လိပ်ခေါင်းကြောင့် စအိုနားတစ်ဝိုက် ယားယံနေတာမှန်ပေမယ့် အယားပြေအောင် လက်နဲ့ မကုတ်သင့်ပါဘူး။ ကုတ်လိုက်တာကြောင့် အရေပြားတစ်ဝိုက်ပွန်းသွားပြီး ပိုးတွေဝင်သွားနိုင်ပါတယ်။ အညစ်အကြေးတွေ ဖြတ်နေတဲ့နေရာဖြစ်တဲ့အတွက် စအိုနားတစ်ဝိုက် အနာဖြစ်ရင် အနာကျက်ဖို့ ခဲယဉ်းပါတယ်။
အသားနုတဲ့ ဘောင်းဘီတွေကို ရွေးဝတ်ပါ။ ။
ဝတ်ရတာ ချောင်ချိပြီး အသားနုတဲ့ချည်သား ဘောင်းဘီတွေကို ရွေးဝတ်ပါ။ ဒါမှ လေဝင်လေထွက်ကောင်းပြီး ချွေးအိုက်တာကို သက်သာသွားစေမှာပါ။
ထွက်နေတဲ့ လိပ်ခေါင်း ပြန်ဝင်သွားအောင်၊ နောက်တစ်ခါထပ်ထွက် မလာအောင် ကိုယ့်ဘက်က ဘာတွေဆင်ခြင်ရမလဲ။ ။
- ဝမ်းလုံးဝ အချုပ်မခံပါနဲ့။ ဝမ်းချုပ်လို့ လိပ်ခေါင်းထွက်၊ လိပ်ခေါင်းထွက်လို့ အိမ်သာမသွားရဲတော့ ဝမ်းထပ်ချုပ်နဲ့ သံသရာလည်နေတတ်လို့ပါ။ ဒါကြောင့် အစတည်းက ဝမ်းချုပ်မခံပါနဲ့။
- အိမ်သာတက်ချင်ရင်ချက်ချင်းသွားတဲ့ အကျင့်လုပ်ပေးပါ။ လုံးဝ အောင့်မထားပါနဲ့။ အိမ်သာတက်ချင်ရင် အောင့်ထားတတ်တဲ့အကျင့်ကြောင့်လည်း ဝမ်းချုပ်ပြီးလိပ်ခေါင်းပိုထွက်နိုင်ပါတယ်။
- အိမ်သာထဲမှာ အချိန်အကြာကြီး မဖြုန်းပါနဲ့။ အိမ်သာတက်ချင်သလိုလိုဖြစ်လို့ အိမ်သာထဲဝင်လိုက်ပေမယ့် ၅ မိနစ်ကြာတဲ့အထိ အိမ်သာ မသွားဘူးဆိုရင် အတင်းညှစ်မနေပါနဲ့။ ဒါက လိပ်ခေါင်းပိုထွက်လာအောင် အားပေးသလိုဖြစ်လို့ပါ။
- ကိုယ်က ဘိုထိုင်အိမ်သာကို အသုံးပြုတယ်ဆိုရင် ခုံပုလေးတစ်လုံးပေါ်မှာ ခြေထောက်တင်ထားပြီး ကိုယ်ကို ရှေ့ကို အနည်းငယ်ငိုက်ထားတဲ့ ပုံစံနဲ့ အိမ်သာတက်ပါ။ ဒါမှ အူလမ်းကြောင်း ဖြောင့်သွားပြီး ဝမ်းသွားရလွယ်ကူမှာပါ။
- အမျှင်ဓါတ်ပါတဲ့ အသီးအရွက်တွေများများစားပေးပါ။
- ရေများများသောက်ပါ။
- ကိုယ်လက်လှုပ်ရှားမှုလုပ်ပါ။ အနည်းဆုံးတစ်နေ့ကို နာရီဝက်လောက် လမ်းလျှောက်ပေးပါ။ ဗိုက်သားကို အားပြုပြီး ညှစ်ရတဲ့ လေ့ကျင့်ခန်းမျိုးကို ရှောင်ပါ။
- ခုံပေါ်မှာ တစ်ချိန်လုံးထိုင်မနေဘဲ တစ်နာရီလောက်ထိုင်လိုက် လမ်းကို ၁၅ မိနစ်လောက် လျှောက်ပေးလိုက်လုပ်ပါ။ ။
ဘယ်အချိန်မှာ ဆရာဝန်ဆီသွားရမလဲ။ ။
- ထွက်နေတဲ့ လိပ်ခေါင်းက ပြန်မဝင်တော့တာ ကြာနေပြီ။
- မခံမရပ်နိုင်အောင်လည်း နာနေမယ်။
- ဝမ်းသွားတိုင်း သွေးတွေပါ ဆင်းနေလို့ လူလည်း သွေးအားနည်းနေပြီ။
- ခုံပေါ်မှာထိုင်လို့တောင် မရတော့ဘူးဆိုရင် ဆရာဝန်ဆီသာ သွားပြတာ အကောင်းဆုံးဖြစ်ပါလိမ့်မယ်။
လိပ်ခေါင်းရောဂါကို အပေါ်မှာပြောထားတဲ့ နည်းတွေနဲ့ ထွက်ခါစလိပ်ခေါင်းကို ပိုဆိုးမသွားအောင် ထိန်းမယ်။ ကိုယ့်ရဲ့ အပြုအမူတွေကိုလည်း ဆင်ခြင်လိုက်မယ်ဆိုရင်တော့ ဆေးခန်းသွားပြစရာမလိုဘဲ အိမ်မှာတင် ထွက်နေတဲ့လိပ်ခေါင်းပြန်ဝင်သွားမယ့် အပြင် နောက်ထပ်အသစ်တွေ ထပ်ထွက်မလာအောင်လည်း တားဆီးနိုင်မှာပါ။ ။
Dr.Thin Yadanar
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။