မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon
ကိုယ်အလေးချိန် တက်ချင်တယ်။ ဘာစားလို့ စားရမလဲ မသိဘူးဆိုပြီး ဖြစ်နေတဲ့ Hello ဆရာဝန် ပရိသတ်ကြီးတွေများ ရှိနေလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးက အသုံးတည့်မယ် ထင်ပါတယ်နော်။ ဒီဆောင်းပါးလေးထဲမှာ ကိုယ်အလေးချိန် တက်လိုသူတွေအတွက် ဘာတွေ စားပေးရမလဲဆိုတာကို ပြောပြပေးသွားပါမယ်။
ကိုယ်အလေးချိန် တက်လိုသူတွေအတွက် ကျန်းမာစွာနဲ့ ကိုယ်အလေးချိန် တက်လာဖို့ ဆိုရင်တော့
ပရိုတင်းနဲ့ကာဗိုဟိုက်ဒရိတ်ပါဝင်နေတဲ့ အာဟာရပြည့်သောက်စရာတစ်မျိုးပါ။ ဗီတာမင်၊ သတ္တုဓာတ်နဲ့ ကယ်လ်ဆီယမ်တို့ပါဝင်နေပါတယ်။ ကြွက်သားတက်စေဖို့ အကောင်းဆုံးထောက်ပံ့ပေးနိုင်မှာပါ။
ကိုယ်အလေးချိန်တက်စေဖို့ အလွယ်ကူဆုံးနည်းလမ်းတွေထဲကတစ်ခုပါ။လေ့ကျင့်ခန်းလုပ်ရင်းပရိုတင်း Shakeသောက်ပေးမယ်ဆိုရင် အချိန်တိုအတွင်းမှာ ကြွက်သားတွေတက်ပြီး ကိုယ်အလေးချိန်တိုးလာမှာပါ။
ထမင်းတစ်ပန်းကန်စာမှာ ကယ်လ်လိုရီ ၂၀၀လောက်ပါဝင်နေပါတယ်။ ထမင်းကကိုယ်အလေးချိန်တက်စေဖို့ လိုအပ်တဲ့ ကာဗိုဟိုက်ဒရိတ်ရရှိစေနိုင်တဲ့ အကောင်းဆုံးအစားအစာတစ်ခုဆိုလည်း မမှားပါဘူး။
အခွံမာသီးတွေပုံမှန်စားသုံးပေးတာက ကိုယ်အလေးချိန်တက်စေဖို့ အထောက်အကူပြုပေးနိုင်ပါတယ်။ ဒါကြောင့် ကိုယ်အလေးချိန်တက်ချင်တယ်ဆိုရင်နေ့တိုင်း အခွံမာသီးတစ်ခုခုကို လက်တစ်ဆုပ်စာလောက်စားပေးပါ။
သစ်သီးခြောက်တွေမှာ အာဟာရ နဲ့ ကယ်လ်လိုရီတွေပါဝင်နေပါတယ်။ အသီးခြောက် ခွက်တစ်ဝက်စာမှာ ကယ်လ်လိုရီ ၁၃၀လောက်ထိပါဝင်နေတာကြောင့် နာနတ်သီးခြောက်၊ ချယ်ရီသီးခြောက်၊ ပန်းသီးခြောက် နဲ့ စပျစ်သီးခြောက်တို့ကို စားသုံးပေးလို့ရပါတယ်။
ကယ်လ်လိုရီ၊ အဆီ၊ ဗီတာမင် နဲ့ သတ္တုဓာတ်တို့ပါဝင်နေပါတယ်။ ဝချင်သူတွေအနေနဲ့ထောပတ်သီးကို အသီးအတိုင်းစားတာဖြစ်ဖြစ်၊ဖျော်သောက်တာဖြစ်ဖြစ် စားသုံးပေးလို့ရပါတယ်။
ပရိုတင်း၊ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အဆီတွေ နဲ့ အခြား အာဟာရဓာတ်တွေ ပါဝင် နေပါတယ်။ ကြက်ဥအနှစ်က အာဟာရ ပိုမို ပါဝင်နေတာကြောင့် ကိုယ်အလေးချိန် တက်ချင်တယ် ဆိုရင် ကြက်ဥအနှစ် စားပေးပါ။
အဆီပြည့်ဒိန်ချဉ်က ပရိုတင်းနဲ့ အာဟာရဓာတ်တွေကို ထောက်ပံ့ပေးနိုင်ပါတယ်။ ဒါကြောင့် အဆီထုတ်မထားတဲ့ ဒိန်ချဉ်ကိုသောက်ပေးလို့လည်းရပါတယ်။ ဒိန်ချဉ်ထဲကို ငှက်ပျောသီး၊ ပန်းသီးတို့လိုမျိုး အသီးတွေ ထည့်ပြီး စားပေးလို့လည်း ရပါတယ်။
အစားအစာတွေစားတာအပြင် ကိုယ်အလေးချိန် တက်စေဖို့ ဒီအချက်လေးတွေကိုလည်း လိုက်နာဖို့လိုပါမယ်။
ဒီအချက်တွေကိုလိုက်နာလို့ ကိုယ်အလေးချိန် တက်လာအောင် ကြိုးစားကြည့်လိုက်ပါနော်။
မသက်ဆိုင်ကြောင်း ရှင်းလင်းချက်
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှ အချက်အလက် စစ်ဆေးထားပါသည်။
Aye Thi Mon
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။