်ဆေးတွေ ကြားက ကွာခြားချက်များ

ကိုဗစ် ကာကွယ်ဆေးတွေ ထိုးလို့ မရခင်ကတော့ ကာကွယ်ဆေး ထိုးလို့ ရဖို့အရေးက အဓိကကျတဲ့ ကိစ္စတစ်ရပ်ဖြစ်ခဲ့ပါတယ်။ အခု မြန်မာနိုင်ငံမှာ ကာကွယ်ဆေးတွေလည်း ရောက်လာပြီ။

ကိုယ့်အစီအစဉ်နဲ့ကိုယ်လည်း ကာကွယ်ဆေးတွေ ထိုးလို့ရပြီဆိုတဲ့အချိန်မှာ ကာကွယ်ဆေး ထိုးဖို့ထက် ပိုပြီး အဓိက ကျလာတဲ့ ကိစ္စ တစ်ခု ရှိလာပါတယ်။

ဒါကတော့ ဘယ်ကာကွယ်ဆေးက ထိရောက်မှု ကောင်းသလဲဆိုတာကို ရွေးချယ်တာပါ။ တရုတ်က ဆေးလား…… စိတ်ချရပါ့မလား။ အိန္ဒိယဆေးက ပိုစိတ်ချရမယ်ထင်တယ်။ ရုရှားက ဆေးက ပိုကောင်းမလားဆိုပြီး အမျိုးမျိုးတွေ ရွေးချယ်နေကြမယ် ထင်ပါတယ်။ အထိရောက်ဆုံး ကာကွယ်မှုကို လိုချင်တာကိုး။

ဒါကြောင့် ဘယ်ကာကွယ်ဆေးက ပိုကောင်းလဲ ဆိုပြီး ရွေးရမခက်ရအောင် ကာကွယ်ဆေးတွေရဲ့ တစ်ခုနဲ့တစ်ခု ကွာခြားချက်လေးတွေကို ပြောပြပေးသွားပါမယ်။

ကာကွယ်ဆေးတွေရဲ့ ကာကွယ်ပေးနိုင်စွမ်း

ကိုဗစ် ကာကွယ်ဆေးမှ မဟုတ်ပါဘူး။ ကာကွယ်ဆေး တစ်မျိုးမျိုးကို ထုတ်ဖို့ဆိုရင် အဆင့်များစွာကို ကျော်ဖြတ်ရပါတယ်။ ဒါကြောင့် စိတ်ချရမှုက ကာကွယ်ဆေးတိုင်းမှာ ရှိသလို ကာကွယ်ပေးနိုင်စွမ်းကလည်း ရှိပါတယ်။ ဆေး အမျိုးအစားအလိုက် အနည်းငယ်တော့ ကွာခြားနိုင်တာပေါ့။

ယူကေက ထုတ်လုပ်တဲ့ Novavax ကာကွယ်ဆေးက ၈၉ ရာခိုင်နှုန်းအထိ ကာကွယ်ပေးနိုင်ပြီး Johnson & Johnson ကုမ္ပဏီက ထုတ်တဲ့ Janssen ကာကွယ်ဆေးက ၆၆ ရာခိုင်နှုန်းအထိ ကာကွယ်ပေးနိုင်ပါတယ်။

ဒီကာကွယ်နိုင်စွမ်းက ပထမအကြိမ် ဆေးထိုးပြီးချိန်မှာကို ရရှိမှာ ဖြစ်ပါတယ်။ တရုတ်နိုင်ငံ အခြေစိုက် ဆေးကုမ္ပဏီ တစ်ခုက ထုတ်လုပ်တဲ့ Sinopharm ကတော့ ၇၉ ရာခိုင်နှုန်းအထိ ကာကွယ်မှု ပေးနိုင်ပါတယ်။ ဆေးကိုတော့ အကြိမ်ရေ ပြည့်အောင် ထိုးဖို့ လိုပါမယ်။

ရုရှားက ထုတ်လုပ်တဲ့ ကာကွယ်ဆေးကလည်း ကာကွယ်ပေးနိုင်စွမ်း တော်တော်လေး မြင့်တယ်လို့ ကာကွယ်ဆေး လေ့လာမှု ရလဒ်တွေအရ သိရပါတယ်။ ကာကွယ်ဆေးတွေက ကိုယ်ခံအားက ဗိုင်းရပ်စ်ကို တုံ့ပြန်တိုက်ခိုက်ပြီး ကိုဗစ်ကြောင့် ဖျားနာမှု ကင်းအောင် ကိုယ်ခံအားကို လှုံ့ဆော်ပေးတဲ့ နည်းပညာချင်း ကတော့ မတူပါဘူး။

ကိုဗစ် ကာကွယ်ဆေးတွေ ကြားက ကွာခြားချက်များ

ကိုဗစ်ကာကွယ်ဆေးတွေကလည်း ပညာရှင်တွေရဲ့ အပတ်တကုပ်ကြိုးစားမှုတွေကြောင့် အမျိုးအစား များစွာ ထွက်ပေါ်လာခဲ့ပါတယ်။ ထုတ်လုပ်မှု နည်းပညာတွေ ကွာခြားတာကြောင့် ကာကွယ်ဆေး တစ်မျိုးနဲ့ တစ်မျိုးကြားမှာ ကွာခြားချက်တွေကတော့ ရှိနေပါတယ်။ ဘယ်လိုတွေများ ကွာခြားလဲ……

COVISHIELD

Covishield ကာကွယ်ဆေးက Oxford-AstraZeneca vaccine ရဲ့ version တစ်မျိုးပါ။ အခြေခံ နည်းပညာတူပေမယ့် ထုတ်လုပ်တဲ့နေရာ ကွာခြားတာပါ။ ဒီကာကွယ်ဆေးက ယူကေနဲ့ အိန္ဒိယမှာ တွေ့ရှိရတဲ့ ကိုဗစ်မျိုးစိတ်တွေကို အဓိက ကာကွယ်ပေးနိုင်တာပါ။

Covishield က နှစ်ကြိမ်လုံး ပြည့်အောင် ထိုးပြီးတဲ့အခါ ၆၂ ရာခိုင်နှုန်းအထိ ထိရောက်မှု ရှိပါတယ်။ ဆေးကို ၂၈ ရက်ခြားပြီး ၂ ကြိမ်ထိုးရမှာပါ။

ဆေးကို 2-8°C အတွင်းမှာ သိမ်းဆည်းရမှာ ဖြစ်ပါတယ်။ ကာကွယ်ဆေးက နှစ်ကြိမ်လုံး ပြည့်မှ ထိရောက်တဲ့ ကာကွယ်မှုကို ရရှိမှာပါ။

နောက်ထပ် သိချင်နေမယ့် တစ်ခုက ကာကွယ်ဆေးထိုးပြီးရင် သွေးခဲမှာလားဆိုတာ ဖြစ်မယ် ထင်ပါတယ်။ ဒါက အင်မတန်မှ ရှားပါတယ်။ အိန္ဒိယမှာတော့ covidshield ကို ထိုးပေးနေပြီဖြစ်ပြီး သွေးခဲတယ်ဆိုတဲ့ အထောက်အထား မတွေ့ရသေးပါဘူး။

Novavax

ဒီကာကွယ်ဆေး အမျိုးအစားကတော့ လက်ရှိ ထောက်ခံချက်ရရှိထားတဲ့ ကာကွယ်ဆေးတွေနဲ့ အနည်းငယ် ကွာခြားပါတယ်။ spike protein ပုံစံနဲ့ ကိုယ်ခံအား စနစ်ကို လှုံ့ဆော်ပေးမှာ ဖြစ်ပါတယ်။

ဒီကာကွယ်ဆေးက ဓာတ်ခွဲခန်းမှာ လုပ်တဲ့ ပရိုတင်း အမျိုးအစားကို အသုံးပြုပြီး ကိုယ်ခံအားကို antibody ထွက်အောင် လှုံ့ဆော်ပေးမှာပါ။

ကာကွယ်ဆေးက ၂ ကြိမ် ထိုးရမှာဖြစ်ပြီး ၃ပတ်ခြားပြီး ထိုးရမှာပါ။ မူလ ကိုဗစ်ဗိုင်းရပ်စ်ကို ၈၉ ရာခိုင်နှုန်းအထိ ကာကွယ်ပေးနိုင်ပါတယ်။ မျိုးဗီဇ ပြောင်းလဲလာတဲ့ မျိုးစိတ်တွေကိုတော့ ၆၀ ရာခိုင်နှုန်းအထိ ကာကွယ်ပေးနိုင်ပါတယ်။ ပုံမှန် ရေခဲသေတ္တာမှာ သိမ်းဆည်းလို့ ရပါတယ်။

Janssen

ဒီကာကွယ်ဆေးကတော့ လူသားတွေကို ထိခိုက်မှု မရှိအောင် ထုတ်လုပ်ထားတဲ့ အမျိုးအစားပါ။ ပုံမှန် ဖျားနာမှုကို ဖြစ်စေတဲ့ ဗိုင်းရပ်စ်ကို အခြေခံပြီး ထုတ်လုပ်ထားတာပါ။ ခန္ဓာကိုယ်မှာ ကြီးမားတဲ့ တုံ့ပြန်မှု မဖြစ်စေဘဲ ကိုဗစ်ကို ကာကွယ်နိုင်တဲ့ ကိုယ်ခံအား ထွက်ရှိအောင် လှုံ့ဆော်ပေးမှာ ဖြစ်ပါတယ်။

ကာကွယ်ပေးနိုင်စွမ်းကတော့ ၆၆ ရာခိုင်နှုန်း ရှိပါတယ်။ မျိုးစိတ် အလိုက် ကာကွယ်ပေးနိုင်စွမ်း ကွာခြားတာမျိုးတော့ ရှိပါတယ်။ ပုံမှန် ရေခဲသေတ္တာထဲမှာတင် သိမ်းဆည်းလို့ ရပါတယ်။

Oxford-AstraZeneca

အအေးမိ၊ တုပ်ကွေးဖြစ်စေတဲ့ ဗိုင်းရပ်စ်ကို ပျော့အောင်လုပ်ထားတဲ့ adenovirus ကို အသုံးပြုပြီး ကာကွယ်ဆေး ထုတ်လုပ်ထားတာပါ။

ဒီဗိုင်းရပ်စ်ကို သူ့အလိုလျောက် မျိုးပွားတာမျိုး မလုပ်နိုင်အောင် မျိုးဗီဇ ပြုပြင်ထားမှာ ဖြစ်တဲ့အတွက် ခန္ဓာကိုယ်ထဲမှာ ပိုးပြန့်ပွားမှာကို စိုးရိမ်စရာ မလိုပါဘူး။

ဒီကာကွယ်ဆေးက ကိုဗစ်ဗိုင်းရပ်စ်က ထုတ်လုပ်တဲ့ ပရိုတင်းနဲ့ အသွင်တူအောင် ထုတ်လုပ်ထားတာပြီး ကိုယ်ခံအားစနစ်ကို T-cell တွေ ထုတ်လုပ်အောင် လှုံ့ဆော်ပေးပြီး ကိုဗစ်ရောဂါဖြစ်စေတဲ့ SARS-CoV-2 virus ကို ခုခံတိုက်ထုတ်နိုင်အောင် လေ့ကျင့်ပေးမှာ ဖြစ်ပါတယ်။

ကာကွယ်ဆေးက ၂ ကြိမ် ထိုးရမှာ ဖြစ်ပြီး ၆၂ ရာခိုင်နှုန်းအထိ ကာကွယ်ပေးနိုင်ပါတယ်။ ပုံမှန် ရေခဲသေတ္တာထဲမှာတင် သိမ်းဆည်းလို့ ရပါတယ်။

Pfizer-BioNTech and Moderna

messenger RNA (mRNA) ကို အသုံးပြုထားတဲ့ ကာကွယ်ဆေးပါ။ ခန္ဓာကိုယ်ထဲကို ဗိုင်းရပ်စ် ဝင်ရောက်လာတဲ့ ပုံစံတူ ဖန်တီးပြီး ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ် ဖွံ့ဖြိုးလာအောင်လုပ်တဲ့နည်းကို ကျင့်သုံးထားပါတယ်။

ကာကွယ်ဆေးကို ခန္ဓာကိုယ်ထဲ ထိုးသွင်းလိုက်တဲ့အခါ ကိုယ်ထဲမှာ ကိုဗစ်ဗိုင်းရပ်စ်က ထုတ်လုပ်မယ့် ပရိုတင်းနဲ့ တူညီတဲ့ ပရိုတင်း တစ်မျိုး ထွက်လာပါလိမ့်မယ်။ ဒီပရိုတင်းက ရောဂါမဖြစ်စေနိုင်ပါဘူး။

ကိုယ်ခံအားကို antibodies နဲ့ T-cells တွေထွက်ရှိအောင် လှုံ့ဆော်ပေးပြီး ကိုရိုနာဗိုင်းရပ်စ်ကို တိုက်ထုတ်နိုင်စေဖို့ လေ့ကျင့်ပေးမှာပါ။ ကိုယ်ခံအားကို ဗိုင်းရပ်စ်ကို တုံ့ပြန်ဖို့အတွက်ပဲ ကြိုတင်လေ့ကျင့်ပေးထားတဲ့ သဘောပေါ့။

ကာကွယ်ဆေးကို ၂၈ ရက်ခြားပြီး ၂ ကြိမ် ထိုးရမှာပါ။ ကာကွယ်ပေးနိုင်စွမ်းကတော့ ၉၅ ရာခိုင်နှုန်းအထိ ရှိပါတယ်။ သယ်ယူပို့ဆောင်ချိန်မှာ အနုတ် ၇၀ ဒီဂရီဆဲစီးယပ်စ်မှာ ထိန်းသိမ်းရမှာဖြစ်ပါတယ်။ ထိန်းသိမ်းသိုလှောင် ထားချိန်မှာတော့ ပုံမှန် ရေခဲသေတ္တာ အအေးချိန်မှာ ရက် ၃၀၊ အခန်းအပူချိန်မှာ ၁၂ နာရီ အထားခံမှာ ဖြစ်ပါတယ်။

Sinovac

တရုတ်နိုင်ငံက ထုတ်တဲ့ ကာကွယ်ဆေး အမျိုးအစား တစ်ရပ်ပါ။ Oxford vaccine နည်းတူ ကိုယ်ခံအား ပေးနိုင်ပါတယ်။ သေပြီးသား ဗိုင်းရပ်စ်ရဲ့ အပိုင်းအစလေးတွေကို အသုံးပြု ထုတ်လုပ်ထားတာပါ။

ဆေးထိုးလိုက်တဲ့အခါ ခန္ဓာကိုယ်က ဗိုင်းရပ်စ်ကို သိရှိပြီး ကိုယ်ခံအားစနစ်က တုံ့ပြန်နိုင်စေဖို့ လှုံ့ဆော်ပေးပါတယ်။ ပြင်းထန်တဲ့ ဖျားနာမှုမျိုး မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။

ကာကွယ်ဆေးရဲ့ ထိရောက်မှုကတော့ ၇၉ ရာခိုင်နှုန်းပါ။ ၂ ပတ် ကနေ ၄ ပတ်ခြားပြီး ဆေး ၂ ကြိမ် ထိုးရမှာပါ။ ပုံမှန် ရေခဲသေတ္တာ အအေးချိန်မှာ သိမ်းဆည်းထားလို့ ရပါတယ်။

Sinopharm

သူကလည်း အပေါ်က ပြောခဲ့တဲ့ ကာကွယ်ဆေးနဲ့ အတူတူပါပဲ။ Oxford vaccine နည်းတူ ကိုယ်ခံအား ပေးနိုင်ပါတယ်။ သေပြီးသား ဗိုင်းရပ်စ်ရဲ့ အပိုင်းအစလေးတွေကို အသုံးပြု ထုတ်လုပ်ထားတာပါ။

ဆေးထိုးလိုက်တဲ့အခါ ခန္ဓာကိုယ်က ဗိုင်းရပ်စ်ကို သိရှိပြီး ကိုယ်ခံအားစနစ်က တုံ့ပြန်နိုင်စေဖို့ လှုံ့ဆော်ပေးပါတယ်။ ပြင်းထန်တဲ့ ဖျားနာမှုမျိုး မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။

ကာကွယ်ဆေးရဲ့ ထိရောက်မှုကတော့ ၇၉ ရာခိုင်နှုန်းပါ။ ၂ ပတ် ကနေ ၄ ပတ်ခြားပြီး ဆေး ၂ ကြိမ် ထိုးရမှာပါ။ ပုံမှန် ရေခဲသေတ္တာ အအေးချိန်မှာ သိမ်းဆည်းထားလို့ ရပါတယ်။

Sputnik-V

Sputnik-V vaccine ကလည်း သေပြီးသား ဗိုင်းရပ်စ်ရဲ့ အပိုင်းအစလေးတွေကို အသုံးပြု ထုတ်လုပ်ထားတာပါ။ Oxford vaccine ဖြစ်ပြီး ကိုယ်ခံအားကို လှုံ့ဆော်ပေးတဲ့ပုံစံက Sinovac ၊ Sinopharm ကာကွယ်ဆေးတွေနဲ့ ပုံစံတူပါတယ်။

လေ့လာစမ်းသပ်မှုတွေအရ အသက် ၆၀ အထက်တွေမှာ ကာကွယ်ပေးနိုင်စွမ်းက ၉၀ ရာခိုင်နှုန်း ကျော်ပါတယ်။ အသက်အရွယ်အလိုက် ထိရောက်မှု ကွာခြားနိုင်လားဆိုတာကိုတော့ ဆက်လက်စမ်းသပ်နေဆဲပါ။ ပုံမှန် ရေခဲသေတ္တာ အအေးချိန်မှာ ခြောက်ခြောက်သွေ့သွေ့ သိမ်းဆည်းထားလို့ ရပါတယ်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ရင်းမြစ်များ

COMPARISON OF COVID 19 VACCINES https://myacare.com/blog/comparison-of-covid-19-vaccines Accessed Date 9 September 2021

What are the differences between the COVID-19 vaccines? https://newseu.cgtn.com/news/2020-12-31/What-are-the-differences-between-the-COVID-19-vaccines–WEq6ZrU9lS/index.html Accessed Date 9 September 2021
စာရေးသူ ဓာတ်ပုံbadge
Aye Thi Mon မှ ရေးသားသည်။ 16/09/2021 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။