backup og meta

အရက်နှင့် သင့် နှလုံးကျန်းမာရေး

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Thant Zin မှ ရေးသားသည်။ · 19/05/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အရက်နှင့် သင့် နှလုံးကျန်းမာရေး

    အရက်နှင့် သင့်ကျန်းမာရေး

    သင်ဟာ သင့်ဆရာဝန်ကို နှလုံးရောဂါကာကွယ်မှု အကြောင်းမေးရင် တိကျပြတ်သားတဲ့ အကြံပြုချက်တွေ ကြားရပါလိမ့်မယ်။ ပြည့်ဝဆီ ပုံပြောင်းဆီတွေ မကောင်းတာ၊ ဆေးလိပ်သောက်ခြင်းဟာ မကောင်းတာ၊ လေ့ကျင့်ခန်းလုပ်ခြင်းဟာ အကောင်းဆုံးဆိုတာတွေ ကြားရပါမယ်။

    ဒါပေမယ့် ဆရာဝန်တယောက်ကို အရက်အကြောင်းနဲ့ နှလုံးအကြောင်းမေးရင် လွယ်ကူတဲ့အဖြေတွေ ထွက်မလာပါဘူး။ ဘယ်လိုအသုံးချတယ်ဆိုတာ မူတည်ပြိးတော့ အရက်ဟာ နှလုံးကို ကာကွယ်နိုင်သလို ဖျက်ဆီးနိုင်တာလည်း ရှိပါတယ်။ ဒါကြောင့် သင်အရက်ကို ကြိုက်တယ်ဆိုရင် သင့်ဘဝမှာ ကျန်းမာရေးအတွက်ကောင်းအောင် ဘယ်လိုသောက်မလဲဆိုတာနဲ့ ဘယ်လိုသောက်ရင်တော့ အသက်အန္တရယ်ရှိနိုင်လဲဆိုတာ လေ့လာသွားဖို့လိုပါတယ်။

    အရက်အလွန်သောက်ခြင်းဟာ နှလုံးကို ဘယ်လိုထိခိုက်နိုင်လဲ

    စသောက်သူတွေ များများသောက်ခြင်းဟာ (တနေ့နှစ်ကြိမ်ခန့်) သွေးတိုးစေပါတယ်။ ဥပမာ-

    သင်ဟာ တနေ့ကို ဘီယာခြောက်ခွက်၊ ဝီစကီတပိုင့်၊ ဝိုင်ပုလင်းတဝက် စတာတွေကို ၁၀ နှစ်လောက် နေ့စဉ်သောက်သွားရင် သင့်ရဲ့နှလုံးကို သေချာပေါက် ပျက်စီးစေနိုင်ပါတယ်။ ရလာဒ်အနေနဲ့ နှလုံးကြွက်သား အားနည်းတဲ့ရောဂါ ဖြစ်နိုင်ပါတယ်။ တကယ်တော့ နှလုံးသွေးကြောပိတ်တာပြီးရင် အရက်သောက်တာဟာ နှလုံးကြွက်သားရောဂါအတွက် ဒုတိယ အဖြစ်အများဆုံးပါပဲ။

    ပျက်စီးနေတဲ့နှလုံးဟာ သွေးကို ကောင်းကောင်းမညှစ်ထုတ်နိုင်ပါဘူး။ ဒါကြောင့် သွေးခဲတွေ ဖြစ်ပေါ်စေပြီး နှလုံးခုန်နှုန်းမမှန်တာတွေ ဖြစ်နိုင်ပါတယ်။ အထူးသဖြင့် အရက်များများသောက်ချိန်မှာ ပိုဖြစ်တတ်ပါတယ်။ (ဒါကြောင့် တချို့ဆရာဝန်တွေဟာ အဲဒီအခြေအနေကို အားလပ်ရက်နှလုံးလို့ တင်စားကြပါတယ်) ဆက်ပြီးသောက်နေမယ်ဆိုရင် ပိုဆိုးသွားဖို့ပဲ ရှိပါတယ်။ အရက်စွဲသူတွေရဲ့ တဝက်လောက်ဟာ နှလုံးကြွက်သားရောဂါဖြစ်လာပြီး လေးနှစ်အတွင်း သေဆုံးတတ်ပါတယ်။

    ကောင်းတဲ့အချက်ကတော့ ပျက်စီးမှုအများဟာ ပြန်ကောင်းနိုင်ပါတယ်။ နှလုံးကြွက်သားရောဂါဖြစ်သူတွေ အရက်ဖြတ်လိုက်ရင် သွေးပေါင်ချိန်မှန်သွားပြီး နှလုံးဟာလည်း ပြန်လည် ကျန်းမာလာနိုင်ပါတယ်။ အကောင်းဆုံးအချက်ကတော့ ၉၀ ရာခိုင်နှုန်းခန့်ဟာ အသက်ရှင်နေထိုင်သွားနိုင်ပါတယ်။

    အရက်အလွန်သောက်ခြင်းဆိုတာဟာ တနေ့ကို သုံး လေးခါ သောက်နေခြင်း ဖြစ်ပါတယ်။ အချိန်ကြာလာတာနဲ့အမျှ သွေးတိုးခြင်း၊ လေဖြတ်ခြင်း၊ နှလုံးခုန်မမှန်ခြင်း၊ ရုတ်တရက်သေဆုံးခြင်း စတာတွေ ကြုံလာနိုင်ပါတယ်။

    အရက်ကို သင့်ရုံသောက်ခြင်းဟာ နှလုံးကို ဘယ်လိုကာကွယ်နိုင်သလဲ

    အရက်သောက်သူအများစုဟာ ဝီစကီတပိုင့်၊ ဘီယာ ၆ခွက်ခန့်ထိ နေ့စဉ်သောက်တတ်ကြပါတယ်။ ဒီလို သင့်တင့်ရုံ သောက်ခြင်းဟာ နှလုံးရောဂါတွေကို အတော်အတန် ကာကွယ်နိုင်ပါတယ်။ လေ့လာချက်ပေါင်း ၆၀ ထက်မကဟာ အရက်

    အတန်အသင့်သောက်ရင် နှလုံးသွေးကြောရောဂါ ဖြစ်နိုင်ခြေ လျော့ကျစေနိုင်တယ်လို့ အကြံပြုပါတယ်။ သင်ဟာ အရက်ကို သင့်တင့်ရုံသာ သောက်မယ်ဆိုရင် မသောက်သူတွေထက် နှလုံးသွေးကြောရောဂါ ဖြစ်နိုင်ခြေ ၄၀ ရာခိုင်နှုန်း လျော့နည်းပါတယ်။

    အသင့်အတင့်သောက်သုံးတယ်ဆိုတာ အမျိုးသားတွေအနေနဲ့ တနေ့နှစ်ကြိမ်ဖြစ်ပြီး အမျိုးသမီးတွေအတွက် တနေ့တစ်ကြိမ်ဖြစ်ပါတယ်။ ကွာခြားတာကတော့ အမျိုးသမီးတွေရဲ့ ခန္ဓါကိုယ်ဟာ အရက်ဓါတ်ကို ဖြိုခွဲရာမှာ အမျိုးသားတွေထက် ပိုနှေးကွေးပါတယ်။

    အရက်ဟာ နှလုံးကို အတော် အထောက်အကူ ပြုပါတယ်။ အရေးကြီးဆုံးက အရက်ဟာ HDL ဆိုတဲ့ အကျိုးပြုကိုလက်စထရောကို သွေးထဲမှာ အားကောင်းစေပါတယ်။ အဲဒီပစ္စည်းဟာ LDL လို့ခေါ်တဲ့ မကောင်းတဲ့ကိုလက်စထရော ဖြစ်ပေါ်ခြင်းကို ကာကွယ်ပေးပါတယ်။ LDL ဟာ နှလုံးသွေးကြောပိတ်စေတဲ့ အဆီဓါတ်ဖြစ်ပါတယ်။ ဒါပေမယ့် အမေရိကန်နှလုံးအဖွဲ့အစည်းကြီးက ကိုယ်လက်လှုပ်ရှားတာဟာ HDL ကိုလက်စထရောကို မြင့်မားစေတယ်လို့ ညွှန်ပြခဲ့ပါတယ်။ ဒါကြောင့်

    အရက်သောက်မယ့်အစား အားကစားခန်းမသို့ သွားခြင်းက ပိုကောင်းပါတယ်။ အရက်ဟာ သွေးကို ကျဲစေပြီး ဒုက္ခပေးနိုင်တဲ့ သွေးခဲတွေဖြစ်နိုင်ခြေကို လျော့ကျစေပါတယ်။ အရက်ပမာဏ အနည်းငယ်ဟာ သွေးတိုးကိုလည်း အနည်းငယ်ကျစေပါတယ်။ အသိသာကြီးတော့ မဟုတ်ပါဘူး။

    အရက်အမျိုးအစားအချို့ဟာ တခြားအမျိုးအစားထက် ပိုကောင်နိုင်လား

    သိပ်တော့ မသဲကွဲပါဘူး။ တချို့လေ့လာချက်တွေအရ ဝိုင်နီဟာ တခြားအရက်တွေထက် နှလုံးအတွက် ပိုကောင်းပါတယ်။ ဝိုင်နီမှာ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်ပါတယ်။ Resveratrol လို့ခေါ်တဲ့ အရာကတော့ သွေးဥမွှာတွေ စုပြုံလာခြင်းကို လျော့ကျစေပြီး သွေးလွှတ်ကြောတွေ ပျက်စီးခြင်းကို ကာကွယ်နိုင်ပါတယ်။ (ဒီလို စုပြုံခြင်းဟာ သွေးကိုပျစ်လာစေပြီး သွေးခဲ ဖြစ်ပေါ်စေပါတယ်။ အမေရိကန်နှလုံးအဖွဲ့အစည်းရဲ့ အကြံပြုချက်အရတော့ ဝိုင်နီဟာ ဝိုင်ဖြူ၊ ဘီယာနဲ့ တခြားအရက်မျိုးတွေထက်ပိုပြီး နှလုံးအတွက် အကျိုးဖြစ်စေတယ်ဆိုတာ

    ကောက်ချက်မဆွဲနိုင်သေးပါဘူး။ (စပျစ်သီးဖျော်ရည်ဟာလည်း ဝိုင်နဲ့ အကျိုးပြုတာခြင်း တူညီတယ်လို့ အကြံပြုထာပါသေးတယ်)

    မသောက်သေးသူတွေ စသောက်သင့်သလား

    မသောက်သင့်ပါဘူး။ အကျိုးရှိနိုင်မယ်ဆိုရင်တောင် သောက်သုံးဖို့ အားမပေးပါဘူး။ အရက်ဟာ တခြားကျန်းမာရေးကောင်းတဲ့ စားစရာတွေနဲ့ ကိုယ်လက်လေ့ကျင့်ခန်းတွေက နှလုံးကို အကျိုးပြုတဲ့နေရာမှာ အစားထိုးနိုင်တယ်လို့ AHA က သိပ္ပံနည်းကျ ကောက်ချက်မချသေးပါဘူး။

    အရက်ရှောင်ကြဉ်သူများဟာ နှလုံးရောဂါဖြစ်နိုင်ခြေကို ဘီယာ၊ ဝိုင်သောက်ခြင်းနဲ့ လျော့ချကောင်း လျှော့ချနိုင်ပါတယ်။ ဒါပေမယ့် ဘာအတွက် ဒီလိုလုပ်မလဲ။ တချို့မှာ အရက်ကိုရှောင်ဖို့ အကြောင်းပြချက်ကောင်းကောင်း ရှိပါတယ်။ နှလုံးအတွက် အကြောင်းပြပြီးသောက်တဲ့ ဝိုင်အနည်းငယ်ဟာ နောင် အကြီးအကျယ် ပျက်စီးရမယ့် အရက်စွဲရတဲ့ အားနည်းချက်ကို ညွှန်ပြနေပါတယ်။ ဒါ့အပြင် အရက်အနည်းငယ်လောက်ဟာ ကားတိုက်မှုနဲ့ ကင်ဆာအချို့ (ရင်သားကင်ဆာ၊ အူမကြီးကင်ဆာ) ကို ဖြစ်စေနိုင်ပါတယ်။

    ကိုယ်ဝန်သည်တွေသောက်ရင် မီးဖွားရခက်စေပါတယ်။

    သင်အခု အရက်မသောက်ရင် မသောက်မီမှာ ဆရာဝန်နဲ့ တိုင်ပင်ပါ။ နှလုံးရောဂါဖြစ်နိုင်ခြေ နည်းသူတွေ ဥပမာ နှလုံးရောဂါရာဇဝင် မရှိတဲ့ မိသားစုက လူငယ်တယောက်ဟာ အရက်သောက်ရင် ကောင်းကျိုးထက် ဆိုးကျိုးက ပိုများပါတယ်။

    သင်ဟာ အရက်ကိုနေ့စဉ် ၂ကြိမ်ထက်မက ကာလရှည်ကြာစွာ စွဲသောက်သူ အမျိုးသား (သို့) နေ့စဉ် တကြိမ်ထက်ပိုပြီး ကာလကြာကြာ သောက်လာတဲ့ အမျိုးသမီးဆိုရင် ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။ နှလုံးကြွက်သားရောဂါ ဖြစ်စေလောက်တဲ့အထိ မသောက်ဖြစ်သေးရင်တောင် ကျန်းမာရေးအတွက် အန္တရာယ်ရှိပါတယ်။ သင့်နှလုံးကို ကာကွယ်တာဟာ စိတ်ကူးကောင်းတခုဖြစ်ပေမယ့် ကိုယ်ခန္ဓါရဲ့ ကျန်အစိတ်အပိုင်းတွေအတွက်တော့ မကောင်းလှပါဘူး။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Thant Zin မှ ရေးသားသည်။ · 19/05/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement