သဘာဝဆေးဖက်ဝင်ပစ္စည်းများ

တိုင်းရင်းဆေးပညာဆိုတာလည်း ဆေးပညာတစ်ခုပါပဲ။ တတ်ကျွမ်းနားလည်တဲ့သူရဲ့ ညွှန်ကြားချက်တွေနဲ့ဆိုရင် ကျွန်ုပ်တို့ရဲ့ ကျန်းမာရေးကို ကောင်းမွန်စွာ စောင့်ရှောက်နိုင်မှာပါ။ သိပ္ပံနည်းကျ အတည်ပြုထားတဲ့ သဘာဝဆေးဖက်ဝင်ပစ္စည်းတွေနဲ့ တိုင်းရင်းဆေးတွေအကြောင်းကို ဒီမှာလေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

သဘာဝဆေးဖက်ဝင်ပစ္စည်းများ

ပဲနံ့သာရွက် ဆေးဖက်ဝင်သလား!

ပဲနံ့သာစေ့အရွက်က ကျန်းမာရေးအတွက်ရော အလှအပအတွက်ပါ ထောက်ကူပေးပါတယ်။ ပဲနံ့သာရွက် ဆေးဖက်ဝင်သလား! ဘယ်လိုများ ဆေးဖက်ဝင်သလဲ ဆိုတာတွေကို အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။ ပဲနံ့သာရွက် ဆိုတာ ပဲနံ့သာရွက် ဆိုတာက ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစိမ်းရောင် ဟင်းသီးဟင်းရွက် တစ်မျိုးပါ။ ဆေးဖက်ဝင်တယ်လို့လည်း ပြောလို့ ရပါတယ်။ နှစ်ပေါင်းများစွာ ကာလတွေကတည်း ဆေးဖက်ဝင်တဲ့ အရာအဖြစ် သုံးစွဲခဲ့ကြပါတယ်။  နောက်ပိုင်းမှာတော့ ဆေးဖက်ဝင်မှုကြောင့် နေ့စဉ် ဟင်းလျာထဲမှာ ထည့်သွင်း ချက်ပြုတ်မှုတွေကို လုပ်ဆောင်လာကြပါတယ်။ ပဲနံ့သာရွက်ကို ထောပတ် နည်းနည်းလေးနဲ့ ကြော်စားတာမျိုး ရှိသလို အခြားသော အသီးအနှံတွေနဲ့ တွဲဖက်ကြော်စားတာမျိုးတွေကိုလည်း လုပ်ဆောင်လာဲကြပါတယ်။ အရသာက ခါးသက်သက် ရှိပြီး ထမင်းလေးနဲ့ တွဲဖက်စားဖို့ သင့်တော်ပါတယ်။  အရွက်က ခပ်ထူထူလေးနဲ့ အရွက်ဆိုင် ထွက်တတ်ပါတယ်။ အရိုးတံ မာမာလေး ရှိပါတယ်။ အပွင့် ဝါဝါလေးတွေ […]

သဘာဝဆေးဖက်ဝင်ပစ္စည်းများ ကဏ္ဍများကို ပိုမို သိရှိလိုသည်

သဘာဝဆေးဖက်ဝင်

သဘာဝဆေးဖက်ဝင်ပစ္စည်းများ ကို ရှာဖွေမည်။

သဘာဝဆေးဖက်ဝင်

Tamarind (မန်ကျည်းသီး)

Tamarind (မန်ကျည်းသီး) က ကျန်းမာရေးကို ဘယ်လိုတွေများ ထောက်ကူပေးလဲ ဆိုတာကို ကိုယ်တိုင် လေ့လာလိုက်ပါ။ Tamarind (မန်ကျည်းသီး) က ကျန်းမာရေးအပေါ်ဘယ်လိုသက်ရောက်သလဲ Tamarind (မန်ကျည်းသီး) က အပူပိုင်းဒေသမှာပေါက်ရောက်တဲ့ အသီးတစ်မျိုးပါ။ မန်ကျည်းသီးကိုကမ္ဘာတလွှားက ဟင်းပွဲတွေမှာ အသုံးပြုကြသလို မန်ကျည်းသီးမှာဆေးဖက်ဝင်တဲ့ အာနိသင်တွေလည်းရှိပါတယ်။ မန်းကျည်းသီးက ကျန်းမာရေးအတွက် ဘယ်လောက်ထိအကျိုးပြုသလဲဆိုတာနဲ့ ဘယ်လိုအသုံးပြုနိုင်သလဲဆိုတာတွေကို မျှဝေပေးလိုက်ပါတယ်။ မန်ကျည်းဆိုတာ မန်ကျည်းက သစ်မာပင်မျိုးဖြစ်ပါတယ်။ အာဖရိက မျိုးရင်းအပင်ဖြစ်ပြီး အိန္ဒိယ၊ပါကစ္စတန်၊မြန်မာနိုင်ငံနဲ့ အပူပိုင်းဒေသတော်တော်များများမှာပေါက်ရောက်ပါတယ်။ မန်ကျည်းပင်မှာ ပဲတောင့်လိုမျိုး မန်ကျည်းတောင့်တွေသီးပါတယ်။ အသီးရဲ့အတွင်းပိုင်းမှာ အမျှင်ဓါတ်ပါဝင်တဲ့အသားတွေက အစေ့ကိုငုံထားပါတယ်။ မန်ကျည်းသီးစိမ်းရဲ့ အတွင်းသားက စိမ်းပြီး ချဉ်ပါတယ်။ မှည့်သွားတဲ့အခါမှာတော့ အရည်ရွှမ်းတဲ့အသားဖြစ်လာပြီး အနှစ်လိုမျိုးဖြစ်လာကာ ချိုချိုချဉ်ချဉ် အရသာရှိပါတယ်။ Tamarind (မန်ကျည်းသီး) ကပေးတဲ့ ကျန်းမာရေးအကျိုးကျေးဇူးများ Tamarind (မန်ကျည်းသီး) က ပေးတဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေကတော့ အစာခြေစနစ်ကို တိုးတက်ကောင်းမွန်စေခြင်း မန်ကျည်းသီးက အမျှင်ဓါတ်ကြွယ်ဝတဲ့ အသီးဖြစ်တာကြောင့် […]


သဘာဝဆေးဖက်ဝင်

နှင်းဆီ (Rose) ရဲ့ကျန်းမာရေးအရ အသုံးဝင်ပုံများ

နှင်းဆီပန်းကနေ ဘယ်လိုကျန်းမာရေး အကျိုးကျေးဇူးတွေရရှိနိုင်မလဲ နှင်းဆီပန်းက ကျန်းမာရေးကိုအထောက်အကူဖြစ်စေလိမ့်မယ်၊လို့ တစ်ခါလေးတောင်မစဉ်းမိခဲ့ပါဘူး။ ဒါပေမယ့်နှင်းဆီပန်းရဲ့ အဆီအနှစ်တွေကရှေးယခင်ခေတ်ကာလတွေကတည်းက ကိုယ်ခန္ဓါ၊ စိတ်နဲ့အရေပြားတို့အတွက်ကောင်းကျိုးပြုတာတွေအများအပြားရှိခဲ့တာဖြစ်ပါတယ်။ နှင်းဆီပန်းကို အလှအပအတွက်အသုံးပြုနိုင်တယ်လို့တော်တော်များများသိပြီးဖြစ်ပေမယ့် နှင်းဆီပန်းရဲ့ပွင့်ချပ်လေးတွေက လိင်မှုဘဝကို အားဖြည့်ပေးသလို စိတ်ဖိစီးမှုတွေကို တိုက်ဖျက်ပေးနိုင်တဲ့အပြင် ကိုယ်အလေးချိန်ကိုလည်းကျဆင်းစေနိုင်တယ်ဆိုတာကိုတော့သိပ်မသိကြသေးပါဘူး။ နှင်းဆီကမျိုးစိတ်ပေါင်း ၁၀၀ကျော်ရှိပြီး အရောင်အသွေးအမျိုးမျိုးရှိပါတယ်။ နှင်းဆီပင်ဟာ အာရှမျိုးရင်းပင်ဖြစ်ပြီးနောက်ပိုင်းမှာမှ မြောက်အမေရိက၊ ဥရောပ နဲ့မြောက်အာဖရိကတို့လိုမျိုး ကမ္ဘာ့နိုင်ငံတော်တော်များများမှာရှင်သန်ပေါက်ရာက်လာတာဖြစ်ပါတယ်။ ကိုယ်အလေးချိန်ကျစေနိုင်ခြင်း -နှင်းဆီပန်းရဲ့ ပွင့်ချပ်ထဲမှာပါတဲ့ဒြပ်ပေါင်းတွေက ကိုယ်တွင်းကအဆိပ်အတောက်တွေကို ဖယ်ရှားပေးတဲ့အပြင် ဇီဝတွင်းဖြစ်ပျက်ပြောင်းလဲမှုကိုလည်း တိုးတက်စေနိုင်စွမ်းရှိပါတယ်။ နှင်းဆီပွင့်ချပ်လက်တစ်ဆုပ်စာလောက်ကိုစားသုံးပေးမယ် ဆိုရင် စိတ်ကျေနပ်မှုရရှိစေပြီး အဆာခံနိုင်စေမှာဖြစ်တာကြောင့် သဘာဝအတိုင်းကိုယ်အလေးချိန်လျှော့ချစေနိုင်မယ့်နည်းတစ်ရပ်ပါ။ သဘာဝ ကာမအားတိုးဆေးတစ်ရပ် - နှင်းဆီပန်းဟာ အချစ်သင်္ကေတတစ်ရပ်ဖြစ်ရုံသာမက သဘာဝကာမအားတိုးဆေးတစ်ရပ်လည်းဖြစ်ပါတယ်။ နှင်းဆီရဲ့ပွင့်ချပ်တွေက လိင်စိတ်တက်ကြွလာအောင်လှုံ့ဆော်ရာမှာတော်တော်လေးထိရောက်ပါတယ်။ နှင်းဆီပွင့်ချပ်တွေက နှလုံးခုန်သံကို စည်းချက်မျန်အောင်ထိန်းညှိပေးနိုင်သလို စိတ်ခံစားမှုနဲ့အာရုံကြောစနစ်တွေကိုကောင်းမွန်စေပါတယ်။ စိတ်ဖိစီးမှုနဲ့စိတ်ဓါတ်ကျမှုတွေကိုပြေလျော့စေခြင်း -ပင်ပန်းနွမ်းလျတာနဲ့စိတ်ဖိစီးမှုများတာကြောင့် အိပ်မပျော်တာနဲ့စိတ်ဂနာမငြိမ်တာတွေဖြစ်စေပြီး အဆိုပါအကျိုးဆက်တွေကြောင့် စိတ်ဆိုးလွယ်တာနဲ့ အမျိုးသမ်းတွေမျာ လိင်စိတ်ကုန်ခမ်းတာမျိုးတွေကိုဖြစ်ပေါ်စေနိုင်ပါတယ်။ နှင်းဆီပွင့်ချပ်တွေနဲ့ ပွင့်ချပ်တွေရဲ့ […]


သဘာဝဆေးဖက်ဝင်

ပျဉ်းတော်သိမ်ရွက် (Curry Leaf)

ပျဉ်းတော်သိမ်ရွက် (Curry Leaf) ဆိုတာကို သိကြပေမယ့် အကျိုးကျေးဇူးကို သိသူကတော့ ရှားမှာပါ။ ဒီတစ်ခေါက်တော့ အားလုံးသိရှိနိုင်စေဖို့ ဝေမျှပေးလိုက်ပါတယ်။ ပျဉ်းတော်သိမ်ရွက် (Curry Leaf) ဆိုတာ ပျဉ်းတော်သိမ်ရွက် ဟာ အိန္ဒိယဟင်းလျာတွေမှာ မပါမဖြစ်ထည့်သွင်းချက်ပြုတ်လေ့ရှိတဲ့ ဟင်းခတ်အမွှေးအကြိုင်တစ်မျိုးဖြစ်ပါတယ်။ အသားဟင်းတွေ၊ ပဲဟင်းနဲ့ သတ်သတ်လွတ်ဟင်းလျာတွေထဲမှာ ထည့်သွင်းချက်ပြုတ်လေ့ရှိပါတယ်။ ပျဉ်းတော်သိမ်ရွက်က နုစဉ်မှာ စိမ်းဖန့်ဖန့်အရောင်ရျိပြီး ရင့်လာတဲ့အချိန်မှာ အစိမ်းရောင်ရင့်ရင့်အဖြစ်ပြောင်းလဲလာပါတယ်။ အရွက်နုလေးတွေကို အတို့အမြှုပ်အဖြစ်စားသုံးလေ့ရှိပြီး အရွက်ရင့်တွေကိုတော့ ဟင်းခတ်အမွှေးအကြိုင်အဖြစ် အသုံးပြုပါတယ်။ အပင်ရဲ့ အမြင့်က ၃ မီတာ ကနေ ၄ မီတာလောက်အထိရှိပါတယ်။ အရသားစူးရှပြီး အနံ့ပြင်းပါတယ်။ ပျဉ်းတော်သိမ်းရွက်က အူသိမ်ရဲ့ လုပ်ဆောင်မှုတွေကို တိုးတက်စေပြီး ကင်ဆာကိုလည်းတိုက်ဖျက်ပေးပါတယ်။ ပျဉ်းတော်သိမ်ရွက် (Curry Leaf) ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးများ ပျဉ်းတော်သိမ်ရွက်ရဲ့ အကျိုးကျေးဇူးတွေကတော့ ကျောက်ကပ်ကျန်းမာရေးကောင်းမွန်စေခြင်း ပျဉ်းတော်သိမ်ရွက်ကကျောက်ကပ်ပြဿနာတွေကိုဘေးထွက်ဆိုးကျိုးမရှိဘဲဖြေရှင်းပေးပါတယ်။ မိသားစုမှာကျောက်ကပ်ရောဂါ ရာဇဝင်ရှိသူတွေအနေနဲ့ကျောက်ကပ်ရောဂါမဖြစ်အာင် ကြိုတင်ကာကွယ်တဲ့အနေနဲ့ ပျဉ်းတော်သိမ်ရွက်ကိုစားသုံးပေးသင့်ပါတယ်။ကျောက်ကပ်ရောဂါကင်းဝေးစေဖို့နေ့စဉ်စားသုံးတဲ့အစားအသောက်တွေထဲမှာ ပျဉ်းတော်သိမ်ရွက်ကိုထည့်သွင်းစားသုံးပေးသင့်ပါတယ်။ သည်းခြေရည်ကို […]


သဘာဝဆေးဖက်ဝင်

မာလကာသီးအစေ့ရဲ့ ဆေးဖက်ဝင်အာနိသင်များ

မာလကာသီး မာလကာသီးဟာ ကျန်းမာရေးအတွက်ကောင်းကျိုးများစွာရှိတဲ့အပြင်niacin၊ ဗီတာမင် C ၊ ဗီတာမင် A ၊သံဓါတ်၊ပိုတက်ဆီယမ်၊ မဂ္ဂနီဆီယမ်၊ကယ်လ်စီယမ်နဲ့thiamine တို့ပါဝင်ပါတယ်။ မာလကာသီး ကလေပွခြင်းကိုသက်သာစေပြီး အစာကြေလွယ်စေ၊ အရောင်ကျစေတဲ့ အပြင် ပဋိဇီဝပိုးမွှားတွေကိုလည်းသေစေနိုင်ပါတယ်။ မာလကာသီးက ဝက်ခြံပျောက်စေ၊လိပ်ခေါင်းပျောက်စေ၊ ဆီးချိုဖြစ်နိုင်ခြေလျော့နည်းစေ၊ သန္ဓေရရှိနိုင်ခြေများစေပြီး ဝမ်းချုပ်ခြင်း၊ ဝမ်းပျက်ဝမ်းလျှောခြင်း၊ ဗိုက်အောင့်ခြင်း၊ အချဉ်ပေါက်ခြင်းတို့လို အစာချေဖျက်မှုဆိုင်ရာပြဿနာတွေကို သက်သာလျော့ပါးစေနိုင်ပါတယ်။ မာလကာသီးရဲ့အခွံနဲ့အစေ့မှာ ရောင်ရမ်းမှုကိုလျော့ကျစေပြီး ပဋိဇီဝပိုးမွှားတွေသေစေနိုင်စွမ်းရှိတဲ့ glycosides ၊carotenoids၊ နဲ့တခြားphenolic နဲ့flavonoidဒြပ်ပေါင်းတွေပါဝင်ပါတယ်။ ဒါ့အပြင် ဗိုက်ပြည့်စေတဲ့အသီးဖြစ်လို့ ကိုယ်အလေးချိန်လျှော့ချရာမှာ အထောက်အကူပေးပါတယ်။ အသီးထဲမှာ အစေ့သေးသေးလေးတွေ အများကြီးပါပေမယ့် အစာချေဖျက်နိုင်မှာမဟုတ်တာကြောင့် စားလို့မရဘဲ စွန့်ပစ်နေရပါတယ်။ မာလကာစေ့ကို ဒီအတိုင်းတော့ အသီးနဲ့အတူရောစားလို့မရပါဘူး။ အူအတက်ပေါက်မှာ စိုးရိမ်ရတာကြောင့် မစားရဲရင် ဖျော်ရည်မှာလိုမျိုး အသီးနဲ့အစေ့ကို ရောကြိတ်ပြီးစားနိုင်ပါတယ်။ မာလကာသီးအစေ့ကနေ ရရှိနိုင်မယ့်ဆေးဖက်ဝင်အာနိသင်တချို့ကတော့ - (၁) သွေးတိုးကိုကျစေနိုင် မာလကာမှာ ပါဝင်တဲ့ ပိုတက်ဆီယမ်နဲ့ […]


သဘာဝဆေးဖက်ဝင်

ကရဝေးရွက် (Bay leaf)

ကရဝေးရွက် ဆိုတာ ကရဝေးရွက် ဆိုတာက အမြဲစိမ်းအပင်တစ်မျိုးကနေရရှိတဲ့ အနံ့မွှေးကြိုင်တဲ့ မြေထဲပင်လယ်ဒေသမျိုးရင်းပင် တစ်မျိုးဖြစ်ပါတယ်။ ဟင်းခတ်အမွှေးအကြိုင်အဖြစ်အသုံးများသလို အမွှေးနံ့သာအဖြစ်နဲ့ ထည့်သွင်းအသုံးပြုတာမျိုးလည်း ရှိပါတယ်။ ကရဝေးရွက်ရဲ့ အရသာက အနံ့စူးရှပြီး ခါးသက်သက် အရသာ ရှိပါတယ်။ ကရဝေးရွက်ရဲ့ အနံ့နဲ့အရသာက သစ်ကြံပိုးခေါက်ရဲ့ အနံ့အရသာနဲ့ခပ်ဆင်ဆင်တူပေမယ့် ကရဝေးရွက်ရဲ့ အနံ့အရသာက သစ်ကြံပိုးခေါက်လောက်တော့ မပြင်းပါဘူး။ ကရဝေးရွက်ကို အစိမ်းဖြစ်ဖြစ်၊ အခြောက်ခံပြီးဖြစ်ဖြစ် အမှုန့်အနေနဲ့ပဲဖြစ်ဖြစ် အသုံးပြုနိုင်ပါတယ်။ ကရဝေးရွက်ရဲ့ အဆီက ဆေးဖက်ဝင်ပြီး အသေးစားဖျားနာမှုတွေကို ကုသဖို့အတွက် အသုံးပြုနိုင်ပါတယ်။ ကရဝေးရွက်က ခါးသက်သက်အရသာရှိတာကြောင့် ဟင်းပွဲတွေထဲမှာပဲ ဟင်းခတ်အမွှေးအကြိုင်အနေနဲ့ ထည့်သွင်းစားသုံးပါတယ်။ ကရဝေးရွက်ကို ဟင်းပွဲတွေထဲမှာထည့်သွင်းစားသုံးနိုင်တဲ့အပြင် ဘက်တီးရီးယားတွေ၊ မှိုပိုးတွေကို သေစေနိုင်တဲ့ အစွမ်းအာနိသင်၊ ရောင်ရမ်းမှုကို လျှော့ချပေးနိုင်တဲ့ အစွမ်းအာနိသင်၊ ဆီးရွှင်စေနိုင်တာနဲ့ သွေးတိတ်စေနိုင်တဲ့ အစွမ်းသတ္တိတွေကြောင့်လည်း လူသိများပါတယ်။ ကရဝေးရွက်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးများ ကရဝေးရွက်မှာ အပင်ကနေရရှိတဲ့ ဓာတ်ပေါင်းတွေ၊ […]


သဘာဝဆေးဖက်ဝင်

ကျောက်ချဉ် (Alum) ကနေ ရရှိနိုင်တဲ့ ကျန်းမာရေးအကျိုးကျေးဇူး နဲ့ အသုံးဝင်ပုံများ

ကျောက်ချဉ် (alum) ဆိုတဲ့ အသံကိုကြားလိုက်မယ်ဆိုရင် ချိုင်းလိမ်းတဲ့နေရာမှာ သုံးတာလို့ပဲ အများစုက မြင်ပါလိမ့်မယ်။ ဒါပေမယ့် ကျောက်ချဉ်ကို အသုံးပြုလို့ရတဲ့ အခြားနည်းလမ်း‌တွေ အများအပြားရှိပါတယ်။ ကျောက်ချဉ်ဆိုတဲ့နေရာမှာလည်း ကျောက်ချဉ်အမျိုးအစားတွေက အမျိုးမျိုးရှိပြီး အိမ်တွင်းသုံးနည်းလမ်းတွေမှာ အသုံးပြုလို့ရတဲ့ ကျောက်ချဉ်က ပိုတက်ဆီယမ်ကျောက်ချဉ်တစ်မျိုးတည်းသာ ဖြစ်ပါတယ်။ ကျောက်ချဉ်ကို ကမ္ဘာတလွှားမှာ ရေသန့်စင်ရာမှာနဲ့ ချိုင်းလိမ်းတဲ့နေရာမှာ အများဆုံးအသုံးပြုလေ့ရှိပါတယ်။ ကျောက်ချဉ်ကို ခံတွင်းအနာတွေ၊ ဖနောင့်ကွဲတာတွေကို သက်သာစေဖို့ အသုံးပြုနိုင်သလို ခံတွင်းနံ့ကောင်းစေဖို့လည်း အသုံးပြုနိုင်ပါတယ်။ ကျောက်ချဉ်က ဈေးသက်သာသလို ရောဂါတော်တော်များများအတွက် အိမ်တွင်းကုထုံးအဖြစ်လည်း အသုံးပြုပါတယ်။ ကျောက်ချဉ်က ဆေးဖက်ဝင်သလို ကျန်းမာရေးကို အထောက်အကူပြုပေမယ့်လည်း ကိုယ်တွင်းဝေဒနာတွေအတွက် ကျောက်ချဉ်ကို စားသုံးတဲ့အခါ ခန္ဓာကိုယ်အတွက် သင့်တင့်မျှတတဲ့ပမာဏဖြစ်ဖို့ လိုအပ်ပါတယ်။ ကျောက်ချဉ်ကို အများအပြားစားသုံးမယ်ဆိုရင် ဘေးထွက်ဆိုးကျိုးတွေ ရှိလာနိုင်ပါတယ်။ ဒါကြောင့် ကျောက်ချဉ်ကို ကျန်းမာရေးနဲ့ညီညွတ်အောင်ဘယ်လိုအသုံးပြုရမလဲဆိုတာနဲ့ ကျောက်ချဉ်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေကို […]


သဘာဝဆေးဖက်ဝင်

ဆေးကုလားမ (Tragacanth Gum Herb)

ဆေးကုလားမ (Tragacanth Gum Herb) ဆေးကုလားမ(Tragacanth Gum Herb) ဆိုတာ ဆေးကုလားမဆိုတာက အရှေ့အလယ်ပိုင်း၊ အီရတ်၊အီရန် နဲ့ အနောက်အာရှဒေသတွေမှာပေါက်ရောက်တဲ့ ခုံျပင်တစ်မျိုးကနေရရှိတာဖြစ်ပါတယ်။ အဆိုပါချုံပင်ရဲ့ အကိုင်း (သို့) အမြစ်ကနေဆေးကုလားမကိုခြစ်ထုတ်ရယူရတာဖြစ်ပါတယ်။ ဆေးကုလားမကစေးပျစ်ပျစ်သဏ္ဍန်ရှိပြီး အနံ့ရောအရသာပါမရှိပါဘူး။ သစ်ပင်အစေးကိုခြစ်ထုတ်ရယူပြီး အခြောက်ခံထားတာဖြစ်ပါတယ်။ရေစိမ်လိုက်တဲ့အခါမှသာ ပွလာပြီး ဂျယ်လီလိုမျိုး အနှစ်တွေဖြစ်ပေါ်လာတာဖြစ်ပါတယ်။ ဆေးကုလားကိုရှေးယခင်ကတည်းကချောင်းဆိုးတာနဲ့ ဝမ်းလျှောတာတွေကို ကုသရာမှာ သဘာဝဆေးတစ်လက်အနေနဲ့ အသုံးပြုခဲ့ကြပါတယ်။ဆေးကုလားမအနှစ်ကို အပူလောင်ဒဏ်ရာတွေအတွက်လည်းသုံးသလိုဆေးတွေထုတ်လုပ်ရာမှာလည်း အသုံးပြုကြပါတယ်။ အစားအသောက်တွေထဲမှာ ထည့်သွင်းသုံးဆောင်တာမျိုးတွေရှိပါတယ်။ဆေးကုလားမနဲ့ ပတ်သက်ပြီး သိထားလို့ အကျိုးမမဲ့နိုင်တဲ့အကြောင်းအရာလေးအချို့ကိုမျှဝေပေးချင်ပါတယ်။   ဆေးကုလားမရဲ့ ကျန်းမာရေးအကျိုးကျေးဇူးများ ဆေးကုလားမကို စားသောက်ဖွယ်ရာတွေကို ပျစ်စေတဲ့အရာအနေနဲ့ဖြဟ်ဖြစ်ဆေးတွေထုတ်လုပ်ရာမှာ binder အနေနဲ့ဖြစ်ဖြစ်ဆေးတွေခဲစေတဲ့အရာအနေနဲ့ဖြစ်ဖြစ် အသုံးပြုကြသလို ကုန်ထုတ်လုပ်ငန်းတွေဖြစ်ကြတဲ့ စက္ကူထုတ်လုပ်တဲ့လုပ်ငန်း၊ အလှကုန်ထုတ်လုပ်တဲ့လုပ်ငန်းနဲ့အထည်အလိပ်ထုတ်လုပ်မှုတွေမှာလည်းဆေးကုလားမကိုအသုံးပြုကြပါတယ်။ဆေးကုလားမကနေ ရရှိတဲ့ကျန်းမာရေး အကျိုးကျေးဇူးတွေကတော့ - (၁)အပူရှပ်တာကို သက်သာစေခြင်း ဆေးကုလားမမှာ အပူဒဏ်ကိုသက်သာစေတဲ့ အစွမ်းသတ္တိများစွာရှိပါတယ်။ နွေရာသီမှာ ဆေးကုလားမဖျော်ရည်သောက်သုံးပေးတာကခန္ဓါကိုယ်ကို အပူဒဏ်သက်သာစေဖို့အတွက် အထောက်အကူရရှိစေမှာဖြစ်ပါတယ်။ဆေးကုလားမက ခန္ဓါကိုယ်ရဲ့ အပူချိန်ကိုလျော့ […]


သဘာဝဆေးဖက်ဝင်

Alpinia (တရုတ်ဂျင်းပင်)

အသုံးပြုပုံများတရုတ်ဂျင်းပင် ကို ဘာအတွက်အသုံးပြုကြသလဲ တရုတ်ဂျင်းပင် အပင်မျိုးနွယ်ဖြစ်ပြီး မြေကြီးအောက်တွင် အပြင်လိုက်ရှိနေသော အပင်၏ အမြစ်များကို ဆေးအနေနှင့် အောက်ပါတို့အတွက် အသုံးပြုနိုင်သည်။ ဝမ်းဗိုက်တွင်း လေပွခြင်း ကူးစက်ရောဂါများဖြစ်ခြင်း အကြောဆွဲခြင်း ဖျားခြင်း ရောင်ရမ်းခြင်း သွေးထွက်ခြင်း နှင့် ဘက်တီးရီးယားများကို သေစေရန်၊နှင့် အားတိုးစေရန် အသုံးပြုကြပါသည်။ ဘယ်လိုအလုပ်လုပ်လဲ ဆေးဖက်ဝင်အပင်များနှင့် ပက်သက်ပြီး လုံလောက်သော လေ့လာမှုများမရှိသဖြင့် တိုင်းရင်းဆေးပညာရှင် သို့မဟုတ် ဆရာဝန်နှင့် တိုင်ပင်ကာ အကြံဉာဏ်များရယူပါ။ သို့သော် အချို့သောလေ့လာမှုများအရ တရုတ်ဂျင်းပင် တွင် ပါဝင်သည် ဓါတ်များသည် ရောင်ရမ်းမှုဖြစ်စဉ်ကို သက်သာစေသည်ဟုဆိုပါသည်။ ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များတရုတ်ဂျင်းပင် အသုံးမပြုခင် ဘာတွေသိသင့်သလဲ အောက်ပါအချက်များရှိပါက တိုင်းရင်းဆေးပညာရှင် သို့မဟုတ် ဆရာဝန်နှင့် တိုင်ပင်ပါ။ သင်သည် ကိုယ်ဝန်ဆောင် သို့မဟုတ် နို့တိုက်နေဆဲဖြစ်လျှင် သင့်ဆရာဝန်ပေးထားသော ဆေးများကိုသာသောက်သင့်သည်။ ဆရာဝန်ညွှန်ကြားထားသောဆေးများ၊ မိမိဘာသာဝယ်သောက်သောဆေးများရှိလျှင် တရုတ်ဂျင်းပင် အပါအဝင်အခြား ဆေးဖက်ဝင်အပင်များ၊ ဆေးများနှင့် ဓါတ်မတည့်လျှင် မိမိတွင်အခြားသော ရောဂါများရှိလျှင် အစားအစာ၊ ဆိုးဆေး၊ ကြာရှည်ခံပစ္စည်းများ၊ တိရိစ္ဆာန်များနှင့် ဓါတ်မတည့်ခြင်းများရှိလျှင် ဆေးဖက်ဝင်အပင်များ […]


သဘာဝဆေးဖက်ဝင်

Amaranth (ကြက်မောက်ပန်းပင်)

အသုံးပြုပုံများကြက်မောက်ပန်းပင် ကို ဘာအတွက်အသုံးပြုကြသလဲ ကြက်မောက်ပန်းပင်၏ အရွက်သည် ဗီတာမင် C ဓါတ်ကြွယ်ဝပြီး တစ်ပင်လုံးသည် ဆေးဖက်ဝင်သောကြောင့် အောက်ပါရောဂါများအတွက် အသုံးပြုနိုင်ပါသည်။ သွေးထဲတွင် အဆီကျစေရန် သွေးတိုးရောဂါ နှလုံးသွေးကြောကျဉ်းရောဂါ အနာများ ဝမ်းလျှောခြင်း လည်ချောင်းနာခြင်း၊ ရောင်ခြင်း ကြက်မောက်ပန်းပင်သည် ဓါတ်တိုးဆန့်ကျင်ဓါတ်ကြွယ်ဝသောကြောင့် ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေသည်။ အစားအစားများတွင် လည်း ထည့်စားနိုင်သည်။ အမေရိကန် သစ်ချသီးမှထုတ်ကုန်များကို အဖျော်ယမကာများတွင်လည်း ထည့်သွင်းအသုံးပြုနိုင်သည်။ ဘယ်လိုအလုပ်လုပ်လဲ ဆေးဖက်ဝင်အပင်များနှင့် ပက်သက်ပြီး လုံလောက်သော လေ့လာမှုများမရှိသဖြင့် တိုင်းရင်းဆေးပညာရှင် သို့မဟုတ် ဆရာဝန်နှင့် တိုင်ပင်ကာ အကြံဉာဏ်များရယူပါ။ သို့သော် အချို့သောလေ့လာမှုများအရ ကြက်မောက်ပန်းပင်သည် ရောင်ရမ်းမှုများကို လျော့စေသည်ဟုဆိုပါသည်။ ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များကြက်မောက်ပန်းပင် အသုံးမပြုခင် ဘာတွေသိသင့်သလဲ အောက်ပါအချက်များရှိပါက တိုင်းရင်းဆေးပညာရှင် သို့မဟုတ် ဆရာဝန်နှင့် တိုင်ပင်ပါ။ သင်သည် ကိုယ်ဝန်ဆောင် သို့မဟုတ် နို့တိုက်နေဆဲဖြစ်လျှင် သင့်ဆရာဝန်ပေးထားသော ဆေးများကိုသာသောက်သင့်သည်။ ဆရာဝန်ညွှန်ကြားထားသောဆေးများ၊ မိမိဘာသာဝယ်သောက်သောဆေးများရှိလျှင် ကြက်မောက်ပန်းပင် အပါအဝင်အခြား ဆေးဖက်ဝင်အပင်များ၊ ဆေးများနှင့် ဓါတ်မတည့်လျှင် မိမိတွင်အခြားသော ရောဂါများရှိလျှင် အစားအစာ၊ ဆိုးဆေး၊ ကြာရှည်ခံပစ္စည်းများ၊ […]


သဘာဝဆေးဖက်ဝင်

Ambrette (ကပ်စေးနဲပင်)

အသုံးပြုပုံများကပ်စေးနဲပင် ကို ဘာအတွက်အသုံးပြုကြသလဲ ကပ်စေးနဲပင်မှရသော အစေ့ကို လက်ဖက်ရည်အဖြစ်သောက်သုံးကြပြီး အောက်ပါရောဂါများအတွက်လည်း အသုံးပြုကြပါသည်။ ဗိုက်အောင့်ခြင်း၊ ဗိုက်ရစ်ခြင်း ခံတွင်းပျက်ခြင်း အစာအိမ်ကင်ဆာ ခေါင်းကိုက်ခြင်း အကြောဆွဲခြင်း၊ ကြွက်တက်ခြင်း စိတ်ချောက်ချားခြင်း ကာလသားရောဂါ အဆုတ်ရောဂါများ အချို့က အားတိုးဆေး၊ မြွေဆိပ်ဖြေဆေး အနေနှင့် သုံးသလို ဆေးစိမ်ဝိုင်၊ အခါးရည် စသည့်အစားအစာများတွင်လည်း ထည့်သွင်းအသုံးပြုနိုင်ပါသည်။ ဘယ်လိုအလုပ်လုပ်လဲ ဆေးဖက်ဝင်အပင်များနှင့် ပက်သက်ပြီး လုံလောက်သော လေ့လာမှုများမရှိသဖြင့် တိုင်းရင်းဆေးပညာရှင် သို့မဟုတ် ဆရာဝန်နှင့် တိုင်ပင်ကာ အကြံဉာဏ်များရယူပါ။ ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များကပ်စေးနဲပင် အသုံးမပြုခင် ဘာတွေသိသင့်သလဲ အောက်ပါအချက်များရှိပါက တိုင်းရင်းဆေးပညာရှင် သို့မဟုတ် ဆရာဝန်နှင့် တိုင်ပင်ပါ။ သင်သည် ကိုယ်ဝန်ဆောင် သို့မဟုတ် နို့တိုက်နေဆဲဖြစ်လျှင် သင့်ဆရာဝန်ပေးထားသော ဆေးများကိုသာသောက်သင့်သည်။ ဆရာဝန်ညွှန်ကြားထားသောဆေးများ၊ မိမိဘာသာဝယ်သောက်သောဆေးများရှိလျှင် ကပ်စေးနဲပင် အပါအဝင်အခြား ဆေးဖက်ဝင်အပင်များ၊ ဆေးများနှင့် ဓါတ်မတည့်လျှင် မိမိတွင်အခြားသော ရောဂါများရှိလျှင် အစားအစာ၊ ဆိုးဆေး၊ ကြာရှည်ခံပစ္စည်းများ၊ တိရိစ္ဆာန်များနှင့် ဓါတ်မတည့်ခြင်းများရှိလျှင် ဆေးဖက်ဝင်အပင်များ တိုင်းရင်းဆေးများသည် ဆေးဝါးများလောက် သတ်မှတ်စံနှုန်းနှင့် အညီသောက်သုံးရန်မလိုသော်လည်း တိုင်းရင်းဆေးပညာရှင် သို့မဟုတ် ဆရာဝန်နှင့် တိုင်ပင်ကာ […]

ad iconadvertisement
အမေးများသောမေးခွန်းများ
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း