ဥပမာ ပြောရမယ်ဆိုရင် လူတွေ ထိတွေ့ကိုင်တွယ်မှု အများဆုံး မျက်နှာပေါ်က အစိတ်အပိုင်းကို ပြောပါဆိုရင် မျက်လုံး၊ နှာခေါင်းနဲ့ ပါးစပ်ပါပဲ။ ကိုယ့်ရဲ့ လက်ချောင်းတွေနဲ့ လက်သည်းတွေကြားမှာ အမြဲတမ်း ရောဂါပိုးပေါင်းစုံ ကပ်ငြိနေတတ်ပါတယ်။ ဒီလို မသန့်ရှင်းတဲ့ လက်တွေကို မဆေးကြောဘဲ မျက်နှာအစိတ်အပိုင်းတွေကို သွားထိရာကနေ ကိုယ်ခန္ဓာထဲ ဝင်လာပြီး ရောဂါပိုးတွေ ကူးစက်ခံရတာတော့ပေါ့။
အခု တစ်ကမ္ဘာလုံးမှာ ဖြစ်နေတဲ့ ကမ္ဘာ့ကပ်ရောဂါ (Pandemic) အဆင့်ရှိ ကိုရိုနာ ပြင်းထန် အဆုတ်ရောင်ရောဂါ (COVID-19) သည်လည်း အရာဝတ္ထုတွေပေါ်က ကပ်ငြိနေတဲ့ ဗိုင်းရပ်စ်ပိုးတွေ လက်နဲ့ ကပ်ပါလာရာမှ ပါးစပ်၊ မျက်လုံး၊ နှာခေါင်းကနေ ကိုယ်ခန္ဓာထဲ ဝင်ရောက်သွားပြီး ကူးစက်ခံရတာပဲ ဖြစ်ပါတယ်။ ဒါကြောင့် မျက်နှာကို လက်နဲ့ ရိုးရိုးထိတာ ဘာမှ ပြဿနာမရှိဘူးလို့ ထင်နေလို့တော့ မရတော့ပါဘူးနော်။
အဓိက ဒီအချက်တွေကို သိထားပြီး လိုက်နာပေးပါ။
၁။ အပြင်က လာတဲ့ ရောဂါပိုးမွှားတွေ ကိုယ်ခန္ဓာထဲ ဝင်ရောက်ခြင်းရဲ့ တရားခံသည် လက်ကနေ တစ်ဆင့် ဖြစ်ပါတယ်။ လက်က အရာဝတ္ထုပေါင်းစုံ ကိုင်နေရသလို၊ နေရာပေါင်းများစွာ သွားလာနေရတာ၊ လူပေါင်းများစွာနဲ့ ထိတွေ့ဆက်ဆံနေရတာ ဖြစ်တဲ့အတွက် လက်ချောင်း၊ လက်သည်းတွေ ကြားမှာ ရောဂါပိုး ပေါင်းစုံ ကပ်ငြိနေနိုင်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။