backup og meta

အစာအဆိပ်သင့်ခြင်းအတွက် အရေးပေါ်ပြုစုနည်း

အစာအဆိပ်သင့်ခြင်းအတွက် အရေးပေါ်ပြုစုနည်း
အစာအဆိပ်သင့်တယ်ဆိုတာ မတည့်တာတွေတွဲစားမိလို့ဖြစ်တာမဟုတ်ပါဘူးနော်။ ကိုယ်စားလိုက်တဲ့အစားအသောက်တွေမှာ ဘက်တီးရီးယားတွေဗိုင်းရပ်စ်နဲ့ ကပ်ပါးပိုးတွေ ပါနေတယ်ဆို အစာအဆိပ်သင့်နိုင်ပါတယ်။ ရောဂါပိုးပါနေတဲ့အစားအသောက်တွေကို စားမိပြီး နာရီပိုင်းအတွင်းမှာပဲ လက္ခဏာစပြတတ်ပါတယ်။ အများအားဖြင့်တော့ အစာအဆိပ်သင့်တာက သိပ်မပြင်းထန်ဘဲ ဂရုစိုက်စောင့်ရှောက်ရင်း သက်သာသွားတတ်ပါတယ်။ ဒါပေမယ့် ကူးစက်ရရှိတဲ့ ဗိုင်းရပ်စ်၊ ဘက်တီးရီးယားကို မူတည်ပြီး လက္ခဏာပြင်းထန်သူတချို့ကိုတော့ဆေးရုံတင်ဖို့လိုအပ်နိုင်ပါတယ်။

ဘယ်လိုလက္ခဏာတွေ ဖြစ်လာမလဲ

အစားအစာမှာပါလာတဲ့ရောဂါပိုးကိုမူတည်ပြီး လက္ခဏာတွေက ကွာခြားတတ်ပါတယ်။ အများစုမှာတော့ ဒီလက္ခဏာတွေခံစားရတတ်ပါတယ် –

အစာအဆိပ်သင့်ရင် စားပြီး နာရီပိုင်းအတွင်း လက္ခဏာစတတ်တယ်၊ ရက်ပိုင်း ဒါမှမဟုတ် ရက်သီတင်းပတ်ကြာမှ လက္ခဏာပေါ်လာတာတောင်ရှိတတ်ပါတယ်။ အစာအဆိပ်သင့်တဲ့ဝေဒနာကိုခံစားရတာကလည်း နာရီပိုင်းကနေ ရက်သီတင်းပတ်နဲ့ချီပြီး ကြာမြင့်နိုင်ပါတယ်။

အစားအစာပြင်ဆင်တဲ့အခါ၊ ချက်ပြုတ်တဲ့အခါ ကူးစက်နိုင်တဲ့ရောဂါပိုးမွှားတွေကပ်ငြိပါလာနိုင်ပါတယ်။ သန့်ရှင်းမှုမရှိတာ၊ မကျက်တကျက်ချက်ပြုတ်ထားတာ ဒါမှမဟုတ် မလတ်ဆတ်တာတွေက အစာအဆိပ်သင့်စေတဲ့ပိုးတွေကို ခန္ဓါကိုယ်ထဲ ဖိတ်ခေါ်နေပါတယ်။

နောက်ဆက်တွဲဖြစ်လာနိုင်တဲ့အရာ

အစာအဆိပ်သင့်တဲ့အခါ အဆိုးရွားဆုံးနောက်ဆက်တွဲပြဿနာကရေဓါတ်ဆုံးရှုံးမှုအန္တရာယ်ပါပဲ။ရေဓါတ်၊ မရှိမဖြစ်လိုအပ်တဲ့ ဓါတ်ဆားဓါတ်နဲ့ သတ္တုဓါတ်တွေ ဆုံးရှုံးရတာပြဿနာရှိပါတယ်။ ကျန်းမာတဲ့လူတစ်ယောက်အတွက်က အမြန်ပြန်ဖြည့်ဆည်းနိုင်ပေမယ့် ကလေးငယ်တွေနဲ့ သက်ကြီးပိုင်းတွေ၊ ကိုယ်ဝန်ဆောင်တွေလို ကိုယ်ခံအားနည်းတဲ့သူတွေနဲ့ရောဂါအခံရှိသူတွေမှာတော့ သူတို့ပြန်ဖြည့်နိုင်တဲ့ပမာဏကိုပိုပြီး အရည်ဓါတ်ဆုံးရှုံးရတတ်ပါတယ်။ ဒီလိုဖြစ်လာရင်ဆေးရုံတင်ဖို့လိုအပ်ပါတယ်။ရေဓါတ်ဆုံးရှုံးမှုကပြင်းထန်ရင် အသက်အန္တရာယ်စိုးရိမ်ရပါတယ်။

ဒါဆို အစာအဆိပ်သင့်တဲ့လက္ခဏာ ကိုယ့်မှာ သို့မဟုတ် တခြားသူမှာဖြစ်လာခဲ့ရင်

  • မအီမသာ၊ ပျို့အန်ခြင်းကို အရင်သက်သာအောင်လုပ်ပါ။
  • အန်တာမသက်သာမချင်း နာရီပိုင်းအတွင်း ဘာမှထပ်မစားပါနဲ့။ အစာအိမ်ကို သက်တောင့်သက်သာထားပါ။
  • ဆာလာရင်ပေါ့ပေါ့ပါးပါးဖြစ်တဲ့ ခရက်ကာ၊ ငှက်ပျောသီး၊ပေါင်မုန့်စတာတွေ နည်းနည်းစားလိုက်ပါ။ အန်ချင်လာရင် ရပ်ထားပါ။
  • ရေသောက်ရင် တခါတည်းများများမသောက်ပါနဲ့။ နည်းနည်းချင်းနဲ့ မကြာခဏသောက်ပါ။
  • အစာအဆိပ်သင့်ဖြစ်နေချိန်မှာ အအန်ပျောက်ဆေး သို့မဟုတ် ဝမ်းပိတ်ဆေးတွေကို ဆရာဝန်မညွှန်ကြားဘဲ မသောက်ပါနဲ့။ရေဓါတ်ဆုံးရှုံးမှုဖြစ်နိုင်တာကြောင့် ဆရာဝန်က ဒီဆေးတွေညွှန်ကြားလာနိုင်ပါတယ်။
  • လက္ခဏာတွေ မသက်သာခင်အထိ နို့ထွက်ပစ္စည်း၊ ကဖင်း၊ အယ်ကိုဟော၊ နီကိုတင်းနဲ့ အဆီများ၊ အရသာလေးတဲ့စားစရာတွေကိုရှောင်ပါ။
  • အားကုန်နွမ်းလျနေမှာမို့ အနားယူပါ။
  • အန်တာ၊ ဝမ်းလျှောတာ ၂၄ နာရီထက် ကြာနေပြီဆို ဓါတ်ဆားရည်သောက်ပါ။
  • ဆီးပုံမှန်သွားတယ်၊ ဆီးအရောင်က ကြည်တယ်၊ အရောင်ရင့်မနေဘူးဆိုရင်ရေဓါတ်ပြည့်ဝနေတဲ့လက္ခဏာပါ။

ဒါပေမယ့် ၃ ရက်အတွင်းမသက်သာလာခဲ့ရင် ဒါမှမဟုတ် အောက်ပါလက္ခဏာတွေဖြစ်လာရင်

  • ဗိုက်အရမ်းအောင့်တာ
  • အဖျားတက်တာ
  • ဝမ်းသွားတဲ့အထဲသွေးပါတာ၊ ဝမ်းအမည်းတွေသွားတာ
  • ဆက်တိုက် အန်နေတာ၊သွေးပါလာတာ
  • ရေဓါတ်ခန်းခြောက်မှုလက္ခဏာတွေရှိလာတာ (အာခေါင်ခြောက်ခြင်း၊ ဆီးနည်းခြင်း၊ခေါင်းမူးခြင်း၊မောပန်းအားကုန်ခြင်း၊ အသက်ရှူမြန်၊ နှလုံးခုန်မြန်ခြင်း)
  • အမြင်အာရုံမှုန်ဝါးလာတာ၊ ကြွက်သားအားနည်းလာတာ၊ လက်မောင်းမှာ ထုံကျဉ်လာတာလိုမျိုး အာရုံကြောပြဿနာတွြေဖစ်လာပြီဆို ဆရာဝန်အမြန်ဆုံးပြပါ။

ဒီအချက်တွေက ယေဘုယျအနေနဲ့ အကြံပြုထားတာတွေဖြစ်လို့ အစာအဆိပ်သင့်လက္ခဏာတွေရှိနေရင်ပြင်းထန်နေပြီ၊ ခံစားရမသက်သာဘူးဆိုဆေးရုံဆေးခန်းအရင်သွားပြီး စစ်ဆေးကုသမှုခံယူတာစိတ်အချရဆုံးပါပဲ။ အစာဆိပ်သင့်မှုရဲ့ပြင်းထန်မှုအတိမ်အနက်ကို မူတည်ပြီးမှ အန္တရာယ်ရှိမရှိ ကို သိနိုင်မှာမို့ မပေါ့ဆကြပါနဲ့။

Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Ref:

https://www.webmd.com/food-recipes/food-poisoning/understanding-food-poisoning-treatment#1

Accessed Nov 15, 2018.

http://www.sja.org.uk/sja/first-aid-advice/poisoning/food-poisoning.aspx

Accessed Nov 15, 2018.

https://www.mayoclinic.org/diseases-conditions/food-poisoning/symptoms-causes/syc-20356230

Accessed Nov 15, 2018.

https://www.webmd.com/first-aid/food-poisoning-treatment

Accessed Nov 15, 2018.

 

ယခုပုံစံ

19/09/2022

Yun Sandi Nan Mon မှ ရေးသားသည်။

Wilson Chan မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ဘေးကင်းစိတ်ချရသော အစားအသောက်ဖြစ်စေရန် အကြံပေးချက် (၈) ချက်

ကလေးများတွင်အစာအဆိပ်သင့်ခြင်း



Yun Sandi Nan Mon မှ ရေးသားသည်။ · 19/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement