မိုးနံ့သင်းသင်းလေးကပေးတဲ့ ကျန်းမာရေး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 27, 2020 . 1 min read
Share now

လူ တော်တော်များများက မိုးစက် မိုးပေါက်လေးတွေ ကျနေတဲ့ အသံကို သဘောကျ ကြပါတယ်။ အကြောင်းကတော့ မိုးရာသီရဲ့ သံစဉ်လေးတွေက စိတ်ကို လန်းဆန်း စေလို့ပါ။ ဒါတင်လား ဆိုတော့ မဟုတ်သေးပါဘူး။ မိုးရာသီမှာ ခပ်သင်းသင်းလေး လွင့်ပျံနေတတ်တဲ့ မိုးနံ့ သင်းသင်းလေး ကလည်း ကျန်းမာရေးကို အထောက်အကူ ပြုပေးပါသေးတယ်။

မိုးနံ့ သင်းသင်းလေး နဲ့ မိုးစက်မိုးပေါက်လေးတွေက ဦးနှောက်ရဲ့  ခံစားမှု အပိုင်းကိုရော မှတ်ဉာဏ် ထိန်းသိမ်းမှု အပိုင်းကိုပါ ကောင်းကျိုးတွေ ပေးပါတယ်။

မိုးရွာချလိုက်တဲ့အခါ ထွက်လာတဲ့ မိုးနံ့ သင်းသင်းလေးနဲ့ မိုးရေစက်လေးတွေက ကျန်းမာရေးကို ဘယ်လို အထောက်အကူ ပြုလဲဆိုတာကို လေ့လာထားတဲ့ တွေ့ရှိချက်လေးတွေ အကြောင်း ပြောပြပေး သွားပါမယ်။

မိုးကပေးတဲ့ ကျန်းမာရေး

ရွာချလိုက်တဲ့ မိုးစက် မိုးပေါက်လေးတွေ နဲ့ မိုးနံ့ သင်းသင်းလေးတွေက

ရှူသွင်းလိုက်တဲ့ လေတွေကို သန့်စင်စေတယ်

လေထုတွေက ခြောက်သွေ့တဲ့ ရာသီကာလ မှာဆိုရင် ဖုန်မှုန့်တွေ၊ မီးခိုးငွေ့တွေကြောင့် ညစ်ညမ်း နေနိုင်ပါတယ်။ မိုးရာသီ မှာတော့ ဒီလို မဟုတ်ဘဲ ပတ်ဝန်းကျင်က အေးမြ နေသလို လေထု ကလည်း လတ်ဆတ်လို့ နေပါတယ်။

စိတ်ဖိစီးမှုကို ပြေလျော့စေတယ်

မိုးရာသီရဲ့ ရနံ့လေးက စိတ်ဖိစီးမှုတွေကို ပြေလျော့ စေနိုင်ပါတယ်။ စိတ်ခံစားမှု ကောင်းစေဖို့လည်း အကောင်းဆုံး အထောက်အပံ့ ပေးနိုင်ပါတယ်။

ပိုမို ကောင်းမွန်တဲ့ ဆက်ဆံရေးတွေကို တည်ဆောက်နိုင်စေတယ်

မိုးစက် မိုးပေါက်လေးတွေ နဲ့ မိုးနံ့ သင်းသင်းလေးက ဆင်ခြင် တွေးတောနိုင်စွမ်း နဲ့ နားလည်နိုင်စွမ်းကို တိုးတက်စေပြီး ပြဿနာတွေကို ကောင်းကောင်း ဖြေရှင်းနိုင်စေသလို ကောင်းမွန်တဲ့ ဆက်ဆံရေးတွေကို တည်ဆောက်နိုင်စေဖို့ အကောင်းဆုံး အထောက်အပံ့ ပေးနိုင်ပါတယ်။

အသားအရေကို ကျန်းမာစေတယ်

မိုးကာလမှာ လေထုက လတ်ဆတ်သလို အစိုဓာတ် ပါဝင်မှုကလည်း များပါတယ်။ ဒီလို အစိုဓာတ် ပါဝင်နေမှုကပဲ အသားအရေကို အစိုဓာတ် ထိန်းပေးပြီး ခြောက်သွေ့မှု ကင်းစေလို့ အရေပြား ကျန်းမာစေမှာပါ။

လေထုထဲမှာ ပါတဲ့ အရေပြားကို ထိခိုက် စေနိုင်တဲ့ ဘက်တီးရီးယားတွေကို အကောင်းဆုံး ဖယ်ရှား ပေးနိုင်ပါတယ်။

စိတ်ခံစားမှု ကောင်းစေတယ်

မိုးရာသီရဲ့ အေးမြမှု နဲ့ မိုးနံ့ သင်းသင်းလေးက စိတ်ခံစားမှုကို ကောင်းစေနိုင်ပါတယ်။ ပြဿနာ ဖြေရှင်းနိုင်စွမ်းကို ကောင်းစေသလို စိတ်ကို ကြည်လင် စေနိုင်ပါတယ်။

ကယ်လ်လိုရီ လောင်ကျွမ်းစေနိုင်တယ်

ပူပြင်းတဲ့ ကာလတွေမှာ လေ့ကျင့်ခန်း မလုပ်ဖြစ်၊ ဟိုနား ဒီနား သွားတဲ့အခါ လမ်းမလျှောက် ဖြစ်ပေမယ့် မိုးကာလမှာ ရာသီဥတုက အေးတာကြောင့် လေ့ကျင့်ခန်း ပိုလုပ် ဖြစ်နိုင်သလို အနီးအနား သွားစရာကို လမ်းလျှောက် သွားတာ​ကြောင့် ကယ်လ်လိုရီ ပိုမို လောင်ကျွမ်း စေနိုင်ပါတယ်။

ကဲ..မိုးရာသီက စိုစိုစွတ်စွတ် ဖြစ်တယ်ဆိုပြီး စိတ်ညစ်မနေပါနဲ့။ အခုလို အကျိုးကျေးဇူးလေးတွေ ပေးတယ် ဆိုတာကိုလည်း သတိ ပြုစေချင်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy
ရင်းမြစ်များ

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

အာပူရွက် ရဲ့ကျန်းမာရေး အာနိသင်

အာပူရွက် ကို Urtica dioica လို့ ခေါ်ပြီး လက်တင်စကားလုံး uro ကနေ ဆင်းသက်လာတာပါ။ ပူနွေးခြင်းလို့ အဓိပ္ပါယ်ရပါတယ်။ အကြောင်းက ထိရင်၊ စားမိရင် ပူနွေးစေလို့ပါပဲ။ 

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ကော်လာဂျင်နဲ့ မေးခွန်းများစွာ

ကော်လာဂျင်နဲ့ မေးခွန်းများစွာ ကော်လာဂျင်က ကျန်းမာရေးအတွက် အကျိုးကျေးဇူးတွေ များပေမယ့်  ကော်လာဂျင်ကို အသားအရေအတွက် အဓိက သောက်ကြပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

အရေပြား ဓာတ်မတည့်မှု

အရေပြား ဓာတ်မတည့်မှု က ကလေးတွေမှာရော အရွယ်ရောက်ပြီးသူတွေမှာပါ အမျိုးအမျိုးသော အခြေအနေတွေနဲ့ ဖြစ်နိုင်ပါတယ်။ ဖြစ်စေတဲ့ အကြောင်းအရင်းတွေကလည်း အမျိုးမျိုးပါပဲ။ 

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

အခါးဓာတ်ပါတဲ့ အရာတွေက ဝက်ခြံကို သက်သာစေလား။

အခါးဓာတ်ပါတဲ့ အရာတွေက ဝက်ခြံ ကို သက်သာစေလား။ အခါးဓာတ်ပါတဲ့အရာတွေက အစာခြေစနစ်ကို ကျန်းမာစေသလို ကိုယ်တွင်းအဆိပ်အတောက်တွေကို ဖယ်ရှားပေးပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

ဆီးချိုသမားတွေအတွက် အသင့်တော်ဆုံး ဟင်းချက်ဆီ ရွေးချယ်မယ်။

ဆီးချိုသမားတွေအတွက် အသင့်တော်ဆုံး ဟင်းချက်ဆီ ရွေးချယ်မယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 12, 2021 . 2 mins read
ဆီးချို ရှိသူတွေ သတိထားသင့်တဲ့ ရေဓာတ်ခန်းခြောက် ခြင်း

ဆီးချို ရှိသူတွေ သတိထားသင့်တဲ့ ရေဓာတ်ခန်းခြောက် ခြင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 9, 2021 . 2 mins read
မုယော ရဲ့ကျန်းမာရေး အာနိသင်

မုယော ရဲ့ကျန်းမာရေး အာနိသင်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 8, 2021 . 2 mins read
အုန်းလက်၊ အုန်းမြစ် တို့ကလည်း ဆေးဖက်ဝင်ပါတယ်

အုန်းလက်၊ အုန်းမြစ် တို့ကလည်း ဆေးဖက်ဝင်ပါတယ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 8, 2021 . 2 mins read