အရောင်တွေနဲ့ ခံစားချက်များ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 25, 2020 . 3 mins read
Share now

“When in doubt, wear Red” – ဒွိဟတွေနဲ့ ဝေခွဲမရဖြစ်နေရင် အနီရောင်ကို ဝတ်ပါ။ ဒီ စကားကို အားလုံး ကြားဖူးကြလိမ့်မယ် ထင်ပါတယ်။ အနီရောင်ဟာ တက်ကြွခြင်း၊ လတ်ဆတ် နုပျိုခြင်း၊ ရဲရင့်ခြင်း စတာတွေရဲ့ ပြယုဂ်ပါ။ အနီရောင်လိုပဲ တခြားအရောင်တွေကလည်း စိတ်ပိုင်းဆိုင်ရာ ခံစားချက်တွေအပေါ် လွှမ်းမိုးမှုတွေ ရှိပါတယ်။ ဒါကို စိတ်ပညာအရ Color Psychology လို့ ရိုးရှင်းစွာ သုံးနှုန်းထားပါတယ်။

အရောင်တွေက ကလေးဘဝ အမှတ်တရတွေ၊ ခံစားချက်တွေနဲ့ အများကြီး ဆက်နွှယ်နေပါတယ်။ ဥပမာအားဖြင့် သူငယ်ချင်းတွေနဲ့ တွေ့တဲ့အခါ အနီရောင် တောက်တောက်ကို အမေက ဆင်ပေးလိုက်တယ်။ သူငယ်ချင်းတွေနဲ့တွေ့လို့ ဝိုင်းရယ်တာ ခံရတဲ့အခါမှာ အနီရောင်ကို မုန်းသွားတာမျိုးပေါ့။ သင့်အကြိုက်ကို လိုက်ပြီး တစ်ခါတလေမှာ အရောင်တချို့က စိတ်ပျော်ရွှင်စေပါတယ်။ တချို့ အရောင်တွေက ဖန်တီးမှုတွေကို ဆန်းသစ်စေသလို တချို့ အရောင်တွေက လွမ်းဆွတ်မှုကို ခံစားရစေပါတယ်။ ဒီတော့ အရောင်တွေရဲ့ အုပ်စုအလိုက် ဘယ်အရောင်တွေက ဘယ်လို ခံစားချက်တွေကို အသက်သွင်းပေးနိုင်သလဲဆိုတာ လေ့လာကြည့်ရအောင်။

Warm colors

အနီ၊ လိမ္မော် နဲ့ အဝါ ဘက်သွားတဲ့ အရောင်တွေကို နွေးထွေးတဲ့ အရောင်တွေ တစ်နည်းအားဖြင့် Warm Colors တွေလို့ ခေါ်ပါတယ်။ ဒီအရောင်တွေက အကောင်းမြင်စိတ်၊ ပျော်ရွှင်မှုနဲ့ စွမ်းအင်တွေကို ထုတ်ပေးပြီး လူအများရဲ့ အာရုံစိုက်မှုကို ရရှိစေနိုင်ပါတယ်။ အနီရောင်က အစာစားချင်စိတ်ကိုတောင် မြှင့်တင်ပေးနိုင်ပါသေးသတဲ့။

Cool Colors

အစိမ်း၊ အပြာနဲ့ ခရမ်းတို့လို အေးမြတဲ့ အရောင်တွေကတော့ ဝမ်းနည်းမှုကို ဖော်ပြနိုင်သလို ငြိမ်းအေးတဲ့ စိတ်ကိုလည်း ဖော်ဆောင်နိုင်ပါတယ်။ ကျန်းမာခြင်း၊ လှပခြင်း နဲ့ လုံခြုံမှုတွေကို ဖော်ပြပေးနိုင်ဖို့အတွက်တော့ ဒီအရောင်တွေက ကွက်တိပါပဲ။

ဒါဖြင့် အရောင်တစ်ခုချင်းစီအကြောင်း နည်းနည်း လေ့လာကြည့်ရအောင်။

အဖြူရောင်

သန့်စင် လတ်ဆတ်ပြီး တက်ကြွတဲ့ ခံစားမှုကို ပေးပါတယ်။ ငယ်ရွယ် နုပျိုခြင်း နဲ့ မော်ဒန်ဆန်တဲ့ ခံစားမှုတွေကို လိုချင်ရင် အဖြူရောင်ကို ဆင်ကြည့်ပါ။

အနက်

ဝမ်းနည်းခြင်း အရောင်လို့ဆိုပေမဲ့ အနက်ဟာ အတော်ကို ဆွဲဆောင်မှု ပြင်းတဲ့ အရောင်ပါ။ ပြီးတော့ အနက်ဟာ လျှို့ဝှက်ဆန်းကြယ်ခြင်း နဲ့ အာဏာ၊ ဩဇာလွှမ်းမိုးခြင်းဆိုတဲ့ ခံစားချက်တွေကိုလည်း ပေးစွမ်းနိုင်တာကြောင့် ဇိမ်ခံကားတွေဆိုရင် အနက်ရောင်တွေ အထုတ်များတာပေါ့။

ငွေရောင်

မော်ဒန်ကျကျ ဆန်းသစ်တဲ့ ခံစားမှုကို လိုချင်ရင် ငွေရောင်က အသင့်တော်ဆုံးပါပဲ။ အဆင့်မြင့်နည်းပညာတွေ အသုံးပြုထုတ်လုပ်ထားတဲ့ ပစ္စည်းတွေဟာ ငွေရောင်တွေများပါတယ်။ ငွေရောင်ဟာ လုံးဝ အသစ်လွင်၊ အဆန်းသစ်ဆုံး မော်ဒန်ပစ္စည်းတွေနဲ့ ဆက်နွယ်နေတာပါ။

အနီ

အနီရောင်ဟာ အနွေးထွေးဆုံးနဲ့ အရွေ့ အများဆုံး အဓိပ္ပာယ် အများဆုံး အရောင်ပါ။ သူက ဆန့်ကျင်ဖက် ခံစားချက်တွေကို ဖြစ်ပေါ်စေပါတယ်။ ဥပမာအားဖြင့် ချစ်ခြင်း နဲ့ စိတ်အားထက်သန်ခြင်း၊ ဒေါသနဲ့ အန္တရာယ် စတဲ့ ဝိရောဓိ အဓိပ္ပာယ်တွေပေါ့။ အနီရောင်ဟာ တက်ကြွပြီး အားအင်ပြည့်စေတာတော့ ငြင်းမရတဲ့ အချက်ပါပဲ။ လူတစ်ယောက်ရဲ့ နှလုံးခုန်နှုန်းကိုလည်း မြန်စေပြီး စိတ်လှုပ်ရှားအောင်လည်း ပြုစားနိုင်ပါသတဲ့။ ဒါကြောင့် အနီရောင်နဲ့ဆို သိပ်ပြီး ညှို့အားပြင်းတယ်လို့ သတ်မှတ်ထားကြတာပေါ့။

လိမ္မော်

လိမ္မော်ရောင်ကတော့ စွမ်းအင်အပြည့် နဲ့ စိတ်အားထက်သန်မှုကို ကိုယ်စားပြုနေသလို ရှင်သန်ခြင်း နဲ့ ပျော်ရွှင်ခြင်းကိုလည်း ကိုယ်စားပြုနေပါတယ်။ ပြီးတော့ ရင်းနှီးနွေးထွေးမှုကိုလည်း ခံစားရစေတယ်လေ။

အဝါ

အဝါရောင်ကတော့ ပျော်ရွှင်ခြင်း၊ ရယ်မောခြင်း၊ မျှော်လင့်ချက်နဲ့ နေရောင်ခြည်လို နွေးထွေးခြင်းဆိုတဲ့ အဓိပ္ပာယ်ပါပဲ။ အကောင်းမြင်စိတ် နဲ့ ပျော်ရွှင်တက်ကြွခြင်းကို ပေးစွမ်းနိုင်သလို အဝါက လင်းလွန်းတာကြောင့် ကြည့်သူတွေကိုလည်း မျက်စိစပါးမွှေး စူးစေတတ်တာကြောင့် နည်းနည်း သတိထားဆင်ယင်ရမယ့် အရောင်ပါပဲ။

အစိမ်း

အစိမ်းရောင်ဟာ အကောင်းမြင်စိတ်နဲ့ လန်းဆန်းခြင်းကို ဖြစ်စေနိုင်ပါတယ်။ မျက်လုံးပင်ပန်းနေတဲ့အခါ အစိမ်းရောင်အပင်တွေကို ကြည့်လိုက်ရင် အားပြည့်လန်းဆန်းလာတယ်မဟုတ်လား။ အေးဆေးပြီး သက်တောင့်သက်သာဖြစ်စေမယ့် အရောင်မျိုးကို လိုအပ်နေတယ်ဆိုရင် အစိမ်းရောင်ကို ရွေးချယ်ပါ။

အပြာ

အပြာရောင်ကတော့ လုံခြုံစိတ်ချမှု၊ ယုံကြည်မှုနဲ့ သက်တောင့်သက်သာ ဖြစ်မှုကို ပေးစွမ်းနိုင်ပါတယ်။ ကောင်းကင်ပြင်ကို ငေးလိုက်ရင် ဘာမှမဟုတ်ပေမဲ့ ကြည်နူးအေးချမ်းတယ် မဟုတ်လား။ ဒါဟာ အပြာရောင်ရဲ့ ဂုဏ်သတ္တိပါပဲ။ အပြာရောင်ကို မြင်ရတဲ့အခါ ခန္ဓာကိုယ်ထဲက တည်ငြိမ်အေးချမ်းမှုကို ဖြစ်ပေါ်စေတဲ့ ဓာတုပစ္စည်းတွေကို အလိုအလျောက် ထုတ်ပေးပါတယ်။ အပြာရင့်တွေကတော့ ပရော်ဖက်ရှင်နယ်လ် ဆန်တဲ့ ခံစားချက်ကို ပေးပြီး အပြာနုက သက်တောင့်သက်သာ နဲ့ ရင်းနှီးခင်မင်တဲ့ ခံစားချက်တွေကို ပေးပါတယ်။

ခရမ်းရောင်

ခရမ်းရောင်ကတော့ ဖန်တီးနိုင်စွမ်း၊ လျှို့ဝှက်ဆန်းကြယ်မှု၊ တော်ဝင်ဆန်မှု နဲ့ ကြွယ်ဝခြင်းတွေရဲ့ ပြယုဏ်ပါ။ ခရမ်းဖျော့ရောင်တွေက ကြည့်သူတွေကို အေးချမ်းစေပြီး ခရမ်းရောင်ကို ပစ္စည်းဒီဇိုင်းတွေထဲ ထည့်သုံးတဲ့အခါ ဈေးကြီးတဲ့ ဇိမ်ခံပစ္စည်းအသွင်ပေါက်စေပြီး ခရမ်းဖျော့ရောင်ကို ထည့်သုံးတာက အချစ်နဲ့ လျှို့ဝှက်ဆန်းကြယ်မှုတွေကို ကိုယ်စားပြုနေပါတယ်။

ပန်းရောင်က ရိုမန့်တစ် ဆန်ပြီး တက်ကြွလန်းဆန်းမှုကို ပေးစွမ်းနိုင်သလို ချိုမြိန်ပြီး ချစ်စရာကောင်းတဲ့ အသွင်ကို ရစေပါတယ်။

အညိုရောင်ကတော့ သဘာဝဆန်ဆန်နဲ့ တည်ငြိမ်ပြီး အားကိုးရလောက်တယ်ဆိုတဲ့ ခံစားမှုကို ပေးစွမ်းသလို မီးခိုးရောင်က ပရော်ဖက်ရှင်နယ်လ်ဆန်ပြီး လေးနက်တဲ့ သဘောကို ဆောင်ပါတယ်။

အရောင်တွေတိုင်းဟာ ခံစားမှုတွေပေါ် နည်းလမ်းအမျိုးမျိုးနဲ့ သက်ရောက်နေပြီး ကိုယ့်အခြေအနေနဲ့ လိုက်ဖက်တဲ့ အရောင်တွေကို ရွေးချယ်ဆင်ယင်နိုင်မယ်ဆိုရင်တော့ Career နဲ့ နေ့စဉ်ဘဝတွေမှာ အကျိုးရှိစေမှာ ကျိန်းသေပါပဲ။

Wathun Myet Chal

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

အရသာရှိရှိ ဆေးဘဲဥသုပ် စားကြရာဝယ်

ဆေးဘဲဥလို့ ပြောလိုက်ရင် လူတိုင်း မြင်ဖူး စားဖူးကြမှာပါ။ အပေါ်က ထုံးလိုအရာတွေ မံထားပြီး ဒါတွေကို ထုခွဲလိုက်ရင် အတွင်းက ဘဲဥအလုံးလိုက်လေး ထွက်လာပါမယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

အရက်သောက်ချင်ပေမယ့် အရက်နာကျတာတော့ မကြိုက်ဘူးဆိုရင်

အရက် အရက်နာကျ လူငယ် ယောက်ျားလေး အဆိပ်အတောက် ခေါင်းမူး ခေါင်းကိုက် မူးဝေ အိပ်ရေးမဝ အဆီအစိမ့် ရေဓာတ် အချဉ် ဆေးလိပ် အစာစားချင်စိတ် လူငယ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat

ကိုယ်ဝန်ဆောင်တွေနဲ့ နို့တိုက်မိခင်တွေ အစပ်စားလို့ရသလား

မိခင်တွေဟာကိုယ်ဝန်ဆောင်ချိန်မှာ ချဉ်ခြင်းတက်ကြတာဟာသဘာဝပါ။ တစ်မျိုးပြီးတစ်မျိုး စားချင်ကြပါတယ်။ အစပ်စားချင်တာမျိုး ရှိနိုင်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Thiha Phyo Myint

ဆေးစွဲခြင်းရဲ့ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာ

ဆေးစွဲခြင်းက ပစ္စုပ္ပန် တည့်တည့်အတွက်လည်း မကောင်းသလို နောက်ပိုင်းမှာလည်း ဆိုးကျိုးတွေကို ပေးပါတယ်။ဆေးစွဲတာက စိတ်ရောကိုယ်ပါ ကျန်းမာရေးကို ထိခိုက်စေတာပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

ဘေဘီလေးတွေမှာ သံဓာတ်လွန်ကဲနေပြီလား

ဘေဘီလေးတွေမှာ သံဓာတ်လွန်ကဲနေပြီလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 14, 2021 . 2 mins read
အားကစားလုပ်ဖို့ရာမှာ လိုအပ်တဲ့ စိတ်အားထက်သန်မှု motivation

အားကစားလုပ်ဖို့ရာမှာ လိုအပ်တဲ့ စိတ်အားထက်သန်မှု motivation

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 5, 2021 . 3 mins read
ဒိန်ချဉ်သောက်ခြင်းကြောင့် ရရှိမယ့်ကောင်းကျိုးများ

ဒိန်ချဉ်သောက်ခြင်းကြောင့် ရရှိမယ့်ကောင်းကျိုးများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Thiha Phyo Myint
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 27, 2020 . 2 mins read
သိမ်းဆည်းထားရမယ့် အရာတွေထဲမှာ စိတ်ဖိစီးမှု မပါပါ။

သိမ်းဆည်းထားရမယ့် အရာတွေထဲမှာ စိတ်ဖိစီးမှု မပါပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 9, 2020 . 2 mins read