အစွန်းချွတ်ဆေးက ကျန်းမာရေးကို လုံးဝ အကျိုးမပြုပါဘူး။ ခန္ဓာကိုယ်ကိုရော ကျန်းမာရေးကိုပါ ထိခိုက်စေနိုင်ပါတယ်။
Antibiotics က ကိုရိုနာဗိုင်းရပ်စ်ကို သေစေနိုင်တယ်
Antibiotics က ဘက်တီးရီးယားတွေကိုပဲ သေစေနိုင်တာပါ။ ဗိုင်းရပ်စတွေကို မသေစေနိုင်ပါဘူး။ COVID_19 က ဗိုင်းရပ်စ် အမျိုးအစားပါ။
အပူချိန်တိုင်းစက်က ကိုရိုနာဗိုင်းရပ်စ် ရှိ၊မရှိ စစ်ဆေးပေးနိုင်တယ်
အပူချိန်တိုင်းစက်တွေက အဖျားရှိ၊မရှိဘဲ စစ်ဆေးနိုင်တာပါ။ ကိုရိုနာဗိုင်းရပ်စ် ရှိ၊မရှိကို မစစ်ဆေးပေးနိုင်ပါဘူး။ အပူချိန်မြင့်တာက ကိုဗစ် ရောဂါပိုးရဲ့ လက္ခဏာတစ်ခုဖြစ်တာကြောင့် အပူချိန်တိုင်း စစ်ဆေးမှု လုပ်ဆောင်နေတာသာ ဖြစ်ပါတယ်။
ကြက်သွန်ဖြူက ကိုရိုနာဗိုင်းရပ်စ်ကို ကာကွယ်ပေးနိုင်တယ်
ကြက်သွန်ဖြူက ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်တဲ့ အာနိသင်ရှိပါတယ်။ COVID_19 ကဗိုင်းရပ်စ်ပါ။ ကြက်သွန်ဖြူက ကိုယ်ခံအား ကောင်းစေနိုင်ပေမယ့် ကိုရိုနာဗိုင်းရပ်စ်ကို မကာကွယ်ပေးနိုင်ပါဘူး။
တရုတ်ကလာတဲ့ အထုပ်တွေမှာ ကိုရိုနာဗိုင်းရပ်စ် တွေ ရှိနေနိုင်တယ်
ကိုရိုနာဗိုင်းရပ်စ်က အရာဝတ္ထုတွေ အပေါ်မှာ ရှင်သန်နိုင်တယ်ဆိုပေမယ့် တရုတ်ကနေ မြန်မာနိုင်ငံဆီ ပို့ဆောင်တဲ့ကာလအတွင်းမှာ ထိတွေ့မိတဲ့ အပူချိန်၊ အခြေအနေအရပ်ရပ်ကြောင့် လက်ခံရရှိချိန်မှာ ရှင်သန်နေနိုင်ခြေ နည်းနေပါပြီ။
အိမ်တွင်းကုထုံးတွေက COVID-19 ကို ကုသနိုင်တယ်
COVID-19 ကို ကုသနိုင်တဲ့ အိမ်တွင်း ကုထုံးမရှိသေးပါဘူး။ ကာကွယ်တဲ့နည်းလမ်းက အကောင်းဆုံးပါ။ လက်ကို မကြာခဏဆေးကြောပါ။ လူစုလူဝေးကို ရှောင်ကြဉ်ပါ။
တရုတ်ကလာတဲ့ မုန့်တွေစားရင် ကူးစက်နိုင်တယ်
မကူးနိုင်ပါဘူး။
ဆီးတွေ၊ ဝမ်းတွေကနေတဆင့် ရောဂါပိုး ကူးစက်ခံရနိုင်တယ်
ဒီအယူအဆက မမှန်ဘူး လို့ပဲပြောပါရစေ။ ကိုရိုနာဗိုင်းရပ်စ်ဟာ ဝမ်းမှာတော့ပါပါတယ်။ ဒါပေမယ့် အခုထိ အဲ့ကနေတဆင့်ကူးစက်တာတော့ မတွေ့ရသေးပါဘူး။
အပူချိန်ပြင်းရင် ရောဂါပိုးက သေသွားတယ်
အအေးမိ တုပ်ကွေးဖြစ်စေတဲ့ ဗိုင်းရပ်စ်တွေက ရာသီဥတုပူလာရင် သေသွားနိုင်ပေမယ့် COVID_19 ကတော့ အပူချိန်ကြောင့် သေဆုံးသွားနိုင်သလားဆိုတာကို လေ့လာနေဆဲပါ။
ကိုရိုနာဗိုင်းရပ်စ်က သေဆုံးနိုင်ခြေ အမြင့်ဆုံး ဗိုင်းရပ်စ်ပါ
ဒီရောဂါပိုးဟာ တုပ်ကွေးရောဂါပိုးတွေထက် ပြင်းထတ်တယ်ဆိုပေမယ့် သေဆုံးနိုင်ခြေ အမြင့်ဆုံးလို့ သတ်မှတ်ဖို့တော့ ခက်ပါတယ်။ အီဘိုလာဗိုင်းရပ်စ်က ကိုရိုနာဗိုင်းရပ်စ်ထက် သေဆုံးနိုင်ခြေ ပိုများပါတယ်။
တုပ်ကွေး ကာကွယ်ဆေးက COVID_19 ကို ကာကွယ်နိုင်တယ်
COVID_19 က အခြားဗိုင်းရပ်စ်တွေနဲ့ ကွာခြားပါတယ်။ အခုချိန်ထိ ကာကွယ်ဆေး မထုတ်နိုင်သေးပါဘူး။ တုပ်ကွေး ကာကွယ်ဆေးကလည်း ကိုဗစ်ဗိုင်းရပ်စ်ကို မကာကွယ်ပေးနိုင်ပါဘူး။
ဒီရောဂါ ဖြစ်ပွားမှုက လင်းနို့ စွပ်ပြုတ်စားရာကနေစတယ်
ဒီဗိုင်းရပ်စ်ဟာ တိရစ္ဆာန်တွေဆီကနေစလာတယ်လို့ သုတေသီတွေက လက်ခံယုံကြည်ထားကြပေမယ့် လင်းနို့စွပ်ပြုတ်ကနေ စလာတယ်ဆိုတဲ့ အထောက်အထား တစ်စုံတရာ မတွေ့ရှိရပါဘူး။
အရက်သောက်တာက ရောဂါကူးစက်ခံရနိုင်ခြေကို လျှော့ချပေးနိုင်တယ်
ဒါက လူအများကြားမှ ရေပန်းစားနေတဲ့ ပြောစကားတစ်ခုပါ။ တကယ်ကတော့ အယ်လ်ကိုဟော ၊ အရက်စတဲ့ သောက်စရာတွေက ရောဂါပိုးကို မတိုက်ဖျက်နိုင်ပါဘူး။
အစွန်းချွတ်ဆေး၊ ပိုးသတ်ဆေးထိုးရင် ကိုဗစ်ကို တိုက်ဖျက်ပေးနိုင်တယ်
အစွန်းချွတ်ဆေး၊ ပိုးသတ်ဆေးတွေကို သောက်တာ၊ ထိုးသွင်းတာတွေက ကိုယ်တွင်း ကဗိုင်းရပ်စ်ကို မဖယ်ရှားပေးနိုင်ပါဘူး။ အသက်အန္တရာယ်ထိခိုက်စေနိုင်တဲ့ လုပ်ရပ်တစ်ခုဖြစ်တာကြောင့် မလုပ်သင့်ပါဘူး။
Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။