“သွေးကျဲဆေးတွေသောက်နေရလို့ သွေးယိုစီးမှုကို ခံစားနေရတဲ့အတွက် သူမဟာ ဒီခွဲစိတ်ကုသမှုကို ခံယူဖို့အတွက် သင့်တော်ပါတယ်”လို့ Dr.Chiam က ပြောဆိုခဲ့ပါတယ်။
ပြည်သူ့ဆေးရုံမှာခံယူခဲ့တဲ့ ပထမကုသမှုကြောင့် စိတ်ဆင်းရဲနေခဲ့တဲ့ Tang ကို သွေးကျဲဆေးတွေဖြတ်လိုက်ရပြီးနောက် Dr Chiam ပြောတဲ့ ဒုတိယနည်းလမ်းကို လက်ခံခဲ့ပါတယ်။
“သူကကျွန်မရဲ့ နှလုံးအခြေအနေ၊ သွေးကျဲဆေးတွေနဲ့ သွေးယိုစိမ့်မှုအန္တရယ်တွေ၊ နောက်ပိုင်းမှာဖြစ်လာမယ့် သွေးခဲတွေရဲ့ အန္တရာယ်တွေကို ကျွန်မကို စိတ်ရှည်လက်ရှည်ရှင်းပြခဲ့ပါတယ်။ ဒီသွေးယိုစိမ့်မှုတွေကိုလျော့ပါးသွားစေဖို့အတွက် အဖြေကိုလည်း ရှင်းပြခဲ့ပါတယ်”လို့ လူနာဖြစ်တဲ့သူမက ပြောပါတယ်။
ပုံမှန်ဘဝဆီသို့
လူနာ Tang ကို Mount Elizabeth ရဲ့ နှလုံးခွဲစိတ်ကုသခန်းမှာ မေ့ဆေးပေးပြီး အစားထိုးကုသပေးခဲ့ပြီးနောက်တစ်နေ့မှာ ဆေးရုံဆင်းခွင့်ပြုခဲ့ပါတယ်။ ခွဲစိတ်မှုနောက်ပိုင်း ၄၅ ရက်အကြာ အစာအိမ်နဲ့အူလမ်းကြောင့်ဓါတ်မှန်ရိုက်ပြီးရင် နောက်တစ်လကြာမှ ကျန်းမာရေးစစ်ဆေးမှုလာရောက်ခံယူဖို့ လိုအပ်မှာဖြစ်ပါတယ်။ သွေးကျဲဆေးတွေကိုတော့ ဆက်သောက်ဖို့မလိုတော့ပါဘူး။
ရလဒ်နဲ့ပတ်သက်လို့ စိတ်ကျေနပ်မှုရှိတာကြောင့် Tang ဟာ စင်ကာပူပုဂ္ဂလိက ကဏ္ဍရဲ့ပထမဆုံးခွဲစိတ်ကုသမှုမှာ ပါဝင်ခွင့်ရတာကို ကျေနပ်နေပါတယ်။
“ဆရာဝန်ရဲ့ အကြံဉာဏ်က အကျိုးရှိတယ်လို့ ခံစားရရင် ယုံကြည်မှုရှိရှိနဲ့ ကုသမှုတွေရဲ့ ကောင်းကျိုးကို ရယူလိုက်စမ်းပါ။ ကျွန်မတို့ စင်ကာပူမှာ အရမ်းကောင်းတဲ့ကျန်းမာရေးစောင့်ရှောက်မှုတွေရှိနေပါပြီ”လို့သူမလိုပဲ အခြေအနေရှိနေတဲ့တခြားလူနာတွေကိုလည်း တိုက်တွန်းခဲ့ပါသေးတယ်။
Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။