ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရချိန်မှာတော့ ကိုယ်ခံအားစနစ်က ဘာအမှတ်အသားမှ မပြုတော့ဘဲ cytokines တွေကို အကြီးအကျယ်လွှတ်ပါတယ်။ ဥပမာ အဆုတ်ကို cytokines တွေလွှတ်တဲ့အခါ ရောဂါတိုက်ဖျက်ရေးတပ်သားတွက ရောဂါလား ဆဲလ်အကောင်းလား မခွဲနိုင်တော့ဘဲ မည်းမည်းမြင်ရာ တွယ်ကြတာကနေ ရောဂါပိုး ထိခိုက်တာကနည်းနည်း ဆဲလ်အကောင်းတွေထိခိုက်တာက များများဖြစ်ပြီး အဆုတ်က ပျက်စီးရပါတယ်။
ဒီလိုပုံစံမျိုးနဲ့ တခြားအင်္ဂါ အစိတ်အပိုင်းတွေဖြစ်တဲ့ အသည်း၊ ကျောက်ကပ်၊ နှလုံးနဲ့ သွေးကြောတွေလည်း ပျက်စီးရပါတယ်။
အသည်းဟာ ခန္ဓာကိုယ်မှာ အရေးအပါဆုံး အစိတ်အပိုင်းတစ်ခု ဖြစ်ပြီး သွေးကြောမကြီးတွေနဲ့ ဆက်သွယ်ထားတယ်။ ဒီတော့ ဗိုင်းရပ်စ်ပိုးလည်း အလွယ်တကူ ရောက်နိုင်တယ်။ အသည်းရဲ့ ဆဲလ်တွေကိုလည်း ဗိုင်းရပ်စ်က တိုက်ခိုက်ပြီး ပျက်စီးစေတယ် ဒါမှမဟုတ် ကိုယ်ခံအားစနစ်ရဲ့ တိုက်ခိုက်မှုကြောင့် ရောင်ရမ်းပျက်စီးစေတယ်။ အသည်းက ပုံမှန်ဆိုရင် ပျက်စီးမှုတွေကနေ အလွယ်တကူမြန်မြန်ပဲ ပြန်ကောင်းတတ်ပေမယ့် အများကြီး ထပ်ခါထပ်ခါ တိုက်ခိုက်ခံရမယ်ဆိုရင် ဆဲလ်အသစ်တွေ ပြန်ထွက်တာ အလျင်မမီနိုင်တော့ဘူး။ ဒီမှာတင် အသည်းလည်းစပြီး ပျက်စီးတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။