backup og meta

တုပ်ကွေး ဖြစ်ရင် ပိုးသတ်ဆေးသောက်ဖို့ လိုမလား။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 15/01/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    တုပ်ကွေး ဖြစ်ရင် ပိုးသတ်ဆေးသောက်ဖို့ လိုမလား။

    တုပ်ကွေး ဆိုတာ ကူးစက်တတ်တဲ့ အသက်ရှူလမ်းကြောင်းရောဂါတစ်မျိုးဖြစ်ပြီး ဆောင်းဦးနဲ့ ဆောင်းတွင်းပိုင်းမှာ အဖြစ်များပါတယ်။ တုပ်ကွေးက တစ်ခါတလေ အလုပ်ပျက် ကျောင်းပျက် ဆေးရုံတက်ရ တဲ့အထိ ဆိုးတတ်ပါတယ်။ ဒါကြောင့် တုပ်ကွေး ဖြစ်ရင် ဘာလုပ်ကြမလဲ။ တုပ်ကွေး ဖြစ်ရင် ပိုးသတ်ဆေးသောက်ဖို့ လိုမလား။

    ပိုးသတ်ဆေးတွေက ဘာလုပ်ပေးသလဲ။

    ပိုးသတ်ဆေးဆိုတာ ဘက်တီးရီးယားတွေကို သတ်ပေးတဲ့ ဆေးတစ်မျိုးပါ။

     တုပ်ကွေးဆိုတာကရော ဘာလဲ။

    တုပ်ကွေး ဆိုတာကတော့ ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်တာပါ။ ချောင်းဆိုး နှာချေလို့ ထွက်လာတဲ့ အမှုန်အမွှားတွေ ကနေ ကူးတတ်ပါတယ်။ အမှုန်အမွှားတွေက တံခါး လက်ကိုင်မှာ၊ စားပွဲ မျက်နှာပြင်မှာ ကပ်နေတတ်ပြီး ဒီပစ္စည်းတွေကို ကိုင်မယ်။ ပြီးတော့ မျက်နှာတို့ ပါးစပ်တို့ နှာခေါင်းတို့ကို ကိုင်မယ်ဆိုရင်လည်း ကူးစက်တတ် ပါတယ်။

    ဒါကြောင့်လက်မကြာခဏဆေးဖို့ ပြောရတာပါ။

    တုပ်ကွေး ဖြစ်ပြီ ဆိုရင်

  • ဖျားမယ်
  • ချမ်းတုန်မယ်
  • ချောင်းဆိုးမယ်
  • နှာရည် ယိုမယ်
  • လည်ပင်း နာမယ်
  • ​ကိုယ်လက်တွေ ကိုက်မယ်
  • နုန်းမယ်
  • ခေါင်းကိုက် ပါမယ်
  • ဒီလောက်ဆိုရင် ဆိုတာ နည်းနည်းတော့ သဘောပေါက်လောက် ပါပြီ။

    တုပ်ကွေး ဖြစ်ရင် ပိုးသတ်ဆေးသောက်ဖို့ လိုမလား။

    ဗိုင်းရပ်စ်ကြောင့် ဖြစ်တဲ့ တုပ်ကွေးမှာ ဘက်တီးရီးယားတွေကို သေစေတဲ့ ပိုးသတ်ဆေးက အလုပ် မဖြစ်ပါဘူး။ ဒါကြောင့် ပိုးသတ်ဆေးတွေကို မသောက်သင့်ပါဘူး။ ဒါဆို မလိုဘဲ သောက်ရင်ဘာဖြစ်တတ်သလဲ။

    တစ်ခွန်းတည်း ပြောရရင် ဆေးယဉ်ပါး ဖြစ်တတ်ပါတယ်။ ဆိုလိုတာက သာမန် နှာစေးချောင်းဆိုး ဖြစ်တိုင်း ပိုးသတ်ဆေး သောက်နေမယ် ဆိုရင် ကြာလာရင် ဒီပိုးတွေက ဒီဆေးကို မတိုးပါဘူး။ ဒါဆို တကယ်တမ်း ရောဂါ အကြီးအကျယ် ဖြစ်လာတဲ့အခါ ကုရခက်လာပါတယ်။ ဒီဆေးယဉ်ပါးပိုး သူများတွေကို အဆင့်ဆင့် ကူးသွားမယ်ဆိုရင် ကုရာနတ္ထိ ဆေးမရှိ ဖြစ်သွားပါလိမ့်မယ်။

    နောက်တစ်ခုက မလိုအပ်ဘဲ ပိုးသတ်ဆေးရဲ့ ဘေးထွက်ဆိုးကျိုးတွေကို ခံစားရနိုင်ပါတယ်။ ဥပမာ ဝမ်းလျှောတာ၊ ပျို့တာ၊ နေထိုင်မကောင်းတာပါ။

    ဘယ်အခါမျိုးမှာ တုပ်ကွေးဖြစ်တဲ့သူတွေ ပိုးသတ်ဆေးသောက်ရမလဲ။

    တုပ်ကွေးရဲ့နောက်ဆက်တွဲတွေ ဖြစ်တဲ့ နားပြည်ယိုတာ၊ ထိပ်ကပ်နာနမိုးနီးယားတွေ ဖြစ်လာရင်တော့ ပိုးသတ်ဆေး သောက်ဖို့ မဖြစ်မနေလိုလာပါပြီ။ လိုအပ်ရင် ဆေးရုံ တက်ပြီး ကုသ ရပါမယ်။

     အိမ်တွင်းကုထုံးများ

  • အနားယူပါ။ တုပ်ကွေး ဖြစ်နေတဲ့ အချိန်အတွင်းမှာ ည စောစောအိပ်ပါ။ အိပ်ရေး ဝနေပါစေ။
  • ရေ များများသောက်ပါ။ ရေ အပြင် စွပ်ပြုတ်၊ လတ်ဆတ်တဲ့ သစ်သီး ဖျော်ရည်တွေ သောက်ပေးပါ။
  • အဖျား သက်သာပြီး အကိုက်အခဲ ပျောက်ဖို့ ဆေးဆိုင်မှာ အလွယ်တကူ ဝယ်လို့ ရတဲ့ ပါရာစီတမော၊ အိုင်ဗျူပရိုဖန် စတာတွေ သောက်နိုင်ပါတယ်။
  • တခြားလက္ခဏာတွေ ဖြစ်တဲ့ နှာစေးချောင်းဆိုးတာတွေအတွက်လည်း သင့်တော်ရာဆေးများ ‌သောက်နိုင်ပါတယ်။
  • ဗိုင်းရပ်စ် သတ်ဆေး(Antivirals)တွေ ရှိပေမယ့် ဆရာဝန် ညွှန်ကြားချက်နဲ့ သောက်တာ အကောင်းဆုံး ပါပဲ။
  • တုပ်ကွေး မဖြစ်တဲ့ နှစ်ဆိုတာ မရှိသေးပါဘူး။ အချုပ် ပြောရရင် တုပ်ကွေးဟာ ဗိုင်းရပ်စ်ကြောင့် ဖြစ်တဲ့အတွက် ပိုးသတ်ဆေးက အလုပ်မဖြစ်ပါဘူး။ Antivirals တွေ ကလည်း ဆရာဝန် ညွှန်ကြားချက်နဲ့ သောက်သင့်ပါတယ်။ နောက်ဆက်တွဲ ရောဂါတွေ ဖြစ်လာရင်တော့ ဆရာဝန်က ပိုးသတ်ဆေး ညွှန်ပါလိမ့်မယ်။ အများစု ကတော့ အိမ်တွင်းကုထုံးတွေနဲ့ သက်သာသွားကြ ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 15/01/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement