အအေးမိ၊ တုပ်ကွေးမဖြစ်အောင် ဘယ်လိုကာကွယ်နိုင်မလဲ။
ရောဂါဖြစ်စေတဲ့ ဗိုင်းရပ်စ်ပိုးမွှားတွေဟာ လေထဲကတစ်ဆင့် ကူးစက်နိုင်သလို၊ ဖျားနေသူရဲ့ အသုံးအဆောင်ပစ္စည်းတွေကို ကိုင်တွယ်ကြည့်ပြီး လက်သေချာမဆေးမိတဲ့အခါ ကူးစက်နိုင်ပါတယ်။ ဒါကြောင့် အပြင်ကနေပြန်လာတိုင်း လက်ကို ဆပ်ပြာနဲ့ သေချာ နှံ့စပ်စွာဆေးကြောပေးဖို့ လိုပါတယ်။ တစ်နှစ် တစ်ကြိမ် တုပ်ကွေးကာကွယ်ဆေး ထိုးထားရပါမယ်။ ဖျားနေတယ်လို့ သံသယရှိတဲ့ သူတွေနဲ့ ဝေးဝေးမှာ နေထိုင်ပါ။ ပိုးမွှားတွေဟာ အသက်ရှူလမ်းကြောင်းကနေတစ်ဆင့် ကူးစက်တာဖြစ်လို့ မျက်နှာ အထူးသဖြင့် နှာခေါင်းနဲ့ ပါးစပ်ကို မလိုအပ်ပဲ ကိုင်တွယ်တာ၊ ဆပ်ပြာနဲ့ လက်မဆေးပဲ ပွတ်သပ်တာမျိုး ရှောင်ကြဉ်သင့်ပါတယ်။
အအေးမိပြီဆိုရင် ဘာတွေလုပ်ပေးသင့်လဲ။
အရည်များများသောက်ပါ။ ကိုယ်ခံအားစနစ်ကို ပြန်လည်ကောင်းမွန်လာဖို့ တစ်နေ့တာ လိုအပ်တဲ့ အစာအာဟာရတွေကို ပြည့်ဝစွာ စားသုံးဖို့ လိုပါတယ်။ ကြက်စွပ်ပြုတ်ပူပူနွေးနွေး၊ ရေနွေးကြမ်းတွေဟာ ပိတ်နေတဲ့ နှာခေါင်းပေါက်ကို ပြန်ပွင့်စေပြီး လည်ချောင်းခြောက်သွေ့ယားယံတာကို သက်သာစေပါတယ်။ ဖျားပြီဆိုရင် လူများတဲ့နေရာတွေကို သွားမယ့်အစား အိမ်မှာပဲ နားနေပါ။ လုံလောက်စွာ အနားယူပေးဖို့လည်း လိုအပ်ပါတယ်။ရောဂါလက္ခဏာ ပိုဆိုးလာတာဖြစ်စေ၊ဝေဒနာ မသက်သာလာဘူးဆိုရင်တော့ ဆရာဝန်နဲ့ သွားရောက်ပြသပြီး ကုသမှုခံယူရပါမယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။