ကိုရိုနာဗိုင်းရပ်စ်အသစ်ဖြစ်တဲ့ COIVD-19 ဟာ တစ်ကမ္ဘာလုံးမှာရှိတဲ့ မြို့တွေ၊ ကျေးရွာတွေနဲ့ ဒေသပေါင်းစုံမှာ ပြန့်နှံ့ကူးစက်နေပါတယ်။ ဗိုင်းရပ်စ်ဟာ တစ်ကမ္ဘာလုံးက သက်ရှိလူသားတွေရဲ့ အနာဂတ်အပေါ် သက်ရောက်မှုကြီးကြီးမားမားရှိလာနေပြီး သမားရိုးကျလူနေမှုဘဝတွေကို ပြောင်းလဲပစ်နေတယ်။