ထောပတ်သီးကို ကမ္ဘာတလွှားမှာ နည်းမျိုးစုံနဲ့ စားသုံးကြပါတယ်။ ထောပတ်ပင်ဟာ မက္ကဆီကိုတောင်ပိုင်းမှာ အဓိကပေါက်ရောက်တဲ့ အပင်ဖြစ်ပါတယ်။ ပီရူးနိုင်ငံမှာလည်း ပြီးခဲ့တဲ့နှစ်ပေါင်း ရှစ်ထောင်လောက်ကတည်းက စိုက်ပျိုးခဲ့တယ်လို့ မှတ်တမ်းများအရ သိရပါတယ်။ မြန်မာပြည်မှာလည်း ဖျော်ရည်အနေနဲ့ နို့ဆီ၊ သကြားတွေနဲ့ရောပြီး စားသုံးကြပါတယ်။ ထောပတ်သီးမှာ ကယ်လိုရီနဲ့ အဆီဓာတ်များပါတယ်။ ဒါကြောင့် လူတချို့ကတော့ ထောပတ်သီးကို ရှောင်ကြပါတယ်။ ထောပတ်သီးဟာ အဆီဓာတ်များလို့ ကျန်းမာရေးအတွက် ကောင်းရဲ့လားဆိုတာလည်း စဉ်းစားစရာ ဖြစ်လာပါတယ်။