backup og meta

ကိုယ်အလေးချိန် တက်လိုသူတွေအတွက်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 08/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကိုယ်အလေးချိန် တက်လိုသူတွေအတွက်

    ကိုယ်အလေးချိန် တက်ချင်တယ်။ ဘာစားလို့ စားရမလဲ မသိဘူးဆိုပြီး ဖြစ်နေတဲ့ Hello ဆရာဝန် ပရိသတ်ကြီးတွေများ ရှိနေလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးက အသုံးတည့်မယ် ထင်ပါတယ်နော်။ ဒီဆောင်းပါးလေးထဲမှာ ကိုယ်အလေးချိန် တက်လိုသူတွေအတွက် ဘာတွေ စားပေးရမလဲဆိုတာကို ပြောပြပေးသွားပါမယ်။

    ကိုယ်အလေးချိန် တက်ဖို့ ဘာတွေစားရမလဲ

    ကိုယ်အလေးချိန် တက်လိုသူတွေအတွက် ကျန်းမာစွာနဲ့ ကိုယ်အလေးချိန် တက်လာဖို့ ဆိုရင်တော့

    နို့

    ပရိုတင်းနဲ့ကာဗိုဟိုက်ဒရိတ်ပါဝင်နေတဲ့ အာဟာရပြည့်သောက်စရာတစ်မျိုးပါ။ ဗီတာမင်သတ္တုဓာတ်နဲ့ ကယ်လ်ဆီယမ်တို့ပါဝင်နေပါတယ်။ ကြွက်သားတက်စေဖို့ အကောင်းဆုံးထောက်ပံ့ပေးနိုင်မှာပါ။

    ပရိုတင်း Shake

    ကိုယ်အလေးချိန်တက်စေဖို့ အလွယ်ကူဆုံးနည်းလမ်းတွေထဲကတစ်ခုပါ။လေ့ကျင့်ခန်းလုပ်ရင်းပရိုတင်း Shakeသောက်ပေးမယ်ဆိုရင် အချိန်တိုအတွင်းမှာ ကြွက်သားတွေတက်ပြီး ကိုယ်အလေးချိန်တိုးလာမှာပါ။

    ထမင်း

    ထမင်းတစ်ပန်းကန်စာမှာ ကယ်လ်လိုရီ ၂၀၀လောက်ပါဝင်နေပါတယ်။ ထမင်းကကိုယ်အလေးချိန်တက်စေဖို့ လိုအပ်တဲ့ ကာဗိုဟိုက်ဒရိတ်ရရှိစေနိုင်တဲ့ အကောင်းဆုံးအစားအစာတစ်ခုဆိုလည်း မမှားပါဘူး။

    အနီရောင်အသား

    အနီရောင်အသားစားသုံးတာက ကြွက်သားတက်စေနိုင်သလို ကိုယ်အလေးချိန်ကိုလည်း တက်စေနိုင်ပါတယ်။ အဆီမပါတဲ့ အနီရောင်အသား စားသုံးပေးလို့ ရပါတယ်။

    အခွံမာသီးတွေ

    အခွံမာသီးတွေပုံမှန်စားသုံးပေးတာက ကိုယ်အလေးချိန်တက်စေဖို့ အထောက်အကူပြုပေးနိုင်ပါတယ်။ ဒါကြောင့် ကိုယ်အလေးချိန်တက်ချင်တယ်ဆိုရင်နေ့တိုင်း အခွံမာသီးတစ်ခုခုကို လက်တစ်ဆုပ်စာလောက်စားပေးပါ။

    ပေါင်မုန့်

    ကာဗိုဟိုက်ဒရိတ်တွေပါဝင်တဲ့ပေါင်မုန့်တွေက ကိုယ်အလေးချိန်တက်စေဖို့အတွက် အထောက်အကူပြုပေးပါတယ်။ ဒါကြောင့် ကိုယ်အလေးချိန်တက်ချင်တယ်ဆိုရင်ပေါင်မုန့်စားပေးပါ။
    သစ်သီးခြောက်

    သစ်သီးခြောက်တွေမှာ အာဟာရ နဲ့ ကယ်လ်လိုရီတွေပါဝင်နေပါတယ်။ အသီးခြောက် ခွက်တစ်ဝက်စာမှာ ကယ်လ်လိုရီ ၁၃၀လောက်ထိပါဝင်နေတာကြောင့် နာနတ်သီးခြောက်၊ ချယ်ရီသီးခြောက်၊ ပန်းသီးခြောက် နဲ့ စပျစ်သီးခြောက်တို့ကို စားသုံးပေးလို့ရပါတယ်။

    ထောပတ်သီး

    ကယ်လ်လိုရီ၊ အဆီ၊ ဗီတာမင် နဲ့ သတ္တုဓာတ်တို့ပါဝင်နေပါတယ်။ ဝချင်သူတွေအနေနဲ့ထောပတ်သီးကို အသီးအတိုင်းစားတာဖြစ်ဖြစ်၊ဖျော်သောက်တာဖြစ်ဖြစ် စားသုံးပေးလို့ရပါတယ်။

    ဥအမျိုးမျိုး

    ပရိုတင်း၊ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အဆီတွေ နဲ့ အခြား အာဟာရဓာတ်တွေ ပါဝင် နေပါတယ်။ ကြက်ဥအနှစ်က အာဟာရ ပိုမို ပါဝင်နေတာကြောင့် ကိုယ်အလေးချိန် တက်ချင်တယ် ဆိုရင် ကြက်ဥအနှစ် စားပေးပါ။

    ဒိန်ချဉ်

    အဆီပြည့်ဒိန်ချဉ်က ပရိုတင်းနဲ့ အာဟာရဓာတ်တွေကို ထောက်ပံ့ပေးနိုင်ပါတယ်။ ဒါကြောင့် အဆီထုတ်မထားတဲ့ ဒိန်ချဉ်ကိုသောက်ပေးလို့လည်းရပါတယ်။ ဒိန်ချဉ်ထဲကို ငှက်ပျောသီး၊ ပန်းသီးတို့လိုမျိုး အသီးတွေ ထည့်ပြီး စားပေးလို့လည်း ရပါတယ်။

    ကိုယ်အလေးချိန်တက်ဖို့ ဘာတွေလိုက်နာရမလဲ

    အစားအစာတွေစားတာအပြင် ကိုယ်အလေးချိန် တက်စေဖို့ ဒီအချက်လေးတွေကိုလည်း လိုက်နာဖို့လိုပါမယ်။

    • အစားမစားခင် ရေမသောက်ပါနဲ့။
    • အစားကို နည်းနည်းချင်းစီနဲ့ အကြိမ်ရေ များများ စားပေးပါ။
    • နို့သောက်ပါ။
    • ကိုယ်အလေးချိန် တက်စေမယ့် ပရိုတင်း Shakeတွေ သောက်ပေးပါ။
    • အရင်ကထက် များများ စားပေးပါ။
    • ကော်ဖီ သောက်တဲ့အခါ နို့မှုန့်၊ နို့စိမ်းတို့ ထည့်သောက်ပါ။
    • အိပ်ရေးဝဝ အိပ်ပါ
    • အသား ပိုစားပေးပါ။
    • အသီးအရွက်ကို သင့်တင့်မျှတစွာစားသုံးပေးပါ။
    • ဆေးလိပ် ဖြတ်ပါ
    • အရက် လျှော့သောက်ပါ။
    • သင့်တင့်တဲ့ ကိုယ်လက်လေ့ကျင့်ခန်း လုပ်ပါ။

    ဒီအချက်တွေကိုလိုက်နာလို့ ကိုယ်အလေးချိန် တက်လာအောင် ကြိုးစားကြည့်လိုက်ပါနော်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 08/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement