backup og meta

လေယာဉ်စီးခြင်းကြောင့် ခရီးပန်းတာကို ဘယ်လိုရင်ဆိုင်ဖြေရှင်းကြမလဲ


Wathun Myat Chal မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    လေယာဉ်စီးခြင်းကြောင့် ခရီးပန်းတာကို ဘယ်လိုရင်ဆိုင်ဖြေရှင်းကြမလဲ

    လေယာဉ်စီးပြီး ခရီးမကြာခဏထွက်လေ့ရှိတဲ့သူတွေအတွက်တော့ ခရီးပန်းတယ်ဆိုတာ မထူးဆန်းတော့ပါဘူး။ အိပ်ရေးမဝတာတွေ၊ နေ့အချိန်အတွင်းမှာ ပင်ပန်းနွမ်းနယ်နေတာတွေ၊ အာရုံစိုက်လို့မရတာတွေနဲ့ အစာအိမ်ပြဿနာတွေဟာ ရှောင်လွှဲလို့မရတဲ့ပြဿနာတွေပါ။

    လေယာဉ်ကြောင့်ခရီးပန်းခြင်း ဆိုတာဘာလဲ၊ ဘာကြောင့်ဖြစ်ရတာလဲ ဆိုတာနဲ့ ဒီအခြေအနေကို ရင်ဆိုင်ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေကို ရှာဖွေကြည့်ရအောင်လား။ Jet Lag ဆိုတာဘာလဲ။

    လေယာဉ်ခရီးပန်းခြင်း ဆိုတာ ခရီးသွားအများစုအတွက်တော့ အချိန်အတိုင်းအတာတစ်ခုထိကြာနိုင်တဲ့ အိပ်စက်မှုဆိုင်ရာ ကမောက်ကမပြဿနာတွေ ဖြစ်ခြင်းပါ။

    သင်ခရီးသွားတဲ့အခါ အချိန် ဇုန်နှစ်ခုထက်ပိုပြီး အလျင်အမြန် ဖြတ်သန်းသွားတဲ့အခါ မျိုးတွေမှာ လေယာဉ်ခရီးပန်းခြင်း ဖြစ်တတ်ပါတယ်။

    တကယ်လို့သင်က အရှေ့ဘက်ကို ခရီးထွက်မယ်ဆိုရင် ဖြတ်ရတဲ့ အချိန်ဇုန်ချင်း တူတာတောင်မှ အနောက်ဘက်ကိုသွားတာထက် ပိုပြီးခရီးပန်းနိုင်ချေရှိပါတယ်။

    တကယ်လို့ သင်က သက်ကြီးပိုင်းဖြစ်နေခဲ့မယ်ဆိုရင် ခရီးပန်းတာပိုဖြစ်နိုင်ပြီး သက်သာပျောက်ကင်းဖို့လည်း ပိုပြီးကြာနိုင်ပါလိမ့်မယ်။

    ဘာတွေက လေယာဉ် ခရီးပန်းခြင်းကိုဖြစ်စေတာလဲ။

    လေယာဉ်ခရီးပန်းခြင်းဆိုတာ အဟုန်နဲ့ ခရီးသွားတဲ့အခါ သင့်အိပ်စက်ခြင်း၊ နိုးထခြင်းတို့ကို ထိန်းချုပ်ပေးတဲ့ ဇီဝနာရီ ကို ကမောက်ကမဖြစ်စေတာကြောင့် ဖြစ်ရတာပါ။

    ဇီဝနာရီဟာ သင့်ရဲ့အိပ်စက်ခြင်း ၊ နိုးထခြင်း လုပ်ငန်းဆောင်တာတွေနဲ့ ဇီဝကမ္မဖြစ်စဉ်တွေကို အောက်ပါအခြင်းအရာတွေအားဖြင့် သက်ရောက်မှုဖြစ်စေပါတယ်။

    • အစာစားလိုစိတ်
    • အစာချေဖျက်ခြင်း
    • ဝမ်းသွားသော အလေ့အထများ
    • ဆီးထုတ်လုပ်ခြင်း
    • ခန္ဓါကိုယ်အပူချိန်
    • သွေးဖိအား

    သင့်ခန္ဓါကိုယ်ရဲ့ ဇီဝနာရီဟာ အလင်းရောင်နဲ့ လူမှုပတ်ဝန်းကျင်ပေါ်မူတည်ပြီး သင့်ဒေသစံတော်ချိန်အတိုင်း မှီငြမ်းပြီး

    ဖြစ်ပေါ်နေတာပါ။ ဒါကြောင့်လည်း သင်က နံနက်ဆိုတက်ကြွနေပြီး ညဘက်ဆို အိပ်ရာဝင်နေရတာပေါ့။

    တကယ်လို့သင်က အချိန်ဇုန်တွေကို ဖြတ်သွားရပြီဆိုရင် ဇီဝနာရီဟာ သင်ရောက်ရှိမယ့်နေရာနဲ့ကိုက်ညီမယ့် နေ့စဉ်လုပ်ငန်းဆောင်တာတွေကို ပုံမှန်လုပ်ဆောင်နိုင်အောင် ချိန်ညှိပေးနိုင်ဖို့ အချိန်ယူရပါလိမ့်မယ်။

    နောက်ထပ် အကြောင်းရင်းတစ်ခုကတော့ ပေ ၈၀၀၀ နဲ့အထက်မှာရှိတဲ့ လေထုဖိအားဟာ သွေးထဲက အောက်ဆီဂျင်ပမာဏကိုလျော့ကျစေပြီး ခရီးသည်တွေကို ပင်ပန်းနွမ်းနယ်စေပါတယ်။ ဒါ့အပြင် လူတွေက လေယာဉ်ပေါ်မှာ လှုပ်လှုပ်ရှားရှားမလုပ်ကြဘူးမဟုတ်လား။ ဒါကလည်း လေယာဉ်ကြောင့် ခရီးပန်းခြင်းကိုဖြစ်ပေါ်စေနိုင်ပြီး ဇီဝကမ္မဖြစ်စဉ်ကို ထိန်းညှိတဲ့နေရာမှာ အနှောင့်အယှက်ဖြစ်စေတော့တာပါပဲ။

    လေယာဉ်ကြောင့်ခရီးပန်းတာကို ဘယ်လိုရင်ဆိုင်ဖြေရှင်းမလဲ။

    ယေဘုယျအားဖြင့်တော့ ခရီးပန်းခြင်းဟာ ကုသမှုမလိုအပ်ဘဲ ရက်အနည်းငယ်အတွင်းမှာ သူ့အလိုလိုပျောက်သွားတတ်တာမျိုးပါ။ အောက်ပါအချက်တွေကလည်း ခရီးပန်းတာကြောင့်ဖြစ်ရတဲ့ အကျိုးသက်ရောက်မှုတွေကို လျှော့ချပေးနိုင်ပါလိမ့်မယ်။

    • ခရီးမထွက်ခင်မှာ အချိန်ဇယားအသစ်ကို အသားကျအောင်လုပ်ပါ။

    တကယ်လို့သင်က အရှေ့ဘက်ကို ခရီးထွက်ရမယ်ဆိုရင် ပိုပြီးစောစောအိပ်ပါ။ ပုံမှန်အားဖြင့် တစ်ညကို နာရီဝက်လောက် ပိုစောအိပ်ပါ။ ဒါကို သင်ခရီးမထွက်ခင် ညပေါင်းများစွာ ကြိုလုပ်ထားပါ။

    တကယ်လို့ အနောက်ဘက်ကို သွားမှာဆိုရင်တော့ ပြောင်းပြန်ပါပဲ။ သင့်ရဲ့ အစာစားချိန်တွေကိုလည်း သင့်ခရီးပန်းတိုင်က ဒေသစံတော်ချိန်နဲ့ နီးစပ်တဲ့အချိန်တွေကို ရွှေ့ပြောင်းစားသောက်နိုင်ပါတယ်။

    • လေယာဉ်စီးနေစဉ်မှာ အချိန်ဇယားအသစ် နဲ့ကိုက်ညီအောင် နေကြည့်ပါ။

    ဒီစိတ်ပညာဆိုင်ရာ နည်းလမ်းလေးကို သုံးကြည့်ပါ။ သင့်နာရီကို လေယာဉ်ပေါ်ရောက်တာနဲ့ အချိန်ပြောင်းထားလိုက်ပါ။ ဒါက သင့်ရဲ့ခရီးဆုံးကို ရောက်တဲ့အခါ သင်ဘာတွေလုပ်ဖြစ်မယ်ဆိုတဲ့ အမြင်ကို ပြောင်းလဲပေးနိုင်ပါလိမ့်မယ်။

    • လှုပ်ရှားပါ။

    မကြာခဏလို မတ်တပ်ရပ်ပြီး လှုပ်လှုပ်ရှားရှားနေပေးပါ။ ငြိမ်ငြိမ်နေပြီးလုပ်ရမယ့် လေ့ကျင့်ခန်းမျိုး တွေနဲ့ အကြောဆန့်တာမျိုးကို လေယာဉ်ပေါ်မှာလုပ်ပေးပါ။ ဒါပေမယ့် ခရီးစဉ်ပြီးဆုံးသွားတဲ့နောက်တော့ အိပ်ခါနီးဆဲဆဲမှာ ပြင်းထန်တဲ့လေ့ကျင့်ခန်းတွေကို မလုပ်ပါနဲ့။ ဒါတွေက အိပ်ပျော်နိုင်ဖို့ ပိုပြီး ကြန့်ကြာစေပါတယ်။

    • သဘာ၀ အလင်းရောင်ထဲမှာ ခဏနေပေးပါ။

    သွားလိုရာကို ခရီးကိုရောက်ပြီဆိုရင် သဘာဝအလင်းရောင်ထဲမှာ နေလိုက်ခြင်းက သင့်ခန္ဓါကိုယ်က အချိန်ဇယားအသစ် နဲ့လိုက်လျောညီထွေဖြစ်ဖို့ ပံ့ပိုးကူညီပေးရာရောက်ပါတယ်။

    • ရေဓါတ်ပြည့်နေပါစေ။

    အရည်များများသောက်ပါ။ ဒါပေမယ့် ကဖင်းနဲ့ အရက်တော့မပါပါစေနဲ့။

    • အိပ်ချိန်မတိုင်ခင် အနားယူပါ။

    ရေနွေးစိမ်တာဖြစ်ဖြစ် စာအုပ်ဖတ်တာပဲဖြစ်ဖြစ်လုပ်ပြီး စိတ်ဖိစီးမှုဒဏ်တွေကနေ ကင်းဝေးအောင်နဲ့ အိပ်ချင်စိတ်ဖြစ်ပေါ်လာအောင် လုပ်ယူလို့ရပါတယ်။

    • အိပ်စက်ခြင်းကို အနှောက်အယှက်ဖြစ်စေမယ့် အရာတွေကို ရှောင်ပါ။

    အိပ်စက်ခြင်းကို အနှောက်အယှက်ဖြစ်စေမယ့် အချက်တွေဖြစ်တဲ့ အလင်းရောင်နဲ့ ဆူညံသံတွေကို အတတ်နိုင်ဆုံး လျော့နည်းအောင်လုပ်ပါ။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Wathun Myat Chal မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement