အလှကုန်ပစ္စည်းတွေဟာ အမျိုးသားရော အမျိုးသမီးတွေရဲ့နေ့စဉ်ဘဝမှာ တစ်စိတ်တစ်ဒေသအဖြစ်ပါဝင်လာနေပါတယ်။ လုပ်ငန်းလိုအပ်ချက်အရ ဖြစ်ဖြစ် ကိုယ်တိုင်က အလှအပကိုမြတ်နိုးလို့ဖြစ်ဖြစ် အလှပြင်ဆင်တာကို အမျိုးသားရော အမျိုးသမီးတွေပါလုပ်လာကြပါတယ်။ အမျိုးသားတွေအနေနဲ့လည်း အလှအပပြင်ဆင်တာကို စိတ်ဝင်စားမှုက ယခင်ကာလတွေကထက်ပိုများလာပါတယ်။ အမျိုးသမီးလေးတွေကတော့ပြောစရာတောင်မလိုလောက်ပါဘူး။ မိန်းကလေးတွေက ဗီဇအရအလှအပကိုမြတ်နိုးတတ်သူတွေလို့ဆိုရပါမယ်။ အမျိုးသမီးတွေဟာ ပျမ်းမျှအားဖြင့် တစ်နေ့ကို အလှအပထိန်းသိမ်းရေးပစ္စည်း ၁၂ ခုလောက်အသုံးပြုလေ့ရှိကြတယ်လို့Environmental Working Group (EWG) ရဲ့စစ်တမ်းကောက်ယူချက်အရသိရပါတယ်။