backup og meta

မိတ်ထွက်ခြင်း ။ ကုသခြင်း နှင့် ကာကွယ်ခြင်း


Dr.Aye Myat Myat Noe မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မိတ်ထွက်ခြင်း ။ ကုသခြင်း နှင့် ကာကွယ်ခြင်း

    မိတ်ဖုတွေဟာ အဝတ်နဲ့ဖုံးကွယ်ထားတဲ့ ခန္ဓါကိုယ်အစိတ်အပိုင်းတွေမှာ ဖြစ်ပေါ်တတ်ပါတယ်။ ပူနွေးစွတ်စိုတဲ့ရာသီဥတုမှာ နေထိုင်သူတွေမှာ ချွေးပေါက်တွေပိတ်ဆို့မှုကြောင့် ပိုဖြစ်တတ်ပါတယ်။

    ဘယ်လိုကုသမလဲ

    မိတ်ဖု အစက်တွေပေါ်လာတဲ့နေရာကို ခြောက်သွေ့အေးမြအောင်ထားနိုင်ရင် အများစုဟာရက်အနည်းငယ်အကြာမှာ သူ့အလိုလိုပျောက်သွားလေ့ရှိပါတယ်။

    ကလေးငယ်လေးတွေမှာ ထိုမိတ်ဖုတွေပေါ်ရင် အဝတ်အစားများဖယ်ပစ်ခြင်း၊ ဒါမှမဟုတ် အဝတ်ပွပွဝတ်ပေးပြီး အေးမြတဲ့နေရာမှာထားသင့်ပါတယ်။ ပုဝါမသုံးဘဲအရေပြားကို ပုံမှန်ခြောက်သွေ့စေပြီး ချွေးပေါက်ပိတ်နိုင်တဲ့ လိမ်းဆေးများလည်းရှောင်သင့်ပါတယ်။

    လူကြီးတွေမှာလက္ခဏာမပြင်းရင်တော့ ကလေးငယ်လေးတွေလိုပဲ ကုသမှုတူပါတယ်။ အေးမြတဲ့ပတ်ဝန်းကျင်ရအောင် လေအေးပေးစက်ဖွင့်ထားတဲ့အခန်းထဲနေတာ၊ ပန်ကာဖွင့်တာ၊ ရေအေးအေးနဲ့ချိုးတာ၊ လေတိုက်ရာအရပ်မှာနေပြီး သာမန်လေဖြင့် အရေပြားခြောက်သွေ့စေတာတွေ လုပ်လို့ရတယ်။ အရေပြားအေးမြခြောက်သွေ့သွားတာနဲ့ အနီစက်တွေလျင်မြန်စွာပျောက်သွားတတ်ပါတယ်။ ဆိုးရင်တော့ ရောဂါပိုးဝင်မှုကိုကာကွယ်ဖို့နဲ့ သက်တောင့်သက်သာမရှိမှုကိုသက်သာစေဖို့ အရေပြားကိုလိမ်းလို့ရမယ့် လိမ်းဆေးတစ်မျိုးလိမ်းပေးဖို့ လိုပါလိမ့်မယ်။ ယားယံမှုအတွက် Calamine လိုးရှင်းနဲ့ ချွေးပြွန်တွေကိုကာကွယ်ဖို့ Anhydrous lanolin တွေကသင့်တော်ပါတယ်။ ရက်အနည်းငယ်အတွင်းမပျောက်ရင်၊ ဒါမှမဟုတ် ရောဂါပိုးဝင်သွားရင်တော့ သေချာဆေးကုသဖို့လိုပါလိမ့်မယ်။ ဖျားမယ်၊ နေထိုင်မကောင်းဖြစ်မယ်၊ ဒါမှမဟုတ် အနီစက်တွေဟာ ပဋိဇီဝဆေးသောက်ပြီးမှပေါ်လာတာဆိုရင်တော့ ချက်ခြင်းဆေးကုသမှုခံယူဖို့လိုပါလိမ့်မယ်။

    နေထိုင်မှုပုံစံနဲ့ ကာကွယ်မှု

    မိဘတွေက ကလေးငယ်လေးတွေကို နွေရာသီ၊ ပူလောင်တဲ့နေ့တွေမှာ တတ်နိုင်သမျှ အဝတ်အစားပါးပါးပဲဝတ်ပေးသင့်ပါတယ်။ အသက်ရှူကြပ်လောက်အောင် တင်းကြပ်တဲ့အဝတ်အစားတွေရှောင်သင့်တယ်။ ပူနွေးတဲ့ရာသီဥတုတွေမှာဆိုရင် ပေါ့ပါးပြီး ချွေးထွက်မှုကို သက်သာစေမယ့် အဝတ်အစားမျိုးသာ ဝတ်ဆင်သင့်တယ်။ ပူလွန်းတဲ့အခါ အပူလွန်ခြင်းကိုကာကွယ်ရန် အရိပ်ရနေရာများ၊ လေအေးပေးစက်တပ်ထားသော အခန်းများမှာနေသင့်ပါတယ်။ အရေပြားမခြောက်စေသောဆပ်ပြာမျိုးနဲ့ ရေအေးအေးနဲ့ ရေချိုးပါ။ တဘတ်ပုဝါ သုံးမယ့်အစား အရေပြားကို သာမန်အတိုင်းပဲခြောက်သေ့ွပါစေ။ ယားယံမှုကိုသက်သာစေရန် calamine လိုးရှင်း သို့မဟုတ် ရေခဲကပ်ပေးနိုင်ပါတယ်။ ဒါပေမယ့် ချွေးဂလမ်းပိတ်စေနိုင်တဲ့ တွေပါတဲ့ ခရင်မ်များကိုရှောင်သင့်ပါတယ်။

    မိတ်ဖုဆိုတာ ရက်အနည်းငယ်အတွင်းကောင်းသွားမယ့် ပြဿနာအသေးစားလေးပါ။ ဒါပေမယ့် ခဏခဏဖြစ်နေမယ်၊ တခြားကြီးမားတဲ့ပြဿနာတွေဖြစ်လာမယ်ဆိုရင်တော့ ဆရာဝန်ပြသင့်ပါတယ်။

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr.Aye Myat Myat Noe မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement