backup og meta

အရေပြားပြဿနာများ၏ အခေါ်အဝေါ်များ

အရေပြားပြဿနာများ၏ အခေါ်အဝေါ်များ

ပြည်တည်နာ

ပြည်တည်နေသောအနာဖုဖြစ်သည်။ အချို့ ပြည်တည်နာများသည် နာကျင်ပြီး ထိပ်ဝတွင်ပြည်များစုဝေးနေသည်ကိုမြင်ရသော်လည်း အချို့မှာမူ အနာနက်၍ ကြာလာသော် အကျိတ်ပုံစံဖြစ်သွားတတ်သည်။ ထိုအခါ ကင်ဆာကျိတ်နှင့်ခွဲခြားရန်အသားစယူစစ်ဆေးရန်လိုအပ်သည်။

ကျုံ့ခြင်း

အရေပြားပေါ်တွင် တနေရာတည်းတွင်ကွက်၍ ကျုံ့သွားခြင်းမျိုးဖြစ်သည်။ ထိုနေရာသည် ချိုင့်ဝင်သွားခြင်းမျိုးအထိဖြစ်နိုင်သည်။

မူမမှန်ခြင်း

ထိုအသုံးအနှုန်းကိုရောဂါရှာဖွေရာတွင်တွေ့ရှိချက်အချို့ကိုဖော်ပြရာ၌ ဆရာဝန်များနှင့် ရောဂါဗေဒပညာရှင်များက အသုံးပြုကြသည်။ ကင်ဆာဖြစ်နေသည်ဟု တထစ်ချဆိုလိုခြင်းမဟုတ်ပါ။

ရေကြည်ဖုကြီး

ဝ.၅ စင်တီမီတာထက်ကြီးပြီးအရည်ကြည်ရှိသောအဖုဖြစ်သည်။

အနာဖေး

သွေး / သွေးရည်ကြည်မှခြောက်သွားလျှင် ဖြစ်လာသောအဖတ်များဖြစ်သည်။

အရည်အိတ်

အရေပြားတွင်ဖြစ်သောအရည် သို့မဟုတ် အခဲပါဝင်သောအိတ်မျိုးဖြစ်သည်။

မူမမှန်သောဆဲလ်ကြီးထွားမှု

၎င်းသည် အဆင့်အားဖြင့်ပြောရလျှင် အလယ်လတ်အဆင့်မူမမှန် ဆဲလ်ကြီးထွားခြင်းဖြစ်သည်။ ခန္ဓါကိုယ်ရှိအဂါၤများ၏ နံရံတွင်ကာထားသောအလွှာ(Epithelium) တို့ပွားများလာကာအချို့သည် ကင်ဆာတစ်သျှုးများဖြစ်သွားကြပြီး အချို့မှာပုံမှန်အတိုင်းမပြောင်းလဲဘဲ ရှိတတ်ကြသည်။ သို့သော် ဆရာဝန်အားလုံးက ထိုအယူဆကို တပြေးညီလက်ခံထားသည်တော့ မဟုတ်ချေ။

အရေပြားအပေါ်ယံလွှာ (Epithelium)

ခန္ဓါကိုယ်ရှိနံရံများနှင့် အခေါင်းပေါက်များကို ကာထားသောအလွှာတစ်ရှူးတစ်မျိုးဖြစ်သည်။

ပွန်းရှခြင်း

အရေပြား၏အပေါ်ယံလွှာပဲ့သွားခြင်းဖြစ်၍အမာရွတ်မကျန်ဘဲပြန်ကောင်းသည်။

အသားလောင်ခြင်း

ကုတ်ဖဲ့ရာမှ အသားများနီရဲလောင်ခြင်း၊ ထိုမှတဆင့် အနာဖြစ်ခြင်းဖြစ်သည်။

အသားအက်ကွဲခြင်း

အရေပြားဘေးဘက်သို့မဟုတ်ဘဲအောက်ဘက်သို့ကွဲကြောင်းဖြစ်ခြင်းဖြစ်သည်။

Granuloma

၎င်းသည် Macrophage ဟုခေါ်သောသွေးဖြူဥဆဲလ်တစ်မျိုးပေါင်းစည်းပြီး ကြီးမားသောဆဲလ် (giant cell) ဖြစ်ပေါ်သောရောင်ရမ်းခြင်းအမျိုးအစားတစ်ခု ဖြစ်သည်။ ထိုရောင်ရမ်းခြင်းမျိုးသည်အထူးသဖြင့် တီဘီရောဂါ၊ မှိုစွဲရောဂါ၊ ကြွက်သားကင်ဆာ၊ဓါတ်မတည့်သောရောဂါနှင့် အကြောင်းမဲ့ အရေပြားပြဿနာအချို့တွင်တွေ့ရသည်။

ရောင်ရမ်းမှုဖြစ်စဉ်

၎င်းသည်ခန္ဓါကိုယ်၏ ခုခံအားစနစ်အလုပ်လုပ်ခြင်းကိုပြသခြင်းဖြစ်ပြီးဖူးရောင်ခြင်း၊ နီရဲနာကျင်ခြင်းတို့ဖြစ်စေပါသည်။ ခုခံအားစနစ်တွင်ပါဝင်သော ဆဲလ်များကိုမူအဏုကြည့်မှန်ပြောင်းနှင့်သာမြင်ရပါသည်။ ၎င်းတို့မှာ

• Neutrophil သွေးဖြူဥများ – ရောင်ရမ်းမှုဖြစ်စဉ်၏ကနဦးအချိန်တွင် တွေ့ရသော ပြည်ဖြစ်လာမည့် အစိတ်အပိုင်းဖြစ်သည်။

• Lymphocyte သွေးဖြူဥများ – ရောင်ရမ်းမှုဖြစ်စဉ်ကြာလာချိန်တွင် တွေ့ရသည်။

• Macrophage(Histiocytes) ဟုခေါ်သော ကြီးမားသည့်ဆဲလ်များ – နာတာရှည်ရောင်ရမ်းမှုများတွင်တွေ့ရသည်။

အချို့သောရောင်ရမ်းမှုများကိုကြည့်ခြင်းဖြင့် ရောဂါကိုအလွယ်တကူခန့်မှန်းနိုင်သော်လည်းအချို့မှာမူကင်ဆာဟုတ်မဟုတ်သိစေရန် အသားစယူပြီးစစ်ဆေးရသည်။

ပျက်စီးနေသောအနာ၊ဒဏ်ရာ (Lesion)

အကျိတ် (သို့)ရောင်ရမ်းနေသောနေရာကိုသုံးနှုန်းသော မရေရာမသေချာသောစကားလုံးဖြစ်သည်။

အကွက်

အရေပြားတွင် ပုံမှန်အသားရောင်နှင့်မတူသောအကွက်ဖြစ်သည်။ အရေပြားနှင့် တသားတည်းဖြစ်နေ၍လက်ချောင်းဖြင့်စမ်းလျှင်ဖုမနေပါ။

ကင်ဆာဆဲလ်များပြန့်ခြင်း

ဆဲလ်များသည် ပြန်ရည်ကြော၊ သွေးကြောများမှတဆင့် အခြားကိုယ်တွင်းအဂါၤများသို့ပြန့်ကာ ကင်ဆာကျိတ်များကြီးထွားလာခြင်းကိုခေါ်သည်။

• သွေးကြောများမှ ကင်ဆာဆဲလ်များပြန့်နှံ့ခြင်း

• ပြန်ရည်ကြောများမှတဆင့်

ပြန်ရည်ကြောများမှတဆင့် ပြန့်နှံ့သောကင်ဆာများသည် မူလကင်ဆာရှိသောနေရာမှ ပြန်ရည်များသည် ပြန်ရည်ဖုများအတွင်းစုဝေးရာမှ ကင်ဆာဆဲလ်များကြီးထွားလာခြင်းဖြစ်သည်။

အများစုသောကင်ဆာကျိတ်များသည် နည်းလမ်း၂မျိုးလုံးဖြင့် ပြန့်နိုင်သည်။ လမ်းကြောင်းတစ်ခုတည်းပြန့်သည်ကိုပိုအတွေ့ရများသည်။

ဆဲလ်ဟောင်းကြွေခြင်း၊သေဆုံးခြင်း

ဆဲလ်အသေများဖြစ်ပြီးရောင်ရမ်းမှုဖြစ်စဉ်များနှင့် ဆဲလ်ပွားကာကင်ဆာဖြစ်ခြင်းတို့တွင်တွေ့ရသည်။

ပုံမှန်ထက်လွန်ကဲ၍မူမမှန်သောဆဲလ ်များပွားခြင်း

၎င်းသည် ခန္ဓါကိုယ်ဇီဝကမ္မဖြစ်စဉ်၏ ထိန်းချုပ်မှုမရှိတော့ဘဲ မူမမှန်သောဆဲလ်များပွားခြင်းဖြစ်ခြင်းဖြစ်သည်။ ၎င်းကိုရိုးရိုးအလုံးအကျိတ်ပုံစံနှင့် ပြန့်နှံ့သွားနိင်သော ကင်ဆာကျိတ်ပုံစံဟူ၍ ၂ မျိုးခွဲထားသည်။ ရိုးရိုးအကျိတ်သည်၎င်းဖြစ်တည်ရာဘေးပတ်လည်ရှိအင်္ဂါများနှင့် အခြားသောကိုယ်အင်္ဂါအစိတ်အပိုင်းများသို့ပြန့်ခြင်းမျိုးမရှိပါ။

သို့သော် ကင်ဆာကျိတ် ဖြစ်သွားလျှင်မူအသက်ပင်ဆုံးရှုံးဆုံးရခြင်းထိနိဂုံးမလဖြစ်စေသည်။ ကင်ဆာကို

၁) ကင်ဆာဖြစ်သောနေရာနှင့် အနီးတဝိုက်သို့ပြန့်သောအဆင့်နှင့်

၂)ကင်ဆာဖြစ်သောနေရာမှ တခြားသောကိုယ်အင်္ဂါမျာသို့ပြန့်နှံ့သွားသောအဆင့်ဟူ၍ခွဲခြားထားသည်။

အဖုကြီး

ဝ.၅ စင်တီမီတာထက်ကြီးပြီးကြွတက်နေသော အဖုဖြစ်သည်။ အရေပြား၏အပေါ်ယံလွှာတွင်ဖြစ်နိုင်သလို အတွင်းလွှာတွင်လည်းဖြစ်နိုင်သည်။

အဖုသေး

ဝ.၅ စင်တီမီတာထက်ငယ်ပြီး ကြွတက်နေသောအဖုဖြစ်သည်။

အနီစက်

ဝ.၅ စင်တီမီတာထက်ငယ်သော အရေပြားပေါ်ရှိ အနီစက်ကလေးများဖြစ်သည်။

ဘက်တီးရီးယားများရှိနေသောအလွှာ

အနားသတ်ညီညာ၍ကုန်းပြင်မြင့်ကဲ့သို့ ပြင်လိုက်ကြွတက်နေသောပုံစံဖြစ်သည်။

အသားပိုလုံး

မှိုကဲ့သို့ လုံးဝန်းသောပုံစံရှိသည်။ အညှာလေးလည်းရှိသည်။ ဖြစ်လေ့ရှိသောအသားပိုများသည် ကင်ဆာမဟုတ်တတ်ပါ။

အနီကွက်

အရေပြားအတွင်းရှိသွေးကြောများမှ သွေးထွက်ခြင်းကြောင့် အနီစက် ၊ အနီကွက်နှင့် အနီရောင် အကွက်ကြီးများဖြစ်လာရသည်။

တွယ်ဆက်တစ်သျှုးများမှဖြစ်သောကင်ဆာတမျိုး

ရိုးရိုးကင်ဆာထက်အတွေ့ရနည်းပြီးအပေါ်ယံလွှာဆဲလ်များတွင်ဖြစ်လေ့မရှိပါ။ ခန္ဒါကိုယ်ရှိတွယ်ဆက်ကြွက်သားများ၊ အရိုး၊ အရိုးနု ၊အဆီနှင့် အဆစ်နံရံများတွင်ဖြစ်သောကင်ဆာတမျိုးဖြစ်သည်။

အကြေးဖတ်

အရေပြားအပေါ်လွှာရှိဆဲလ်များကြီးထွားမှုနှုန်းမူမမှန်ဖြစ်ကာပုံမှန်ထက်ပို၍ဆဲလ်အသေများစုပုံလာခြင်းဖြစ်သည်။

အမာရွတ်

ထိခိုက်ဒဏ်ရာရသောနေရာ၊ ခွဲစိတ်ထားသောနေရာများတွင် ကော်လဂျင်အမျှင်များစုပုံလာခြင်းဖြစ်သည်။

အမာရွတ်များသည် အစတွင်ပန်းရောင်ရှိပြီး တဖြေးဖြေးအရောင်မှိန်သွားတတ်သည်။ အချို့မှာအရောင်ပိုရင့်သွားတတ်ကြသည်။

ပြည်တည်ခြင်း

ရောင်ရမ်းမှုဖြစ်စဉ်ကြောင့် သွေးဖြူဥများစုဝေးလာကာပြည်တည်ခြင်းဖြစ်သည်။ ပြည်တည်နာသည် သိသာသည့်ဥပမာပင်ဖြစ်သည်။

အကျိတ်

လက်ဖြင့်စမ်းသပ်နိုင်သော၊ မျက်စိဖြင့်မြင်နိုင်သောအဖုဖြစ်သည်။၎င်းသည် ကင်ဆာ၊ ဆဲလ်အပွားလွန်ခြင်း၊ နှင့် အခြားအကြောင်းအမျိုးမျိုးကြောင့်ဖြစ်နိုင်သည်။

အကျိတ်တိုင်းသည် ကင်ဆာမဟုတ်သလို ကင်ဆာတိုင်းကိုလည်းအကျိတ်ပုံစံဖြင့်တွေ့ရမည်မဟုတ်ပေ။

အနာ

အနာသည် အရေပြားအစိတ်အပိုင်းပါဝင်မှုရှိခြင်းကြောင့် အနာကျက်သွားလျှင် အမာရွတ်ကျန်ရှိမည်ဖြစ်သည်။

အရည်ကြည်ဖုသေး

ဝ.၅ စင်တီမီတာထက်ငယ်ပြီးအရည်ကြည်ရှိသောအဖုဖြစ်သည်။

အပိမ့်ထွက်ခြင်း

အရေပြားအပါ်လွှာတွင် ယားလာပြီးပန်းရောင်ရဲ၍ဖောင်းလာခြင်းဖြစ်သည်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

1. Cosmetic Surgery Glossary.

http://www.webmd.com/beauty/cosmetic-surgery- glossary#1.

Accessed March 15, 2017.

2. Skin dictionary.

https://www.aad.org/public/kids/skin-dictionary/skin- dictionary-letter- a.

Accessed March 15, 2017.

3. Acne.

https://www.womenshealth.gov/a-z- topics/acne. Accessed March 15, 2017.

4. Skin cancer (non-melanoma). http://www.nhs.uk/conditions/Cancer-of- the-skin/Pages/Introduction.aspx.

Accessed March 15, 2017.

5. Blisters.

 

http://www.nhs.uk/conditions/blisters/Pages/Introduction.aspx.

Accessed March 15,
2017.

6. Chemical Peels and Your Skin.

http://www.webmd.com/beauty/cosmetic-procedures- chemical-peel-treatments#1.

Accessed March 15, 2017.

7. Dermatology Terms.

http://www.aocd.org/?page=DermTerms.

Accessed March 15, 2017.

ယခုပုံစံ

12/05/2020

Dr. Zin Thu Thu Win မှ ရေးသားသည်။

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe

Yu Wadi Lwin မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

အရေပြားပြဿနာများ၏ အခေါ်အဝေါ်များ

အရေပြားပြဿနာတွေကို သက်ကြီးရွယ်အိုတွေအနေနဲ့ ဘယ်လိုစီမံမလဲ


မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

Dr. K Zin Thwe


Dr. Zin Thu Thu Win မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement