backup og meta

စျေးသက်သာပြီး သိုလှောင်သိမ်းဆည်းရလွယ်ကူတဲ့ အောက်ဖို့ဒ် ကိုဗစ်ကာကွယ်ဆေး

စျေးသက်သာပြီး သိုလှောင်သိမ်းဆည်းရလွယ်ကူတဲ့ အောက်ဖို့ဒ် ကိုဗစ်ကာကွယ်ဆေး

ကိုဗစ်ကာကွယ်ဆေးတွေ တစ်မျိုးပြီး တစ်မျိုး အောင်မြင်လာတာ ဝမ်းသာစရာသတင်းပါပဲ။ ဒီနိုဝင်ဘာလထဲမှာပဲ ကာကွယ်ဆေး သတင်းကောင်းတွေက ရက်ဆက်ဆိုသလို ကြားနေရတာပါ။ လအစမှာ Pfizerနဲ့  Modernaက ကာကွယ်ဆေးတွေ အောင်မြင်လုနီးပါး ဖြစ်နေပြီဆိုတာကို ကြေညာပြီး မရှေးမနှောင်းမှာပဲ အောက်ဖို့ဒ်ကလည်း သူ့ကာကွယ်ဆေးက ၉၀ရာခိုင်နှုန်းကျော် ထိရောက်တယ်ဆိုတာ နိုဝင်ဘာ ၂၃ရက်နေ့က ကြေညာခဲ့ပြန်ပါတယ်။

အောက်ဖို့ဒ်ရဲ့ ကိုဗစ်ကာကွယ်ဆေး

အောက်ဖို့ဒ်နဲ့ AstraZenecaတို့ ပူးပေါင်းပြီး ထုတ်လုပ်တဲ့ ကာကွယ်ဆေးက ခုဆိုရင် စမ်းသပ်ဆဲ အဆင့် ၃ကို အောင်မြင်သွားပြီလို့ ပြောလို့ရပါတယ်။ နည်းလမ်းနှစ်မျိုးနဲ့ စမ်းသပ်ပြီးတဲ့နောက်မှာ ပျမ်းမျှခြင်း ၇၀.၄ ရာခိုင်နှုန်း အောင်မြင်မှု ရှိတာကို တွေ့ရပါတယ်။

နည်းလမ်း နှစ်မျိုးမှာ ပထမနည်းလမ်းက ၉၀ရာခိုင်နှုန်း အောင်မြင်ပြီး ဒုတိယနည်းလမ်းက ၆၂ ရာခိုင်နှုန်း အောင်မြင်ပါတယ်။ နည်းလမ်း နှစ်ခုလုံးမှာ ကာကွယ်ဆေးကို နှစ်ခါထိုးပေးခဲ့ပါတယ်။

ပထမနည်းလမ်းမှာ ပမာဏတစ်ဝက်တစ်ခါ၊ ပမာဏ အပြည့် တစ်ခါ ထိုးပေးခဲ့ပါတယ်။ ဒါက ၉၀ရာခိုင်နှုန်း အောင်မြင်ပါတယ်။ နှစ်ခါလုံး ပမာဏအပြည့် ထိုးခဲ့တဲ့ ဒုတိယနည်းလမ်းကတော့ ၆၂ရာခိုင်နှုန်း ကာကွယ်နိုင်ပါတယ်။ ဒါကြောင့် တကယ်လက်တွေ့ ထိုးရမယ်ဆိုရင် ပထမနည်းလမ်းနဲ့ ထိုးပေးမှာပါ။

သူ့ကာကွယ်ဆေးက အအေးမိပိုးဖြစ်တဲ့ Adenovirusကို အားပျော့အောင် လုပ်ထားတာပဲ ဖြစ်ပါတယ်။ လူ့ခန္ဓာကိုယ်ထဲရောက်ရင် ဒုက္ခမပေးနိုင်အောင် မျိုးဗီဇပြောင်းလဲထားတာပဲ ဖြစ်ပါတယ်။

စမ်းသပ်မှုမှာ လူပေါင်း ၂၄ ၀၀၀ပါဝင်ပြီး ယူကေ၊ ဘရာဇီးနဲ့ တောင်အာဖရိကက လူမျိုးပေါင်းစုံပါဝင်ခဲ့ပါတယ်။ နှစ်ကုန်ပိုင်းမှာ ဆက်လုပ်မယ့် စမ်းသပ်မှုမှာဆိုရင် ယူအက်စ်၊ ကင်ညာ၊ ဂျပန်နဲ့ အိန္ဒိယက လူတွေနဲ့ဆိုရင် စုစုပေါင်း ၆၀၀၀၀လောက် ပါဝင်လာဦးမှာပါ။

ကာကွယ်ဆေးက အသက်ကြီးတဲ့သူတွေ အပါအဝင် အသက်အရွယ်စုံမှာ ခုခံအား ပဋိပစ္စည်း ကောင်းကောင်းထွက်တာကို တွေ့ရပါတယ်။ ကာကွယ်ဆေးထိုးတဲ့သူတွေထဲမှာ ပြင်းထန်တဲ့အခြေအနေ၊ ဆေးရုံတက်ရတဲ့ အခြေအနေမျိုးလည်း မရှိပါဘူး။

အောက်ဖို့ဒ် ကိုဗစ်ကာကွယ်ဆေးရဲ့ အားသာချက်

သူ့ရဲ့ အားသာချက်က

-ပမာဏတစ်ဝက်တစ်ခါ၊ ပမာဏ အပြည့်တစ်ခါ နှစ်ခါထိုးတဲ့ နည်းလမ်းမှာ ကူးစက်မှုကိုပါ လျှော့ချနိုင်တာ တွေ့ရပါတယ်။ ကာကွယ်ဆေးထိုးထားတဲ့သူတွေမှာ ပိုးဝင်ပြီး လက္ခဏာမပြတဲ့ အခြေအနေတောင် မဖြစ်ပါဘူး။ ဒါကို သေချာပြောဖို့ကတော့ ဒေတာတွေကို ထပ်စောင့်ရပါဦးမယ်။

သိုလှောင်တဲ့ အပူချိန်က ၂-၈ ဒီဂရီစင်တီဂရိတ်မှာ (အိမ်သုံးရေခဲသေတ္တာ) သိမ်းဆည်းထားနိုင်တာပဲ ဖြစ်ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံ အပါအဝင် နိုင်ငံတော်တော်များများကို သယ်ယူပို့ဆောင်တဲ့နေရာမှာ၊ သိုလှောင်သိမ်းဆည်းတဲ့နေရာမှာ အဆင်ပြေစေပါလိမ့်မယ်။

-အောက်ဖို့ဒ်ရဲ့ ကာကွယ်ဆေးက တကယ်သာ အောင်မြင်မယ်ဆိုရင် တတိယနိုင်ငံ (low- and midle-income countries)တွေကို ဖြန့်ဖြူးမယ့် ကာကွယ်ဆေးရဲ့ ၄၀ရာခိုင်နှုန်းအဖြစ်ပါဝင်လာမှာ ဖြစ်ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံအနေနဲ့ မျှော်လင့်ချက် ပိုများလာပါပြီ။

-စျေးနှုန်းကလည်း တစ်လုံးကို ၄ဒေါ်လာစွန်းစွန်းပဲ ကျမယ်လို့ ဆိုပါတယ်။

ကာကွယ်ဆေးတွေက တစ်နေ့ထက် တစ်နေ့ ပိုပိုပြီး အောင်မြင်လာတာကြောင့် ကိုဗစ်ကြီး ပြီးဖို့ဆိုတာ မဝေးတော့ပါဘူး။ ကာကွယ်ဆေးတွေ မရခင်အထိတော့ တစ်ကိုယ်ရည်ကာကွယ်နည်းတွေဖြစ်တဲ့ လက်ဆေးတာ၊ နှာခေါင်းစည်းတပ်တာ၊ လူစုလူဝေးရှောင်တာတွေ ကျင့်သုံးပြီး ကျန်းမာအောင်နေကြပါလို့ အကြံပြုချင်ပါတယ်။

[covid_19]

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.ox.ac.uk/news/2020-11-23-oxford-university-breakthrough-global-covid-19-vaccine

https://www.ovg.ox.ac.uk/news/oxford-university-breakthrough-on-global-covid-19-vaccine

https://www.theguardian.com/global-development/2020/nov/23/oxford-astrazeneca-results-covid-vaccine-developing-countries

ယခုပုံစံ

08/07/2022

Dr. Htet Htet Zaw Win မှ ရေးသားသည်။

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ပိုမိုကောင်းမွန်တဲ့ ရလဒ်နဲ့အတူ အောင်မြင်မှုလမ်းကြောင်းပေါ်ရောက်ရှိလာတဲ့ အမေရိကန်ရဲ့ ကိုဗစ်ကာကွယ်ဆေး

COVID-19 ကာကွယ်ဆေး တန်ကြေးက သေးပါ့မလား



Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 08/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement