အပူဒဏ်နဲ့ဦးနှောက်သွေးကြောပြတ်ခြင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 22, 2020 . 2 mins read
Share now

မိုးမှာရေကြီးအောင်မိုးရွာပြီးဆောင်းမှာတော့ အအေးလျှော့ခဲ့ပေမယ့် အခုနွေမှာတော့ ရိုးရာမပျက်ခြစ်ခြစ်တောက်ပူနေလေရဲ့နော်။ မနက်လင်းကတည်းက စညည်းမိတာ ပူလိုက်တာချွေးတွေလုံးနေတာပဲဆိုတဲ့စကားပါ။ ချက်ရပြုတ်ရ၊ အိမ်မှုကိစ္စတွေလုပ်ရ၊ ရုံးသွားရနဲ့ မအားမလပ်ပါဘဲ။ ဒီကြားထဲ ရုံးသွားတဲ့အခါ မှာ ကားက တိုးကြိတ်စီးရသေးတာနော်။ မဟုတ်လည်းလမ်းကကျပ်တယ်။ ဒီပြဿနာတွေကနွေမှာပိုဆိုးတယ်နော်။နွေရောက်ပြီဆို အများဆုံးကြားရတာတစ်ခုရှိတယ်။ ဒါကတော့နွေပူလွန်းလို့ ဦးနှောက်သွေးကြောပြတ်တယ်ဆိုတာပါပဲ။

နွေအပူကြောင့် ဒီလိုပြဿနာတွေရင်ဆိုင်ရနိုင်ပါတယ်

နွေပူတာကြောင့် ဦးနှောက်သွေးကြောပြတ်တာလား

ဦးနှောက်သွေးကြောပြတ်ရတာကနွေပူလို့လားဆိုတော့ မဟုတ်ပါဘူး။နွေပူတာကြောင့်အပြင် အခြားသောအကြောင်းအရင်းခံတွေပါ ပါဝင်ပတ်သက်နေတာကြောင့် ဦးနှောက်သွေးကြောပြတ်ရတာပါ။ သွေးတိုးအပါအဝင် အခြားရောဂါအခံတစ်ခုခုရှိနေမယ်။ ဆေးသောက်နေရမယ်။ စားသောက်မှုပုံစံမှားယွင်းနေမယ်။ ကိုယ်လက်လှုပ်ရှားမှု နည်းမယ်။ အယ်လ်ကိုဟောသောက်သုံးမယ်၊ တားမြစ်ဆေးဝါးတွေ သုံးစွဲတာနဲ့ အပူဒဏ်တို့ပေါင်းစပ်မိတာကြောင့် အသံတိတ်လူသတ်သမားလို့ ခေါ်ကြတဲ့ ဘာရောဂါလက္ခဏာမှ ရေရေရာရာမပြဘဲ အသက်သေဆုံးရတဲ့ ဦးနှောက်သွေးကြောပြတ်ရတာပါ။

ရာသီဥတုပူပြင်းတာတစ်ခုတည်းကြောင့်တော့ ဦးနှောက်သွေးကြောမပြတ်နိုင်ပါဘူး။ နေထိုင်စားသောက်မှုပုံစံမှန်ကန်မယ်ဆိုရင် ဦးနှောက်သွေးကြောပြတ်တာမျိုးဖြစ်နိုင်ခြေက နည်းပါတယ်။ ဦးနှောက်သွေးကြောပြတ်ရတာက တကယ်တော့ အပူရှပ်တာရဲ့ပြင်းထန်တဲ့ လက္ခဏာတစ်ခုဆိုလည်း မမှားပါဘူး။ပြင်းထန်တဲ့ အပူဒဏ်ကို အချိန်ကြာမြင့်စွာတိုက်ရိုက်ထိတွေ့မှုက ခန္ဓါကိုယ်မှာ ထိခိုက်မှုတွေအများကြီးကိုဖြစ်စေတာပါ။ အပူရှပ်တာက အချိန်မီစောင့်ရှောက်မှုမပေးနိုင်ဘူးဆိုရင် ဦးနှော်က်နဲ့ ကိုယ်တွင်းအင်္ဂါတွေကို ထိခိုက်မိပြီး အသက်သေဆုံးသည်အထိဖြစ်နိုင်ပါတယ်။

နေအပူဒဏ်ကသွေးဖိအားအပေါ်တော်တော်လေးသက်ရောက်မှုရှိနေတာပါသွေးပေါင်ချိန်ကျသွားစေနိုင်သလိုသွေးပေါင်တက်တာမျိုးလည်းဖြစ်စေနိုင်ပါတယ်။ အပူဒဏ်ကြောင့်ဦးနှောက်သွေးကြောပြတ်ရတယ်ဆိုတာကနွေပူတဲ့ချွေးထွက်များတယ်။ ဆက်ဖြစ်မှာ ကချွေးထွက်လွန်တာကြောင့်ရေဓါတ်ဆုံးရှုံးမှုများမယ်။ ဒီအချိန်မှာသွေးပေါင်ချိန်ကမြင့်တက်လာပါတယ်။ပြင်ပမှာ အပူချိန်မြင့်တိုင်းလေထုထဲမှာ စိုထိုင်းဆမြင့်လာလိမ့်မယ်။ ဒီလို စိုထိုင်းဆမြင့်တက်လာမှုကသွေးတိုးလာအောင်လှုံ့ဆော်ရာရောက်ပြီး နှလုံးက အခြားအချိန်တွေထက် နှစ်ဆလောက်အလုပ်လုပ်ရတယ်။ ဒီလိုပြင်းထန်စွာလှုပ်ရှားရုန်းကန်ရချိန်က များလာတဲ့အခါ ခန္ဓါကိုယ်က မနိုင်ဝန်ထမ်းသလိဖြစ်ပြီး အပူရှပ်တဲ့လက္ခဏာတွေစဖြစ်မယ်။ ဒါကို သတိမထားမိရင်တော့ အပူရှပ်တာရဲ့ အပြင်းထန်ဆုံး အဆင့်ဖြစ်တဲ့ ဦးနှောက်သွေးကြောပြတ်တယ်ဆိုတဲ့ အဆင့်ကိုရောက်သွားတော့တာပါပဲ။

ဘယ်သူတွေက ပိုသတိထားဖို့လိုမလဲ

အပူချိန်ပြင်းနေချိန်မှာ လူတိုင်း သတိထားဖို့လိုတယ်ဆိုပေမယ့် အခုပြောပြမယ့်သူတွေက ပိုသတိထားဖို့ လိုပါမယ်။

  • သွေးတိုးရောဂါအခံရှိသူတွေ
  • နေပူထဲမှာ တစ်ချိန်လုံးအလုပ်လုပ်နေသူတွေ
  • အရက်သောက်သုံးသူတွေ
  • တားမြစ်ဆေးသုံးစွဲသူတွေ
  • အသက် ၅၀ အထက် လူကြီးတွေ
  • ရောဂါအခံတစ်ခုခုကြောင့် ပုံမှန်ဆေးသောက်သုံးနေရသူတွေ
  • ကျန်းမာရေးနဲ့မညီတဲ့ စားသောက်မှုပုံစံရှိသူတွေ
  • ကိုယ်လက်လှုပ်ရှားမှုနည်းသူတွေ
  • အိပ်ရေးပျက်တာကြောင့် ကိုယ်ခံအားနည်နေသူတွေ
  • အဝလွန်နေတဲ့သူတွေ
  • နှလုံးရောဂါအခံရှိသူတွေ
  • အဆုတ်ရောဂါအခံရှိသူတွေ
  • ကျောက်ကပ်ရောဂါအခံရှိသူတွေက ထိခိုက်နိုင်ခြေများပါတယ်။

ဘယ်လိုကာကွယ်မလဲ

ဒီတော့ ကိုယ်တိုင်ကိုဖြစ်ဖြစ် မိသားစုဝင်တွေမှာဖြစ်ဖြစ် ခုလိုအခြေအနေကနေကာကွယ်ဖို့ဆိုရင် ဒီအချက်လေးတွေကို လိုက်နာဖို့ လိုပါမယ်။

  • ရေဓါတ်ပြည့်ဝနေစေဖို့ရေများများသောက်ပါ
  • အရမ်းပူနေတဲ့အချိန်မှာ အချိုရည်တွေမသောက်ပါနဲ့။ သဘာဝသစ်သီးဖျော်ရည်လေးတွေသောက်ပါ
  • အရက်သေစာ မသောက်ပါနဲ့
  • နေပူထဲတစ်ချိန်လုံးထွက်မနေပါနဲ့
  • အရိပ်ရတဲ့နေရာမှာနားနားနေနေပါ
  • ပြင်းပြင်းထန်ထန်လေ့ကျင့်ခန်းလုပ်တာမျိုးမလုပ်ပါနဲ့
  • အပြင်ထွက်ရင် ထီး၊ဦးထုပ်ဆောင်းပါ
  • ချည်သားပွပွချောင်ချောင်လေတွေဝတ်ဆင်ပါ
  • အပူချိန်မြင့်တဲ့နေ့လယ် ၁၂ နာရီကနေ ၃ နာရီအတွင်း အပြင်ထွက်တာကိုရှောင်ပါ
  • အိပ်ရေးဝအောင်အိပ်ပါ
  • ပေါ့ပါ့ပါးပါးကိုယ်လက်လှုပ်ရှားမှုလေးတွေလုပ်ပါ
  • ခြေညှပ်ဖိနပ်ဝတ်ပါ။လေဝင်လေထွက်ကောင်းတဲ့ ဖိနပ်တွေ၊ချွေးစုပ်တဲ့ခြေအိတ်တွေဝတ်ပါ
  • အပူအအေးပြင်းထန်တဲ့ အခြေအနေပြောင်းလဲမှုကို သတိထားပါ
  • နေပူထဲကနေ ပြန်လာလာချင်း ရေခဲရေ အေးအေးတွေသောက်တာမျိုးမလုပ်ပါနဲ့။

အသက်ကို ဉာဏ်စောင့်ပါတယ်နော်။ ဒါကြောင့် အခုပြောပြခဲ့တာတွေကို သတိထားလို့ ကိုယ်တိုင်ကိုရော ချစ်ရသူတွေကိုပါ အသံတိတ်လူသတ်သမားလက်ကနေ ကာကွယ်ကယ်ဆယ်လိုက်ပါနော်။

Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy
ရင်းမြစ်များ

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ကိုယ်ဝန်ဆောင်ချိန် ခေါင်းကိုက်ခြင်း

ကိုယ်ဝန်ဆောင်မေမေတစ်ယောက်အနေနဲ့ ကိုယ်ဝန်ဆောင်ချိန်မှာ အမျိုးမျိုးသော ခေါင်းကိုက်ခြင်း ပြဿနာကို ခံစားရနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ကျန်းမာရေးပြဿနာပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

အန်ဖက်တမင်း အလွဲသုံးခြင်းဆိုသည်မှာ

လူတွေ အလွဲသုံးမိနေနိုင်တဲ့ အရာတွေက အတော်များများရှိပါတယ်။ ဒီထဲမှာ အန်ဖက်တမင်းကလည်း တစ်ခုအပါအဝင်ပေါ့။ အန်ဖတ်တမင်း အလွဲသုံးခြင်း။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ပန်ကရိယလေး ကျန်းမာပါစေ။

န်ကရိယလေးက အစာခြေစနစ်ရဲ့ အရေးပါတဲ့ လုပ်သားလေးပေါ့။ ကာဗိုဟိုက်ဒရိတ်၊ ပရိုတင်း နဲ့ အဆီတွေကို ချေဖျက်ဖို့အင်ဇိုင်းတွေ ထုတ်ရင်း ကူညီပေးတာပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ဘေဘီလေးနဲ့ နေကြာစေ့

နေကြာစေ့ တခွပ်ခွပ် ကိုက်ရင်း ရုပ်ရှင်ကြည့်နေတုန်း တူလေူ၊ တူမလေးတွေက တီတီ ကျွေး၊ လေးလေး ကျွေး လို့ ပြောလာရင် ကျွေးလိုက်ရမလား၊

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

ရင်သားထွားထွား ရောဂါများများ

ရင်သားထွားထွား ရောဂါများများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 14, 2020 . 2 mins read
အစာရေမျိုကင်ဆာ ဒီလိုကာကွယ်ပါ

အစာရေမျိုကင်ဆာ ဒီလိုကာကွယ်ပါ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 13, 2020 . 2 mins read
ဘယ်အရာတွေက သင့်အသားအရေကို ပျက်စီးစေတာလဲ

ဘယ်အရာတွေက သင့်အသားအရေကို ပျက်စီးစေတာလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 7, 2020 . 2 mins read
အရသာရှိရှိ ဆေးဘဲဥသုပ် စားကြရာဝယ်

အရသာရှိရှိ ဆေးဘဲဥသုပ် စားကြရာဝယ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 5, 2020 . 2 mins read