အခုရက်ပိုင်းမှာ အုပ်ထိန်းသူတွေကလည်း အလုပ်တွေ ရှုပ်ပြီး မအား လာတာနဲ့အမျှ ကလေးငယ်တွေ ကိုလည်း အလွယ်တကူရတဲ့ လက်ဖက်ရည်ဆိုင် က အစားအစာတွေ ကို ကျွေးလာတာကိုလည်း တွေ့ရပါတယ်။

ဘာတွေ မကျွေးသင့်ဘူးလဲ

ဥပမာ – ကလေးငယ် ကို အလွယ်ရတဲ့ ဆိုင်က မုန့်ဟင်းခါး ကျွေးကြပါတယ်။ အခုဆို ၃-၄ နှစ် သား အရွယ်ကတည်း က မနက်စာ ကို မုန့်ဟင်းခါး ဝယ်ကျွေးနေတဲ့ မိဘ တွေ တွေ့နေရပါတယ်။ ဆိုင်မုန့်ဟင်းခါး ကတော့ ထုံးစံ အတိုင်း အချိုမှုန့် မတရား ပါဝင်ပါတယ်။ ဒီ Mono Sodium Glutamate (MSG) လို့ခေါ်တဲ့ အချိုမှုန့် တွေ ဟာ ဦးနှောက်မှာ ရှိတဲ့ Neurone (ဦးနှောက်ဆဲလ်) တွေ ကို ရေတွေနဲ့ ပွလာစေပြီး နောက်ဆုံးမှာ ပေါက်ပြီး ပျက်ဆီး သွားစေနိုင်ပါတယ်။ အကျိုးဆက်ကတော့ ကလေးငယ်တွေ မှာ ဆိုရင် မှတ်ဉာဏ် စွမ်းအားကိုသိသိသာသာ ကျစေပြီး လန်းဆန်းတက်ကြွမှု မှာ လျော့နည်းသွားစေပါတယ်။

နောက်တစ်ခုကတော့ အသုပ် မျိုးစုံပါ။ ဆိုင်လုပ် လက်သုပ် တွေကတော့ အချို့မှုန့်များရုံတင်မကပဲ နီနီရဲရဲ အချဉ် တွေ နဲ့ သုပ်ထားတဲ့ အပြင် မှိုပေါင်းများစွာပါနေတဲ့ ငရုတ်သီးမှုန့်တွေ က ကလေးတွေရဲ့ ကျန်းမာရေး ကို လွန်စွာ ဒုက္ခပေးနိုင်ပါတယ်။ ဥပမာပြောရင် ဝမ်းပျက်ဝမ်းလျှော ရောဂါ၊ အစားအသောက်မသန့်လို့ ဖြစ်တဲ့ အသည်းရောင် ရောဂါ၊ မှိုတက်နေတဲ့ အစားအစာ အစားများလွန်း၍ အသည်း ကင်ဆာ အထိ ဖြစ်သွားနိုင်ပါတယ်။

နောက်တစ်ခု ကတော့ ဆီတွေ နစ်နေအောင်ကြော်ထားတဲ့ အကြော်စုံ၊ ဆီ ထပ်ခါထပ်ခါ ပြန်သုံးပြီးကြော်ထားတဲ့ အကြော်စုံ တွေ မကျွေးသင့်ပါဘူး။ ရံဖန်ရံခါ စားတာ ပြဿနာ အရမ်းမရှိပေမယ့်။ ရေရှည်ဆိုရင်တော့ ကလေးငယ် အဝလွန် ရောဂါ ဖြစ်လာ နိုင်ပါတယ်။

ဘာတွေကျွေးသင့်သလဲ

  • နွားနို့
  • ပေါင်မုန့် (expire date သေချာကြည့်ပြီး၊ မှိုပါ မပါ စစ်ဆေးပြီးမှ ဝယ်ပါ)
  • ပေါက်စီ
  • အိမ်လုပ် အသုပ် (မကျည်းရည် ဖြင့်သာ သုပ်ရန်၊ ငရုပ်သီးမှုန့် လုံးဝ မထည့်သင့်ပါ)
  • လက်ဖျော် အသီး ဖျော်ရည် တစ်ခုခု
  • ပဲပြုတ် နံပြား
  • ကြက်ဥပြုတ် (တစ်ပါတ် သုံးရက် လောက် တစ်နေ့ တစ်လုံးကျွေးသင့်ပါတယ်။ ကြက်ဥ အနှစ်မှာပါတဲ့ ကိုလင်း (Choline) က မှတ်ဉာဏ်စွမ်းအားကို ကောင်းစေပါတယ်။
  • ထောပတ်သီး
  • မြေပဲထောပတ်
  • ဒိန်ချဉ်
  • အိမ်လုပ် ခေါက်ဆွဲပြုတ်

အသက် ၅ နှစ် အောက် ကလေးများ ကို အပြင် အစားအစာ များမကျွေးသင့်ပါ။ အပြင်အစားအစာ တွေမှာ ဆားပါဝင်မှု များတဲ့ အတွက် ကလေးငယ်တွေ က အိမ်လုပ် အစားအစာတွေ ကို မစားဘဲ အပြင်စာ တွေ ကိုသာ ပိုပြီး စွဲမက် သွားစေနိုင်ပါတယ်။

Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

လေးစားစွာဖြင့်

ဒေါက်တာ ညီညီကျော်

Read also:

မျှဝေမည်

တည်းဖြတ်သည့်နေ့ ဇနျနဝါရီ 7, 2019 | နောက်ဆုံးတည်းဖြတ်ခြင်း ဇနျနဝါရီ 7, 2019

Dr. Nyi Nyi Kyaw အာဟာရဆိုင်ရာ အထူးကု
အာဟာရဆိုင်ရာ အထူးကု အဖြစ် ဆာကူရာ ဆေးရုံ တွင် တာဝန်ထမ်းဆောင်နေပါတယ်။ လက်ရှိ ရန်ကုန် ကလေးဆေးရုံ မှာ လည်း Volunteer အဖြစ်ဆောင်ရွက်နေပါတယ်။ M.B,B.S (Ygn) ဘွဲ့ကို ၂၀၁၅ မှာ ရရှိခဲ့ပြီး UK Bedfordshire University က ချီးမြှင့်သည့် M.Sc (Nutrition & Dietetics) (UK) ဘွဲ့ကို ၂၀၁၈ မှာ ရရှိခဲ့ပါတယ်။ Member of Nutrition Society (UK) အသင်း ဝင်အဖြစ် ၂၀၁၈ မှာ စတင်ခဲ့ပါတယ်။
ထပ်ပြပါ
နောက်ဆုံးဆောင်းပါးများ