backup og meta

ကလေးတွေမှာ ဖန်တီးနိုင်စွမ်းကို ဘယ်လို မြှင့်တင်မလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr . Phyu Mon Latt မှ ရေးသားသည်။ · 07/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေးတွေမှာ ဖန်တီးနိုင်စွမ်းကို ဘယ်လို မြှင့်တင်မလဲ

    ဖန်တီးနိုင်စွမ်းဟာ လူတစ်ယောက်ရဲ့ အနာဂတ်အောင်မြင်မှုကို လွှမ်းမိုးနိုင်တဲ့ အကြီးဆုံး အချက်တစ်ခု ဖြစ်ပါတယ်။ ကလေးတိုင်းဟာ သူတို့မှာ ဖန်တီးနိုင်တဲ့ မျိုးစေ့ရှိပါတယ်။

    မိဘတွေဟာ ကလေးတွေရဲ့ မျိုးစေ့ အပင်ပေါက်လာမလား၊ ကြီးလာမလား၊ မကြီးလာဘူးလားဆိုတာကို ဆုံးဖြတ်တဲ့နေရာမှာ အဓိက ကျပါတယ်။ ကလေးရဲ့ ဖွံ့ဖြိုးမှု အပြည့်အဝရရှိဖို့အတွက် မိဘတွေက ကလေးရဲ့ ဖန်တီးနိုင်စွမ်းကို တိုးတက်စေမယ့် အချက် ၇ ချက်ကို ဖေါ်ပြလိုက်ရပါတယ်။

    သူတို့ကို အမှီအခိုကင်းစွာ တွေးတောဖို့ အားပေးပါ။

    ကလေးအများစုဟာ မိဘတွေကို အတုယူပြီး အကြံဉာဏ်တောင်းကာ မိဘတွေက အမြဲတမ်း မှန်ကန်တဲ့ ဆုံးဖြတ်ချက်ကို ချနိုင်သူတွေလို့ ယုံကြည်ကြပါတယ်။ ပြဿနာပေါ်လာရင် မိဘတွေက အမြဲတမ်းသူတို့ကို တိုင်ပင်ဖို့ ပြောထားတဲ့အချက်ကို မငြင်းနိုင်ပါဘူး။

    ဒါပေမယ့် ပြဿနာတွေကို အဖြေရှာရာမှာ သူတို့ကို တွေးတောဖို့ အခွင့်အရေးပေးသင့်ပြီး မိဘတွေက အကြံဉာဏ်ကို နောက်ပိုင်းမှ ပေးနိုင်ပါတယ်။

    ကလေးတွေကို အိပ်ရာဝင်ပုံပြင်တွေ ပြောပြနေစဉ်မှာ ပုံပြင် တစ်ခုလုံးပြောပြမယ့်အစား သူတို့ရဲ့ ဖန်တီးနိုင်စွမ်းကို တိုးတက်စေဖို့ မိဘတွေက ပုံပြင်တစ်ဝက်ကိုသာ ပြောပြပြီး အခြားတစ်ဝက်ကို ကလေးငယ်ကို ဆက်လက်ပြောစေနိုင်ပါတယ်။

    ကလေးငယ်တွေကို ဆေးရောင်ခြည်စာအုပ်တွေထဲက အရောင်တွေအတိုင်း အတိအကျ ခြယ်ရန်မလိုအပ်ပဲ သူတို့စိတ်တိုင်းကျ အရောင်ခြယ်စေခြင်း၊ သူတို့ကြိုက်ရင် ပုံတွေ ထပ်ဖြည့်ခြင်းတွေကိုပါ ပြုလုပ်စေသင့်ပါတယ်။

    မကောင်းမမြင်ပါနဲ့။

    မိဘတွေဟာ အတင်းအကျပ်မလုပ်သင့်ပါဘူး။ စည်းကမ်းတင်းကျပ်ခြင်းဟာ ကလေးငယ်ကို စည်းကမ်းလိုက်နာစေပေမယ့် သူတို့ရဲ့ ဖန်တီးနိုင်စွမ်းနဲ့ ပြဿနာ ဖြေရှင်းနိုင်စွမ်းကို တားမြစ်နိုင်ပါတယ်။

    မိဘတွေဟာ အကဲဖြတ်တဲ့ စကားတွေကို ရှောင်ကျဉ်သင့်ပြီး ကလေးငယ်တွေကို အခြားကလေးတွေနဲ့ နှိုင်းယှဉ်ပြောခြင်း မပြုသင့်ပါဘူး။ ဒါဟာ သူတို့ကိုယ်သူတို့ တန်ဖိုးထားမှုကို လျော့ကျစေပြီး အခြားအသစ် စိန်ခေါ်မှုတွေ တွေ့ကြုံကြည့်ဖို့ကို စိုးရိမ်မှု ဖြစ်ပေါ်စေပါတယ်။

    သူတို့ကို အရင်းအမြစ်တွေ ပေးပါ။

    အရုပ်တွေဟာ ကလေးတွေအတွက် ပျော်စရာ၊ စိတ်လက်ပေါ့ပါးစရာ ဖြစ်ပေမယ့် ဒီအရုပ်တွေဟာ ကလေးတွေရဲ့ စိတ်ကူးယဉ်မှုကို အကောင်းဆုံးဖေါ်ထုတ်ပေးနိုင်တဲ့ အရာတွေလည်း ဖြစ်ပါတယ်။

    မိဘတွေဟာ သူတို့ကလေးငယ်တွေ TV၊ computers ကြည့်တဲ့ အချိန်တွေကို ကန့်သတ်သင့်ပြီး ဖန်တီးမှုတိုးမြင့်စေတဲ့ အရာတွေ ဖြစ်တဲ့ playdough၊ သစ်သားအိမ်ဆောက်ခြင်း၊ အိမ်ဆောက်တဲ့ ကိရိယာများ၊ အရောင်ခြယ်စာအုပ်၊ အရုပ်ငယ်လေးတွေ အစရှိတာတွေ ဝယ်ပေးထားသင့်ပါတယ်။

    ဒါပေမယ့် ကလေးငယ်တွေကို ကစားစရာ အမြောက်အမြား မဝယ်ပေးသင့်ပါဘူး။ သူတို့မှာ ကလေးစရာ များစွာ ရှိလေလေ သူတို့ဟာ တစ်ခုခုကို အကောင်းဆုံးဖန်တီးရာမှာ အားနည်းလေလေပဲ ဖြစ်ပါတယ်။

    မိဘတွေက ကလေး သက်တောင့်သက်သာရှိပြီး ဖန်တီးမှုကို မြင့်တက်စေတဲ့ ပတ်ဝန်းကျင်မျိုးကိုလည်း ဖန်တီးပေးထားသင့်ပါတယ်။ အလွယ်ကူဆုံးနည်းလမ်းကတော့ ကလေးရဲ့အခန်းကို အားအင်ပြည့်စေတဲ့ အရောင်တွေ ဖြစ်တဲ့ အဝါရောင်၊ လိမ္မော်ရောင် သုတ်ထားပေးဖို့ပဲ ဖြစ်ပါတယ်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr . Phyu Mon Latt မှ ရေးသားသည်။ · 07/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement