COVID-19 ကို ကုသနိုင်တော့မလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 11, 2020 . 3 mins read
Share now

တရုတ်နိုင်ငံ ဝူဟန်မြို့မှာ စတင်ခဲ့တဲ့ COVID-19 ပြင်းထန်အဆုတ်ရောင်ရောဂါဟာ တစ်ကမ္ဘာတစ်ဝှမ်းမှာ ပျံ့နှံ့နေတာ ၃ လ ကျော်နီးပါး ရှိနေပြီဖြစ်ပါတယ်။ လက်ရှိအချိန်အထိ ရောဂါပိုးကူးစက်ခံရသူပေါင်း ၁၈၂၅၅၀ အထိရှိနေပြီး ရောဂါကြောင့် အသက်ဆုံးရှုံးရသူအရေအတွက်ဟာလည်း ၇၁၆၄ ဦးဖြစ် ပါတယ်။

တစ်ဖက်မှာလည်း ရောဂါဆိုးကူးစက်ခံခဲ့ရပေမယ့် ပြန်လည်သက်သာလာတဲ့ လူနာအရေအတွက်ကလည်း ၇၉၈၈၁ ဦးအထိ ရှိလာနေပါပြီ။ ရောဂါဆိုးကို တိုက်ထုတ်နိုင်သူအရေအတွက် တိုးပွားလာနေပေမယ့် ဒီရောဂါကို ရည်ရွယ်ပြီးကုသနိုင်တဲ့ ဆေးဝါးမျိုး ခုချိန်ထိ အတည်တကျထုတ်လုပ်နိုင်ခြင်းမရှိသေးသလို ကာကွယ်နိုင်တဲ့ ကာကွယ်ဆေးတွေလည်း ထုတ်လုပ်နိုင်သေးခြင်းမရှိပါဘူး။

ဒါကြောင့် လက်ရှိမှာ ရောဂါကူးစက်ခြင်းမခံရသေးသူတွေအနေနဲ့ တစ်ကိုယ်ရေသန့်ရှင်းရေးနည်းလမ်းတွေ၊ ကိုယ်ခံအားကောင်းမွန်အောင် ကြိုတင်ပြင်ဆင်ကာ ကိုယ်တွင်းခုခံအားစနစ်ကို မြှင်တင်တာတွေပြုလုပ်ပြီး ရောဂါကူးစက်မခံရအောင် ကာကွယ်နေကြပါတယ်။

ခုချိန်ထိ လူတိုင်း စိတ်ဝင်စားနေတဲ့ မေးခွန်းကလည်း ဘယ်အချိန်မှာ ကာကွယ်ဆေး၊ ကုသဆေး ပေါ်ပေါက်လာမှာလဲ ဆိုတာပါပဲ။ ခုချိန်မှာ COVID-19 ရောဂါကို တားဆီးနိုင်မယ့် ဆေးဝါးထုတ်လုပ်ရေးကို နိုင်ငံတကာမှာ အင်တိုက် အားတိုက် ကြိုးပမ်းနေကြပါတယ်။

ဘယ်သူတွေ ဘယ်လောက်နီးစပ်နေကြပြီလဲ။ ဘယ်အချိန်မှာ ဆေးဝါးစတင်ပေါ်လာတော့မလဲ လေ့လာကြည့်ရအောင်။

ကုထုံးပေါ်ပြီလား

  • အီလွန် မာ့စ်ခ်ပြောတဲ့ မျှော်လင့်ချက် – SpaceX ရဲ့ ခေါင်းကိုင်ဖခင်ကြီး အီလွန် မာ့စ်ခ်ကတော့ ဒီရောဂါကို ကုသနိုင်ဖို့ နီးစပ်နေပြီလို့ သတင်းအစအန စပေးလိုက်ပါတယ်။ မာ့စ်ခ်က သူ့ရဲ့ Twitter ကနေတဆင့် သူ့ကုမ္ပဏီက COVID-19 တိုက်ဖျက်ရေးအတွက် ကြိုးပမ်းနေတဲ့အကြောင်း သတင်းပေးခဲ့သလို ငှက်ဖျားရောဂါကို ကုသရာမှာ အသုံးပြုတဲ့ Chloroquine ဟာ ပြင်းထန်အဆုတ်ရောင်ရောဂါကို တိုက်ဖျက်နိုင်ခြေ အတော်များများရှိကြောင်းလည်း ပြောဆိုခဲ့ပါတယ်။ မာ့စ်ခ်ပိုင်ဆိုင်တဲ့ သုတေသနဌာနတွေဟာ Stanford University School of Medicine နဲ့ ပူးပေါင်းပြီး ကာကွယ်ဆေးရှာဖွေရေးလုပ်ငန်း လုပ်ဆောင်နေပါတယ်။
  • အနီးစပ်ဆုံးမျှော်လင့်ချက် သြစတြေးလျ – သြစတေးလျနိုင်ငံ၊ Royal Brisbane အမျိုးသမီးဆေးရုံက ကုထုံး ၂ မျိုးဖန်တီးထားပြီးဖြစ်ကြောင်း ကြေညာထားပါတယ်။ အဆိုပါ ကုထုံး ၂ မျိုးလုံးကို ရောဂါကူးစက်ခံထားရတဲ့ လူနာတွေနဲ့ စတင်စမ်းသပ်တော့မှာဖြစ်ပြီး ဒါဟာ လက်ရှိအချိန်အထိ အနီးစပ်ဆုံး အောင်မြင်မှုဖြစ်နေပါတယ်။ အဆိုပါ ဆေးဝါးသစ် ၂ မျိုးလုံးဟာ ဓာတ်ခွဲခန်းစမ်းသပ်မှုတွေမှာ အောင်မြင်မှုရရှိထားပြီးဖြစ်တာမို့ လူနာတွေနဲ့ စမ်းသပ်ရာမှာလည်း အောင်မြင်နိုင်ခြေမြင့်မားနေတယ်လို့ သုတေသနအဖွဲ့ ခေါင်းဆောင် ပရော်ဖက်ဆာ ဒေးဗစ် ပတ်တာဆန်က ဆိုထားပါတယ်။ ဒီဆေးဝါးတွေနဲ့ စမ်းသပ်ကုသခွင့်ရဖို့ သြစတြေးလျတစ်ခွင်က ဆေးရုံ ၅၀ လောက်က ကမ်းလှမ်းနေကြပါတယ်။
  • ပြင်သစ်နဲ့ အမေရိကန်တွေဆီက Kevzara – ပြင်သစ်ဆေးဝါးကုမ္ပဏီ Sanofi နဲ့ အမေရိကန် ဆေးဝါးကုမ္ပဏီ Regeneron Pharmaceuticals တို့ကလည်း ပူးပေါင်းပြီး ဆေးသစ်တစ်မျိုးဖန်တီးထားပါတယ်။ အဆိုပါဆေးကို Kevzara လို့ ခေါ်ဆိုပြီး တနင်္လာနေ့တုန်းက စမ်းသပ်မှုတွေ စပိန်က လူနာ ၄၀၀ ထံမှာ စတင်နေပြီဖြစ်ပါတယ်။ ဒီဆေးဝါးသစ်ဟာ HIV နဲ့ ငှက်ဖျားရောဂါကို နှိမ်နင်းနိုင်တဲ့ ဆေးဝါး ၂ မျိုးကို ပေါင်းစပ်ဖန်တီးထားတာဖြစ်ပြီးတော့ ရောဂါပျံ့နှံ့မှုကို တားဆီးနိုင်ဖို့ မျှော်လင့်ချက်ထားရှိနေကြပါတယ်။
  • ဒေါ်နယ် ထရမ့်ပ်ရဲ့ ကြိုးပမ်းမှု – အမေရိကန်ပြည်ထောင်စု သမ္မတ ဒေါ်နယ် ထရမ့်ပ်ကလည်း ဂျာမန်အခြေစိုက် ဆေးဝါးကုမ္ပဏီတစ်ခုကို ဝယ်ယူဖို့ ကြိုးပမ်းနေတယ်လို့ ဂျာမနီ ကျန်းမာရေးဝန်ကြီးဌာနက အတည်ပြုထားပါတယ်။ ထရမ့်ပ်ဟာ ဂျာမန် ဇီဝဆေးဝါးကုမ္ပဏီ CureVac ကို ဝယ်ယူဖို့ ကြိုးပမ်းနေတာဖြစ်ပြီးတော့ အဆိုပါကုမ္ပဏီဟာ COVID-19 ရောဂါကုသနိုင်တဲ့ ဆေးဝါးမျိုးဖန်တီးနိုင်မယ်လို့ သမ္မတဖြစ်သူက ယုံကြည်နေပါတယ်။ ဒါပေမယ့် ဆေးဝါးတကယ် ထုတ်လုပ်လာနိုင်ရင် အမေရိကန်တစ်နိုင်ငံတည်းအတွက် အသုံးပြုဖို့ ထရမ့်ပ်က ရည်ရွယ်ထားတာမို့ အငြင်းပွားစရာဖြစ်နေဆဲပါ။

ဘယ်အချိန်မှာ ကုထုံးပေါ်မှာလဲ

မူလတုန်းကတော့ COVID-19 ကို ကုသနိုင်တဲ့ ဆေးဝါးမျိုးတွေ နှစ်ကုန်လောက်မှသာ ပေါ်ထွက်နိုင်မယ်လို့ ခန့်မှန်းမှုတွေ ရှိခဲ့ပါတယ်။ တိကျရေရာတဲ့ အဖြေတွေ ထွက်ပေါ်လာခြင်းမရှိသေးပေမယ့် ခုချိန်မှာတော့ မူလခန့်မှန်းထားတာထက် ပိုပြီးစောနိုင်တယ်ဆိုတဲ့ မျှော်လင့်ချက်တွေ ရှိလာနေပြီဖြစ်ပါတယ်။

တရုတ်၊ အမေရိကန်ပြည်ထောင်စု၊ ဂျာမနီနဲ့ သြစတြေးလျတို့တွေမှာ ကုထုံးသစ်တွေဖန်တီးနေပြီးတော့ အောင်မြင်နိုင်ဖို့လည်း ပိုမိုနီးစပ်လာနေပါပြီ။ နိုင်ငံအများစုဟာ ငှက်ဖျားရောဂါကို ကုသနိုင်တဲ့ ဆေးဝါးတွေဟာ COVID-19 ကိုလည်း တိုက်ဖျက်နိုင်တယ်ဆိုတဲ့ သီအိုရီကို လက်ခံကာ စမ်းသပ်နေကြသလို HIV ရောဂါကို ကုသပေးတဲ့ ဆေးဝါးတွေကို ပေါင်းစပ်ပြီးတော့လည်း စမ်းသပ်မှုတွေပြုလုပ်နေကြပါတယ်။

COVID-19 က ကြောက်စရာပါ၊ ဒါပေမယ့်

ပြင်းထန်အဆုတ်ရောင် ရောဂါတစ်မျိုးဖြစ်တဲ့ COVID-19 ဟာ ပျံ့နှံ့မှုလျှင်မြန်တဲ့ ကူးစပ်ကပ်ရောဂါ တစ်မျိုးဖြစ်ပါတယ်။ ဒါပေမယ့် ဒီရောဂါဟာ လူသေနှုန်းအလွန်အကျွံ မြင့်မားမှုမရှိတာကို သတိထားဖို့ လိုအပ်ပါတယ်။ တစ်ကမ္ဘာလုံးအနေနဲ့ ကြည့်မယ်ဆိုရင် ရောဂါကူးစက်ခံရသူတွေရဲ့ သေဆုံးမှုနှုန်းဟာကျဆင်းလာနေပြီး ၃.၆% ကနေ ၃% အောက်ပမာဏအထိ ကျဆင်းလာခဲ့ပါတယ်။

ရောဂါကနေ ပြန်လည်သက်သာလာတဲ့ နှုန်းလည်း မြင့်တက်လာနေပြီး Closed Cases တွေရဲ့ ၉၂% လောက်ဟာ ရောဂါသက်သာသွားတာကြောင့်ဖြစ်တယ်လို့ တရားဝင်စာရင်းဇယားတွေအရ သိထားရပါတယ်။

ဒီရောဂါဟာ ကပ်ဘေးတစ်ခုဖြစ်နေပေမယ့် လုံလောက်တဲ့ ကာကွယ်မှုတွေ ကြိုတင်ပြုလုပ်ထားပြီး ကိုယ်တွင်းခုခံအားစနစ်ကို ကောင်းမွန်အောင် ပြင်ဆင်ထားရင် ရောဂါဘေးကနေ ကင်းလွန်နိုင်တယ်ဆိုတဲ့ အဓိပ္ပါယ်မျိုးဖြစ်ပါတယ်။

မြန်မာနိုင်ငံဟာ ခုချိန်ထိ COVID-19 ရောဂါကူးစက်ခံထားရသူ မတွေ့ရှိရသေးတဲ့ တိုင်းပြည်ဖြစ်ပါတယ်။ ဒါကြောင့် ကြိုတင်ကာကွယ်မှုတွေကို လုံလုံလောက်လောက်ပြုလုပ်ထားမယ်ဆိုရင် ရောဂါအန္တရာယ်နဲ့ ဆက်လက်ကင်းဝေးနေမှာဖြစ်ပါတယ်။

တစ်ဖက်မှာလည်း မကြာခင်မှာ ကာကွယ်နိုင်တဲ့ ကုသနိုင်တဲ့ ဆေးဝါးတွေ ပေါ်ထွက်လာဖို့လည်း လမ်းစတွေမြင်နေရပြီဖြစ်ပါတယ်။ ဆေးဝါးတွေ ပေါ်ထွက်လာချိန်မှာ ပိုပြီးစိတ်အေးချမ်းသာစွာနေထိုင်ခွင့် ရကြတော့မှာပါ။

COVID-19 Outbreak updates
Country: Myanmar
Data

117,946

Confirmed

97,819

Recovered

2,484

Death
Distribution Map

Hello Health Group သည် ဆေးပညာ အကြံပြုချက်များ ၊ ရောဂါရှာဖွေ အတည်ပြုချက်များ နှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ကာကွယ်ဆေးထိုးပြီးလို့ ဘေးထွက်ဆိုးကျိုး ခံစားရရင် နောက်တစ်ကြိမ်ထပ်ထိုးသင့်လား။

ကာကွယ်ဆေး ထိုးပြီးလို့ ဘေးထွက်ဆိုးကျိုး ခံစားရတယ်ဆိုရင် နောက်တစ်ကြိမ်ထိုးသင့်ရဲ့လား။ ဘေးထွက်ဆိုးကျိုးတွေကို ဘယ်လိုသက်သာအောင် လုပ်လို့ရသလဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

အပ်ကြောက် လို့ ကာကွယ်ဆေးမထိုးချင်ဘူးဆို ဒီနည်းလမ်းတွေ လုပ်ကြည့်ပါ။

အပ်ကြောက် တဲ့သူတွေ ကာကွယ်ဆေးထိုးမယ်ဆို ဘာတွေ ပြင်ဆင်ထားသင့်သလဲ။ ကာကွယ်ဆေးလည်း ထိုးချင်တယ်၊ အပ်လည်းကြောက်တယ်ဆိုရင် ဘယ်လိုလုပ်လို့ရနိုင်မလဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

ကိုဗစ်ကာကွယ်ဆေးနဲ့ ဓာတ်မတည့်ခြင်း ဆိုတာ

ဓာတ်မတည့်ခြင်း ဆိုတာဘာလဲ။ အန္တရာယ်ရှိလား။ ကိုဗစ်ကာကွယ်ဆေး ထိုးပြီးရင်ရော ဓာတ်မတည့်တာ ဖြစ်နိုင်သလား။ မဖြစ်အောင် ဘာတွေ ကြိုပြင်ဆင်ထားရမလဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

ကာကွယ်ဆေးနဲ့ ကာကွယ်လို့ရတဲ့ ရောဂါ (၁၀) မျိုး

ကာကွယ်ဆေးနဲ့ ကာကွယ်လို့ရတဲ့ ရောဂါ များ ကဘာတွေဖြစ်မလဲ။ ရောဂါတွေက ဘယ်လောက်ထိ ပြင်းထန်ပြီး ကာကွယ်ဆေးတွေက ဘယ်လောက်ထိ ကာကွယ်ပေးနိုင်မလဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

အရေပြား ဓာတ်မတည့်မှု

အရေပြား ဓာတ်မတည့်မှု

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 3, 2021 . 2 mins read
how to prevent covid when you have to be in a crowd

လူစုလူဝေးအကြားမှာ ကိုဗစ်အန္တရာယ် ကင်းကင်းနဲ့ နေနိုင်ဖို့ဆိုရင်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 8, 2021 . 2 mins read
သတိ ကိုဗစ် ရှိသေးသည်

သတိ ကိုဗစ်ရှိသေးသည်

ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 8, 2021 . 2 mins read
Covishield ကာကွယ်ဆေး နဲ့ အရက် သောက်သုံးခြင်း

Covishield ကာကွယ်ဆေး နဲ့ အရက် သောက်သုံးခြင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 5, 2021 . 2 mins read