၁။ လူငယ်တော်တော်များများက ရောဂါအကြောင်းကို နားလည်တော့ သိပ်မကြောက်ကြဘူး၊ အပြင်ထွက်တယ်၊ ခရီးသွားတယ်၊ သူတို့ စိတ်ထဲမှာက “ငါတို့ ရောဂါကူးသွားရင်တောင် မသေနိုင်ဘူး၊ သေဖို့ အခွင့်အလမ်း အရမ်းနည်းတယ်” ဆိုပြီး တစ်ထစ်ချ ယုံကြည်ထားကြပါတယ်။ မမှန်တာတော့ မဟုတ်ပါဘူး၊ မှန်ပါတယ်။ ကိုယ်က မသေနိုင်ဘူးဆိုရင်တောင် ကိုယ်က ဒီရောဂါကို ကိုယ့်အိမ်အထိ သယ်လာပြီး ကိုယ့်အိမ်မှာ ရှိနေတဲ့ အသက်ကြီးပိုင်း မိဘ၊ ဆွေမျိုး၊ ဘိုးဘွားတွေကို ကူးစက်ပြီး သူတို့တွေက ဒုက္ခ လှလှ တွေ့ရမှာပါ။
၂။ လူကြီးအရွယ်တွေက ရောဂါနဲ့ ပတ်သက်ပြီး ဂဃနဏ မသိကြပါဘူး။ အဲ့တော့ သတင်းတွေထဲမှာ “ကပ်ရောဂါဟေ့၊ မြန်မာပြည်ထဲကို ဝင်လာပြီ” ဆိုပြီး နားစွန်နားဖျား ကြားမိတာနဲ့ အပြင်ကို အမြန်ထွက်ပြီး ဈေးသွားဝယ်ဖို့ ပြင်ကြတော့မှာပါ။ သားသမီးတွေက အတန်တန် မသွားဖို့ တားနေတဲ့ ကြားကတောင် မဖြစ်မနေ သွားကြမှာပါပဲ။ ဘာကြောင့်လဲဆိုတော့ ဟိုလပေါင်းများစွာကတည်းက ကြိုတင်ပြင်ဆင်ထားခြင်း မရှိတဲ့အခါ အိမ်မှာ စားနပ်ရိက္ခာ ပြတ်လပ်ရင် တစ်အိမ်လုံး ထမင်းငတ်ဖို့ပဲ ရှိတော့တာပေါ့။
၃။ ရောဂါပိုးသည် အရာဝတ္ထုတွေမှာ၊ နေရာတိုင်းမှာ၊ လူတိုင်းမှာ ရှိနေနိုင်ပါတယ်။ ဒီနေရာမှာတော့ ရောဂါပိုး မတွေ့သေးလို့ စိတ်ချရတယ်ဆိုတာ မရှိပါဘူး။ အပေါ်မှာ ပြောထားခဲ့တဲ့ အတိုင်းပါပဲ။ ရောဂါလက္ခဏာ စတင်ပြဖို့ ၂ ရက်မှ ၁၄ ရက်ထိ ကြာနိုင်တဲ့အတွက် ကိုယ့်ကိုယ်ကိုယ် ကျန်းမာနေတယ်ထင်ပြီး လျှောက်သွားမယ်၊ ကိုယ်သွားလိုက်တဲ့ နေရာတိုင်းမှာ ရှိတဲ့ လူတိုင်းမှာ ကိုယ့်ထဲမှာ ရှိနေတဲ့ ရောဂါတွေ ကူးနိုင်သလို ကိုယ့်မှာ ရောဂါပိုးမရှိရင်တောင် တခြားသူဆီက မထင်မှတ်ဘဲ ကူးစက်သွားနိုင်ပါတယ်။
အဲ့တော့ ဘာလုပ်ကြမလဲ။
လောလောဆယ် အခြေအနေအရ လုပ်လို့ ရနိုင်တာဆိုရင်
• အိမ်မှာပဲ နေပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။