ကိုရိုနာဗိုင်းရပ်စ် (COVID-19) က ပိုကြောက်စရာကောင်းလာမှာလား။ ဘာတွေပြင်ဆင်ထားရမလဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 11, 2020 . 4 mins read
Share now

ကိုရိုနာဗိုင်းရပ်စ် (COVID-19) ကိုထပ်ပြီးတော့ မိတ်ဆက်စရာမလိုတော့ဘူး။ ၂၀၁၉ ဒီဇင်ဘာကနေ တရုတ်နိုင်ငံ ဝူဟန်မြို့ကနေစတင်ဖြစ်ပွားတယ်။ စဖြစ်တဲ့အချိန်ကနေ အခုဆို သုံးလကျော်လာပြီ။ လက်ရှိအချိန်မှာ နိုင်ငံပေါင်း ၁၀၄ နိုင်ငံ ရောဂါပိုးတွေ့တယ်။ လူပေါင်း ၁၁၀၀၀၀ ကျော်ကူးစက်ခံထားရပြီး ကူးစက်ခံရတဲ့သူတွေထဲက လူပေါင်း ၃၆၀၀ ကျော်သေဆုံးတယ်။
 
ဒီဆောင်းပါးမှာ သုတေသနစာတမ်း လေးစောင်နဲ့ သတင်းမီဒီယာ ငါးခုရဲ့ သတင်းအချက်အလက်တွေအပေါ် ကိုးကားပြီး COVID-19 ရဲ့ စိုးရိမ်စရာကောင်းတဲ့အချက်တွေ၊ အသေအပျောက် ဖြစ်ရခြင်းရဲ့ အဓိကအကြောင်းရင်းတွေ၊ မြန်မာနိုင်ငံအပေါ်မှာရော ဘယ်လိုခြိမ်းခြောက်နိုင်လဲဆိုတာနဲ့ ကာကွယ်ရမယ့်အဓိကအချက်တွေကို ပြောပြထားပါတယ်။
 

(က) စိုးရိမ်စရာကောင်းတဲ့အချက်တွေ

 

၁။ သေဆုံးမှုနှုန်း မြင့်တက်လာတယ်။

COVID-19 ကြောင့်သေဆုံးမှုက အစောပိုင်းမှာ ၂.၃ ရာခိုင်နှုန်းရှိတာကနေပြီး အခုအချိန်မှာကျတော့ ၃ ရာခိုင်နှုန်းထိရှိလာတယ်။ ရောဂါပိုးဟာ မျိုးဗီဇပြောင်းလဲမှု ကြီးကြီးမားမား မဖြစ်သေးပေမယ့် သေဆုံးမှုနှုန်းတက်လာတာက ကောင်းတဲ့အချက်မဟုတ်ဘူး။
 

၂။ ဆက်ပြန့်နေဦးမယ်။

ကိုရိုနာဗိုင်းရပ်စ်ဟာ နိုင်ငံပေါင်း တစ်ရာကျော်ကူးစက်ခံရတယ်။ နောက်ထပ်နိုင်ငံအသစ်တွေ ဆက်ကူးစက်နေဦးမယ်။ စဖြစ်တဲ့ တရုတ်နဲ့နီးစပ်တဲ့ အရှေ့တောင်အာရှမှာဆိုရင် မြန်မာနဲ့ လာအို နှစ်နိုင်ငံတည်းပဲ ဗိုင်းရပ်စ်မတွေ့ရသေးဘူး။ မတ်လ ၅ရက်နေ့အထိ ဖြစ်ခဲ့တဲ့ အချက်အလက်ဒေတာတွေအပေါ် အခြေခံပြီး ဆက်ကူးစက်မယ့်အခြေအနေကို တွက်ချက်မှုအရဆိုရင် မတ်လ ၁၃ရက်နေ့မှာ ကူးစက်ခံရသူပေါင်း ၁၂၀၀၀၀ နဲ့ သေဆုံးသူ ၄၀၀၀ ဖြစ်လာမယ်။ မတ်လ ၃၁ရက်နေ့မှာဆိုရင် ကူးစက်ခံရသူပေါင်း ၁၅၀၀၀၀ နဲ့ သေဆုံးသူ ၄၅၀၀ ဖြစ်လာမယ်။ သဘောကတော့ COVID-19 ဟာ ဆက်ပြန့်နေဦးမယ်ဆိုတာပါပဲ။
 

၃။ လက္ခဏာတွေမပြဘဲ ကူးစက်နိုင်တယ်။

ရောဂါပိုး ကူးစက်ခံရမှုရဲ့ လက္ခဏာတွေက ဖျားမယ်၊ ချောင်းဆိုးမယ်၊ အသက်ရှူရခက်မယ်။ ပိုပြင်းထန်လာပြီဆိုရင် အဆုတ်ရောင်တာကနေ အဆုတ်လုံးဝပျက်စီးတာ၊ နှလုံး၊ ကျောက်ကပ်နဲ့ အသည်းပျက်စီးတာတွေဖြစ်နိုင်တယ်။ ကိုရိုနာဗိုင်းရပ်စ်က သူ့ညီအစ်ကိုတွေဖြစ်တဲ့ SARS နဲ့ MERS ရောဂါတွေနဲ့ ဖြစ်တဲ့ပုံချင်းတူပါတယ်။
 
COVID-19 ကို လူတိုင်းမှာ မစမ်းသပ်နိုင်တဲ့အခါကျတော့ ရောဂါလက္ခဏာတွေပြသသူတွေကို စမ်းသပ်ပြီး ခွဲထားတာ၊ ကုသပေးတာလုပ်တယ်။ ဒီမှာ အဓိက ပြဿနာကတော့ COVID-19 ဟာ အမြဲတမ်းလက္ခဏာပြသတာမဟုတ်ဘဲ တချို့လူတွေမှာ ရောဂါလက္ခဏာ လုံးဝမပြဘဲ တခြားသူတွေကို ကူးစက်နိုင်တာပါပဲ။ ရောဂါလက္ခဏာ မပြဘူးဆိုပြီး quarantine မလုပ်ရတဲ့အခါ သူကနေ တခြားသူတွေဆီကို ဆက်ပြီးကူးစက်နိုင်တယ်။
 
လေ့လာချက်တစ်ခုမှာ ဝူဟန်ပြည်နယ်က လာရောက်တဲ့ အမျိုးသမီးတစ်ဦးဟာ ဘာရောဂါလက္ခဏာမှမပြဘူး၊ ရင်ဘတ်ဓာတ်မှန် နဲ့ CT Scan မှာလည်း ဘာမှမပြဘူး။ သွေးအဖြေကလည်း အားလုံးပုံမှန်ပဲ။ ဒီအတွက်ကြောင့် သီးခြားခွဲမထားဘဲ လွှတ်ပေးလိုက်တယ်။ ဒါပေမယ့် အဲဒီအမျိုးသမီးကနေ နောက်ထပ်လူ ၅ယောက်ကို ရောဂါကူးစက်ခံရစေတယ်။ အဲဒီလူတွေအကုန်လုံးမှာတော့ ရောဂါလက္ခဏာတွေပြသတဲ့အတွက် ဆေးရုံတင်ကုသမှုတွေလုပ်ခဲ့ရတယ်။ နောက်ဆုံးမှာ ပထမဆုံးအမျိုးသမီးလည်း ဆေးရုံတက်ရပြီး ပိုးရှိမရှိ စမ်းသပ်တဲ့အခါ positive ထွက်တယ်။
 

၄။ အဖြေက အလုံးစုံ မတိကျဘူး။

နောက်ထပ်ပြဿနာတစ်ခုကတော့ COVID-19 ကို စစ်ဆေးတဲ့အခါ တချို့လူတွေမှာ မရှိဘူးဆိုတဲ့အဖြေထွက်တယ်။ ဒါပေမယ့် နောက်တစ်ကြိမ်ပြန်စစ်ရင်ကျတော့ ရှိတယ်ဆိုတဲ့အဖြေထွက်တယ်။ စစ်ဆေးတဲ့ကိရိယာရဲ့ အရည်အသွေး၊ နမူနာယူတဲ့ပုံစံ အစရှိတာတွေအပေါ်မူတည်ပြီး false negative တွေဖြစ်နေနိုင်တယ်။
 

၅။ ကာကွယ်ဆေးက ဝေးနေသေးတယ်။

ဆေးထုတ်လုပ်တဲ့ နာမည်ကြီးကုမ္ပဏီတွေဟာ COVID-19 ကာကွယ်ဆေးထုတ်ဖို့အတွက် အသည်းအသန်ကြိုးစားနေကြတယ်။ ဒါပေမယ့် အနီးစပ်ဆုံးဖြစ်နိုင်ခြေက မေလပဲ။ ဒါက အကောင်းမြင်လွန်းထားတာဖြစ်ပြီး ကာကွယ်ဆေးထုတ်လုပ်ဖို့ စမ်းသပ်မှုတွေဟာ နှစ်နဲ့ချီကြာမြင့်နိုင်တယ်။
အများစုမှာ ဖြစ်တဲ့ရောဂါလက္ခဏာတွေဟာ မပြင်းထန်ဘဲ သူ့ဘာသာ အလိုလိုပျောက်ကင်းသက်သာသွားနိုင်တယ်။ ဒါပေမယ့် COVID-19 ကူးစက်ခံရသူတွေကို ကုသဖို့အတွက် တိကျတဲ့ ကုသမှုတွေမရှိဘူး။ ကိုယ်ခံအားကြောင့်ဖြစ်တာကို စတီးရွိုက်နဲ့ အသက်ရှူလမ်းကြောင်း ကျယ်စေတဲ့ဆေးဝါးတွေ ပေါင်းစပ်ကုသတာမျိုးရှိပေမယ့် လူတိုင်းမှာ အကောင်းဆုံးရလဒ်တွေမရနိုင်ဘူး။
 

(ခ) အသေအပျောက်က ဘယ်အချက်တွေပေါ်မှာ မူတည်နေလဲ။

COVID-19 ကူးစက်မှုနဲ့ သေဆုံးမှုတွေကို ခွဲခြမ်းစိတ်ဖြာတဲ့အခါ အသက်အရွယ်နဲ့ နဂိုရောဂါအခံတွေက သေဆုံးမှုအဓိက အကြောင်းရင်းတွေဖြစ်နေတယ်။ ဗိုင်းရပ်စ် ကူးစက်ခံရပြီး သေဆုံးသူတွေရဲ့ ၆၃ ရာခိုင်နှုန်းဟာ နဂိုရောဂါအခံရှိတဲ့ သူတွေ ဖြစ်နေတယ်။ အထူးသဖြင့် နှလုံးရောဂါအခံ ရှိသူတွေဟာ သေဆုံးနိုင်ခြေအမြင့်ဆုံးပဲ။ အသက်အရွယ်အားဖြင့်ဆိုရင် ၅၁နှစ်နဲ့ ၇၀ ကြားဟာ သေဆုံးမှုအမြင့်ဆုံးပဲ။
ဒီလေ့လာချက်အရဆိုရင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြီး သေဆုံးနိုင်ခြေက အသက်အရွယ်၊ နဂိုရောဂါအခံ ရှိမရှိ၊ တခြားရောဂါပိုး ကူးစက်မှုတွေ ရှိမရှိနဲ့ သွေးထဲမှာ ရောင်ရမ်းစေတဲ့ဓာတ်တွေ မြင့်တက်နေမှု ရှိမရှိ ဆိုတာတွေအပေါ်မှာမူတည်တယ်။
 
အသက်အရွယ်ကြီးရင့်သူတွေ၊ နဂိုရောဂါအခံရှိသူတွေ၊ တခြားရောဂါပိုးကူးစက်မှု ရှိသူတွေနဲ့ သွေးထဲမှာရောင်ရမ်းစေတဲ့ ဓာတ်တွေ မြင့်တက်နေသူတွေဟာ သေဆုံးနိုင်ခြေရှိတယ်။
ကလေးတွေဟာ ရောဂါပိုးကြောင့် သေဆုံးမှုမရှိသလောက်ပဲ။
 

(ဂ) မြန်မာနိုင်ငံမှာ ဘာတွေဆက်ဖြစ်လာနိုင်မလဲ။

ပထမဆုံး မေးခွန်းကတော့ ရှိတာလား မရှိဘူးလားဆိုတာပဲ။ ဒီမေးခွန်းက ဒေါ်လာ သန်းချီတန်တဲ့ မေးခွန်းမျိုးပဲ။ ဖြစ်နိုင်ခြေက နှစ်မျိုးပဲရှိတယ်။ ဒါပေမယ့် ဘယ်သူမှ သေသေချာချာမသိနိုင်ဘူး။

၁။ မြန်မာနိုင်ငံကို လုံးဝမရောက်လာသေးတာ။

၂။ မြန်မာနိုင်ငံကို ရောက်နေတယ်။ ကူးစက်နေတယ်။ ဒါပေမယ့် မသိကြတာ။
 
အပေါ်မှာ ပြောထားတဲ့အချက်အလက်တွေအရ ဆိုရင်တော့ လုံးဝရောက်မလာသေးတာက ဖြစ်နိုင်ခြေအရမ်းနည်းပြီးတော့ ဖြစ်နေတယ် ကူးစက်နေတယ် ဒါပေမယ့် မသိကြဘူးဆိုတာက ပိုဖြစ်နိုင်တယ်။
 
အီတလီ၊ တောင်ကိုရီးယားနဲ့ အီရန်နိုင်ငံတွေမှာ သူများနိုင်ငံတွေထက် ရောဂါပိုးရောက်ရှိတာ နောက်ကျပေမယ့် ဖြစ်ပွားမှုနှုန်းနဲ့ သေဆုံးမှုနှုန်း အရမ်းမြင့်တက်နေတယ်။ ဒီလိုပုံစံမျိုး မြန်မာနိုင်ငံမှာလည်း ဖြစ်လာနိုင်ခြေရှိတယ်။
 

(ဃ) ဘာတွေကာကွယ်ရမလဲ။

ဒီအချိန်ဟာ ကောလာဟလစကားတွေနဲ့ မြန်မာနိုင်ငံက လူတွေရောဂါပိုးပြီးနေတယ်၊ မကူးစက်နိုင်ဘူး၊ ရာသီဥတုကြောင့် မကူးစက်တာ အစရှိတဲ့ အခြေအမြစ်မရှိတဲ့စကားတွေကို နားယောင်နေဖို့အချိန်မဟုတ်ဘူး။ ဖြစ်နေတယ်၊ ဖြစ်လာနိုင်ခြေရှိတယ်၊ ကာကွယ်ဖို့ကို လုပ်ရမယ့်အချိန်ပါ။ COVID-19 ကို ကာကွယ်ဖို့အတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကနေ နည်းလမ်းတွေပေးထားတယ်။
 
လက်ကို ဆပ်ပြာ ဒါမှမဟုတ် အရက်ပျံပါတဲ့ သန့်စင်ဆေးနဲ့ မကြာခဏဆေးပါ၊ စနစ်တကျဆေးပါ။ လက်မှာကပ်ညိနေတဲ့ဗိုင်းရပ်စ်ပိုးတွေကို ဖယ်ရှားပေးပါလိမ့်မယ်။
 
၂။ လူတွေနဲ့ ဝေးဝေးနေပါ။
ချောင်းဆိုး နှာချေနေတဲ့သူနဲ့ အနည်းဆုံး သုံးပေအကွာ ခွာနေပါ။ လူစုလူဝေးနဲ့ လုပ်ရတဲ့အလုပ်တွေကိုရှောင်ပါ။
 
၃။ MEN ကို မထိပါနဲ့။
Mouth ပါးစပ်၊ Eyes မျက်စိနဲ့ Nose နှာခေါင်းတွေကို ကိုင်တွယ်တာ ပွတ်သပ်တာမလုပ်ပါနဲ့။ လက်က ရောဂါပိုးတွေ ခန္ဓာကိုယ်ထဲ တိုက်ရိုက်ဝင်သွားပါလိမ့်မယ်။
 
၄။ ချောင်းဆိုးနှာချေတဲ့အခါ တံတောင်ဆစ်ကို အသုံးပြုပါ။
လက်နဲ့အုပ်ပြီး ချောင်းဆိုးနှာချေတာက အဲဒီလက်နဲ့ တခြားနေရာတွေကို လိုက်ကိုင်တွယ်မိရင် တခြားသူတွေကို ဆက်ကူးစက်သွားနိုင်တယ်။ အဲဒါကြောင့် တစ်သျှူးအလွယ်တကူမရှိချိန်မှာ ချောင်းဆိုးနှာချေတဲ့အခါ တံတောင်ဆစ်ကို အသုံးပြုပါ။
 
၅။ ရောဂါလက္ခဏာတွေရှိနေရင် ဆေးကုသမှုခံယူပါ။
ငါ့များခွဲထားမလားဆိုတာကို မကြောက်ပါနဲ့။ ရောဂါပိုးကူးစက်ခံရတယ်ဆိုရင်တောင် အများစုက ဆေးကုသမှုတွေနဲ့ ပျောက်ကင်းပါတယ်။ ကိုယ့်ဆီမှာ အဖျားရှိတယ်၊ ချောင်းဆိုးတယ်၊ အသက်ရှူရခက်တယ်ဆိုရင် ချက်ခြင်း ကုသမှု ခံယူပါ။
 
ဗိုင်းရပ်စ်ကူးစက်မှု အားလုံးလိုလိုက လက်ကနေတဆင့်ကူးစက်တာဖြစ်လို့ မဖြစ်မနေ mask တပ်စရာမလိုပါဘူး။ ကိုယ်က ချောင်းဆိုးနှာစေးပြီး ဖျားနေတဲ့သူဆိုရင်၊ ဖျားနာသူတွေကို ကုသမှုပေးနေရသူ စောင့်ရှောက်နေရသူဆိုရင်၊ လူထူထပ်တဲ့နေရာတွေမှာ အလုပ်လုပ်နေရသူဆိုရင်၊ အများပြည်သူ သယ်ယူပို့ဆောင်ရေး အလုပ်လုပ်နေရသူဆိုရင် တပ်တာကောင်းပါတယ်။ ကျန်တဲ့သူတွေမလိုပါဘူး။ လက်ဆေးတာက ပိုအဓိက ကျပါတယ်။
 
ကိုရိုနာဗိုင်းရပ်စ်ပိုးနဲ့ပတ်သက်လို့ နိုင်ငံတိုင်းက အရေးပေါ်အခြေအနေသဘောထားပြီး စမ်းသပ်ရှာဖွေနေကြတယ်။ ရောဂါပိုးရဲ့ အခြေအနေ၊ ကုသမှုနဲ့ နောက်ဆုံးသတင်းတွေကို မျက်ခြေမပြတ်ဘူးဆိုရင် ကိုယ့်ကိုကိုယ် ကာကွယ်ဖို့ အသုံးဝင်ပါတယ်။
Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။
COVID-19 Outbreak updates
Country: Myanmar
Data

117,946

Confirmed

97,819

Recovered

2,484

Death
Distribution Map

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy
ရင်းမြစ်များ

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ကိုဗစ်ကပ်ဘေးကြောင့် ပိုကြီးမားလာတဲ့ နောက်ထပ်ကပ်ဘေးတစ်ခု

ကိုဗစ်ကာလမှာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားရမှုတွေကို အသက် ၁၈ နှစ်နဲ့ ၂၄ နှစ်အကြားလူငယ်တွေ ပိုပြီး ခံစားကြရတယ်လို့ လေ့လာချက်တွေက ဖော်ထုတ်လာကြပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

COVID ပိုးအသစ်နဲ့ နယူးရီးယားကြောင့် တတိယလှိုင်းဖြစ်လာနိုင်သလား

ရောဂါပိုးမျိုးစိတ်သစ်ထွက်ပေါ်လာချိန်ဟာ ပျော်ပွဲရွှင်ပွဲတွေ ကျင်းပရာ ဒီဇင်ဘာလဖြစ်နေခဲ့တာမို့ နိုင်ငံတကာမှာတော့ ထိန်းချုပ်ရခက်ခဲနေခဲ့ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

COVID-19 ကာကွယ်ဆေးတွေက မျိုးစိတ်သစ်တွေကိုရော ကာကွယ်ပေးမှာလား

လက်ရှိထိုးနှံနေတဲ့ ကာကွယ်ဆေးတွေကြောင့်ဖြစ်တာလား? ကာကွယ်ဆေးတွေက ဒီမျိုးစိတ်ကို တွန်းလှန်နိုင်ပါ့မလားဆိုတဲ့ မေးခွန်းတွေလည်း ပေါ်ထွက်လာပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

ဘယ် ကိုဗစ်ကာကွယ်ဆေးက အစွမ်းအထက်ဆုံးလဲ

အသုံးပြုလို့ရနေပြီဖြစ်တဲ့ဆေးဝါးတွေရော ဈေးကွက်ထဲကိုဝင်ဖို့ရှိနေတဲ့ ဆေးဝါးတွေမှာပါ ကာကွယ်နိုင်စွမ်းနဲ့ စိတ်ချရမှုအပိုင်း ကွာခြားချက်အနည်းငယ်စီရှိနေပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

သင့်အတွက် ရွေးချယ်ထားသည်

how to prevent covid when you have to be in a crowd

လူစုလူဝေးအကြားမှာ ကိုဗစ်အန္တရာယ် ကင်းကင်းနဲ့ နေနိုင်ဖို့ဆိုရင်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 8, 2021 . 2 mins read
Covishield ကာကွယ်ဆေး နဲ့ အရက် သောက်သုံးခြင်း

Covishield ကာကွယ်ဆေး နဲ့ အရက် သောက်သုံးခြင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 5, 2021 . 2 mins read
Zoom Fatigue သို့ Video Call ကြောင့် ဖြစ်လာတဲ့ ဖြစ်လာတဲ့ ကျန်းမာရေးထိခိုက်မှု

Zoom Fatigue သို့ Video Call ကြောင့် ဖြစ်လာတဲ့ ဖြစ်လာတဲ့ ကျန်းမာရေးထိခိုက်မှု

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 27, 2021 . 2 mins read
အဖြစ်များတဲ့ အသက်ရှူလမ်းကြောင်း ပိုးဝင်ခြင်းများ

အဖြစ်များတဲ့ အသက်ရှူလမ်းကြောင်း ပိုးဝင်ခြင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 14, 2021 . 3 mins read