Cannabis နဲ့ COVID-19

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 11, 2020 . 3 mins read
Share now

ကိုရိုနာဗိုင်းရပ်စ်ကြီး တစ်ကမ္ဘာလုံးကို ပြန့်နှံ့လာတော့ လူတိုင်းက ရောဂါပိုးကို ကာကွယ်နိုင်ဖို့ နည်းလမ်းအသွယ်သွယ်ကို သန်ရာသန်ရှာ ရှာဖွေကြ ဖန်တီးကြတယ်။ ဒီလိုနဲ့ ကောလဟာလတွေ၊ ဆေးမြီးတိုတွေ၊ ရမ်းကုနည်းတွေ လူတွေအကြားထဲ ပြန့်နှံ့လာတော့တာပဲ။

COVID-19 ကို ကုသနိုင်မယ့်၊ ကာကွယ်နိုင်မယ့် ဆေးဝါးတွေ ထွက်ရှိမလာသေးပါဘူး။ ဒီလိုအချိန်မျိုးမှာ စိုးရိမ်စိတ်လွန်ကဲနေကြတဲ့လူတစ်ချို့က ဟိုနည်း ဒီနည်း အမျိုးမျိုး စမ်းကြတယ်။ တမာရွက်ပြုတ်သောက်တာကစလို့ အိန္ဒိယနဲ့ အာဖရိကမှာ ကျင်ငယ်ရေကို သောက်ကြတဲ့အထိပဲ။

ဒီလိုပဲ တစ်ချို့သောတိုင်းပြည်တွေမှာ မာရီယားနားလို့ ခေါ်တဲ့ ဆေးခြောက် (Marijuana/Cannabis) က COVID-19 ကာကွယ်ရေးမှာ အသုံးတည့်တယ်ဆိုတဲ့ ယုံတမ်းစကားတွေလည်း ပေါ်ထွက်လာတယ်။ ကင်ဆာတို့၊ နှလုံးရောဂါတို့၊ စိတ်ဝေဒနာတို့ကို သက်သာစေနိုင်တယ်ဆိုတဲ့ စကားတွေရဲ့ နောက်မှာ နောက်ထပ်ထွက်ပေါ်လာတဲ့ မာရီယားနားရဲ့ ပုံပြင်တစ်ပုဒ်ပေါ့။

မာရီယားနားက ကယ်တင်မှာလား

ဒီဇာတ်လမ်းဘယ်ကစလဲဆိုရင် ဧပြီလအစောပိုင်းတုန်းက အမေရိကန်ပြည်ထောင်စု၊ ဖလိုရီဒါပြည်နယ် မိုင်ယာမီတက္ကသိုလ်က လေ့လာချက်တစ်ခုကနေစတင်ခဲ့တာပါ။ အဆိုပါလေ့လာချက်မှာ ကိုရိုနာဗိုင်းရပ်စ်ကုသရေးမှာ Medical Cannabis ကို အသုံးချတာဟာ အလုပ်ဖြစ်တယ်လို့ သူတို့က ဆိုလာတာပါ။

ဒီသုတေသနမှာပါဝင်ခဲ့တဲ့ ပညာရှင်တွေရဲ့ အဆိုအရ မာရီယားနားဟာ နာတာရှည်ရောဂါတွေရှိနေတဲ့ ရောဂါသည်တွေကိုတောင်မှ ကိုယ်ခံအားစနစ်တိုးတက်လာစေတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ဒီစမ်းသပ်မှုမှာ ဘယ်လူနာတွေနဲ့ ဘယ်လိုစမ်းသပ်ခဲ့တယ်ဆိုတဲ့ တိကျရေရာတဲ့ အချက်အလက်တွေပါရှိခြင်းမရှိပါဘူး။

ဒါပေမယ့် ဒီအချက်ကြောင့် မာရီယားနားဟာ ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးတယ်ဆိုတဲ့ မရေရာတဲ့ အချက်လေးကို ကိုင်စွဲပြီး တလွဲဆံပင်ကောင်းလုပ်တာတွေ တိုးပွားလာခဲ့ပါတယ်။ တကယ်တမ်းစမ်းသပ်မှုမှာ အသုံးပြုခဲ့တဲ့ ပစ္စည်းက Medical Cannabis ဖြစ်ပြီးတော့ မူးယစ်ဆေးဝါးအဖြစ် အသုံးပြုနေတဲ့ ဆေးခြောက်နဲ့ အတန်ငယ်ကွဲပြားမှုရှိပါတယ်။

ဒါ့အပြင် ဆေးဝါးကုသမှုမှာ အသုံးပြုတဲ့နည်းလမ်းဟာ ဆေးလိပ်ထဲထည့်ပြီး သောက်သုံးတာမဟုတ်တာတော့ အမှန်ပဲဖြစ်ပါတယ်။ အရေးအကြီးဆုံးအချက်ကတော့ COVID-19 ဟာ အသက်ရှှုလမ်းကြောင်းဆိုင်ရာ ရောဂါတစ်မျိုးဖြစ်ပြီး အဆုတ်ထိခိုက်ပျက်စီးနေသူတွေ၊ အားနည်းနေသူတွေကို ပိုမိုထိခိုက်စေနိုင်တာပါပဲ။

ဒါကြောင့် ဆေးလိပ်၊ ပျောင်းနဲ့ Vape တွေအသုံးပြုပြီး မာရီယားနားကို အသုံးပြုတာဟာ COVID-19 ကို ကုသရေးနဲ့ ကာကွယ်ရေးမှာ ဘယ်လိုမှ အကျိုးပြုမှာမဟုတ်ပါဘူး။ အဆုတ်နဲ့ ကိုယ်ခံအားစနစ်ကို အားဖြည့်ပေးတယ်ဆိုတဲ့ အယူအဆကလည်း ရေရာမှုမရှိပါဘူး။

မာရီယားနားဟာ ကိုယ်ခံအားစနစ်ထဲက cytokines ရောင်ရမ်းခြင်းကို လျှော့ချပေးနိုင်တယ်ဆိုပေမယ့် ဒီအချက်တစ်ချက်တည်းနဲ့တော့ ရှုပ်ထွေးလှတဲ့ ဆဲလ်ပေါင်းများစွာနဲ့ ဖွဲ့စည်းထားတဲ့ ကိုယ်ခံအားစနစ်ကြီးကို အထောက်အကူဖြစ်စေတယ်လို့ ဆိုဖို့ခက်တာဖြစ်ပါတယ်။

ကာလီဖိုးနီးယားတက္ကသိုလ်က ပါမောက္ခ ဒန်နီယယ်လီ ပီယိုမယ်လီရဲ့ အဆိုအရဆိုရင်လည်း တခြားအကျိုးပြုချက်တွေရှိမရှိမသေချာပေမယ့် နာကျင်မှုဝေဒနာကိုတော့ လျှော့ချပေးနိုင်လိမ့်မယ်လို့ ဆိုပါတယ်။

ပီယိုမယ်လီကတော့ မာရီယားနား အလွန်အကျွံသုံးစွဲမှုတွေကြောင့် အလွန်ကောင်းနေချိန်မှာ စိတ်လွတ်ပြီး ဟိုကိုင်ဒီကိုင် ကိုင်တွယ်မိတာတွေ၊ ထင်ယောင်ထင်မှားဖြစ်တာတွေ၊ အကြောက်လွန်တာတွေဖြစ်နိုင်တာမို့ ရောဂါကူးစက်နိုင်ခြေပိုများတယ်လို့ ဆိုပါတယ်။

ပူလောင်သောကကို ဖြေဖျောက်ပေးနိုင်မလား

တစ်ချို့ကတော့လည်း မာရီယားနားဟာ COVID-19 ကာလမှာ လူတွေခံစားနေရတဲ့ စိတ်ပူပင်နေတာတွေ၊ သောကတွေကို သက်သာလျော့ပါးစေနိုင်တယ်လို့ ဆိုကြပြန်ပါတယ်။

ကပ်ဘေးကာလအတွင်း Social Isolation ဒါမှမဟုတ် Social Distancing အဖြစ်နေထိုင်နေကြရသူတွေအနေနဲ့ စိတ်ပူပင်သောကတွေ (Anxiety)၊ စိတ်ဖိစီးမှုတွေ (Stress) ပိုမိုမြင့်မားလာနေပြီး ဒီဝေဒနာတွေကို မာရီယားနားက လျှော့ချပေးနိုင်တယ်လို့ တစ်ချို့က ယုံကြည်ထားကြပါတယ်။

စိတ်သောကတွေ လျှော့ချပေးနိုင်စေမယ့် anti-anxiety medications တွေ၊ စိတ်ဖိစီးမှုကို လျှော့ချပေးနိုင်တဲ့ anti-depressants တွေနဲ့ အိပ်မပျော်မှုကို လျော့ပါးစေမယ့် anti-insomnia medicines တွေ အသုံးပြုမှုနှုန်းမြင့်မားလာနေသလို အရက်သောက်သုံးမှုနှုန်းလည်း မြင့်တက်လာနေတယ်လို့ WHO က မကြာသေးခင်ကမှ ထုတ်ပြန်ထားပါတယ်။

ဒီလိုအခြေအနေမျိုးမှာ မာရီယားနားကို အသုံးပြုပြီး ကုစားနိုင်တယ်လို့ Cannabis အသုံးပြုမှုကို ထောက်ခံသူတွေကတော့ ဆိုနေကြပါတယ်။ ဒါပေမယ့်လည်း ပီယိုမယ်လီတို့လို ပညာရှင်တွေကတော့ မာရီယားနားကို သုံးတာကလည်း ရေရှည်မှာ ဒီဝေဒနာတွေကို ပြန်ခံစားစေမှာဖြစ်တာမို့ ဘာမှမထူးခြားဘူးလို့ ဆိုပါတယ်။

Cannabis နဲ့ COVID

ခြုံငုံပြောရမယ်ဆိုရင် မာရီယားနားသုံးတာ၊ မာရီယားနားကို ပြောင်းနဲ့ ရှူသွင်းတာ၊ သောက်သုံးတာ၊ Vape နဲ့ မှီဝဲတာမျိုးတွေက COVID-19 ကို ရင်ဆိုင်နိုင်တယ်လို့ ဘယ်သူကမှ အတည်မပြုထားပါဘူး။ ဒါ့အပြင် သွေးတွင်းသကြားဓာတ်ကို မြင့်မားလာစေနိုင်တာကိုလည်း သတိထားဖို့ လိုအပ်ပါတယ်။

မာရီယားနားက ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးပြီး ရောဂါကူးစက်မှုကို ခုခံနိုင်တယ်ဆိုတဲ့ အချက်တွေနဲ့ ပတ်သက်ပြီး ခိုင်လုံတဲ့ သက်သေအထောက်အထားမျိုး မရှိထားသေးပါဘူး။ မလိုလားအပ်တဲ့ စမ်းသပ်မှုတွေကြောင့်ဘေးထွက်ဆိုးကျိုတွေသာ ပိုဖြစ်နိုင်ပါတယ်။

ပူပင်သောကကို ပြေလျော့စေဖို့ ဆိုရင် အာဟာပြည့်ဝစွာစားသောက်တာ၊ လေ့ကျင့်ခန်းပြုလုပ်တာ၊ တရားထိုင်တာ၊ ဆွေမျိုးမိသင်္ဂဟတွေနဲ့ ဆက်သွယ်ပြောဆိုတာမျိုးတွေသာ လုပ်ပေးသင့်ပါတယ်။ ဒီအချက်တွေကသာ စိတ်ဖိစီးမှုတွေကို အမှန်တကယ် လျှော့ချပေးနိုင်မှာဖြစ်ပါတယ်။

COVID-19 Outbreak updates
Country: Myanmar
Data

117,946

Confirmed

97,819

Recovered

2,484

Death
Distribution Map

Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

လူစုလူဝေးအကြားမှာ ကိုဗစ်အန္တရာယ် ကင်းကင်းနဲ့ နေနိုင်ဖို့ဆိုရင်

COVID-19 အရှိန်ကျလာနေပြီဆိုပေမယ့် သတိထားဖို့ လိုအပ်နေပါသေးတယ်။ အခြေအနေအရ လူစုလူဝေးအကြားမှာ ပါဝင်ပတ်သက်ရဖို့ရှိလာရင် ပိုပြီး ဂရုစိုက်ဖို့ လိုအပ်ပါလိမ့်မယ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

မျက်ရည်ယိုဗုံး ထိခဲ့ရင် အမြန်သက်သာစေမယ့် နည်းလမ်းများ

မျက်ရည်ယိုဗုံး တွေကို chloroacetophenone (CN) နဲ့chlorobenzylidene malononitrile (CS) တို့ အပါအဝင် အမျိုးမျိုးသော ဒြပ်ပေါင်းတွေနဲ့ ပြုလုပ်ထားတာပါ။ 

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

Covishield ကာကွယ်ဆေး နဲ့ အရက် သောက်သုံးခြင်း

Covishield ကာကွယ်ဆေး နဲ့ အရက် သောက်သုံးမှု။ ကာကွယ်ဆေးထိုးမယ်ဆိုရင် မထိုခင်နဲ့ ထိုးပြီး အနည်းဆုံး ၄၅ ရက် ကြာတဲ့အထိ အရက်သောက်သုံးမှုကို ရှောင်ရပါမယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သွေးဖြူဥဆဲလ် ရောဂါ (White Blood Cell Disorder)

သွေးဖြူဥဆဲလ် ရောဂါ (White blood cell disorders) ဆိုတာ ခန္ဓာကိုယ်ထဲမှာ သွေးဖြူဥဆဲလ် အရေအတွက် အရမ်းနည်းနေတာ ဒါမှမဟုတ် အရမ်းများနေတဲ့ အခြေအနေပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

home-remedies-for-eye-allergies မျက်လုံး ဓာတ်မတည့်မှု

မျက်လုံး ဓာတ်မတည့်မှု ကို သက်သာစေမယ့် အိမ်တွင်းကုထုံး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 5, 2021 . 2 mins read
အစာဓာတ်မတည့်ခြင်း

အစာဓာတ်မတည့်ခြင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 3, 2021 . 2 mins read
အကြောက်တရား နဲ့ ကျန်းမာရေး

အကြောက်တရား နဲ့ ကျန်းမာရေး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 17, 2021 . 2 mins read
Mask ၂ ထပ်ဝတ် ရင် ပိုစိတ်ချရမလား

Mask ၂ ထပ်ဝတ် ရင် ပိုစိတ်ချရမလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 16, 2021 . 2 mins read