backup og meta

ပျားရည် ကပေးတဲ့ အသားအရေ ကျန်းမာရေး


Aye Thi Mon မှ ရေးသားသည်။ · 27/05/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ပျားရည် ကပေးတဲ့ အသားအရေ ကျန်းမာရေး

    ပျားရည်က ဆေးဖက်ဝင်တယ်ဆိုတာကို ထွေထွေထူးထူးမပြောလည်း အများက လက်ခံထားပြီးသားပါ။ စားလိုက်ရင် ချိုချိုလေးနဲ့ အရသာရှိတဲ့ ပျားရည်လေးက ကျန်းမာရေး အာနိသင်​ကြွယ်သလို အသားအရေကိုလည်း အများကြီး အထောက်အပံ့ပေးပါတယ်။ ခုတစ်ခေါက်တော့ ပျားရည်က အသားအရေ ကျန်းမာရေးကို ဘယ်လိုမျိုး ထောက်ပံ့ပေးသလဲဆိုတာ ​ကြည့်လိုက်ရအောင်လား။

    ပျားရည် ကပေးတဲ့ အသားအရေ လှပမှု

    ချိုချိုလေးနဲ့ အရသာရှိတဲ့ ပျားရည်က အရေပြားပေါ်မှာ လိမ်းပေးမယ်ဆိုရင်

    ပျားရည်ကို အဓိက အသုံးပြုခဲ့ကြတာက အရေပြားပေါ်က ပိုးမွှားတွေကို တိုက်ဖျက်ဖို့ပါ။ အရေပြားပေါ်မှာ မမြင်နိုင်တဲ့ ဘက်တီးရီးယားများစွာ ရှိနေပြီး ဒီဘက်တီးရီးယားတွေက အရေပြားရောဂါ အမျိုးမျိုးကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အရေပြားမှာ ပိုးဝင်ကူးစက်တာမျိုး သက်သာစေဖို့ဆိုရင် ပျားရည်ကို သုံးပေးလို့ရပါတယ်။

    ထိခိုက်မှုတစ်ခုခုဖြစ်တယ် လိမ်းစရာဆေးတစ်ခုခု မရှိဘူးဆိုရင် အနာကို သေချာ စင်ကြယ်အောင်ဆေးလို့ ပျားရည်လေး ခပ်ပါးပါး လိမ်းထားပေးလိုက်ပါ။ ပိုးမဝင်အောင် ကာကွယ်ပေးသလို အနာကျက်မြန်စေဖို့ အကောင်းဆုံး အထောက်အပံ့ပေးနိုင်ပါတယ်။

    ပျားရည်က အရောင်ကျစေနိုင်တဲ့ အာနိသင်ရှိတာကြောင့် ဝက်ခြံနှင်းခူတို့လိုမျိုး အရေပြားမှာ ရောင်ရမ်းစေနိုင်တဲ့ အရေပြား ပြဿနာတွေအတွက် အသုံးပြုပေးလို့ရပါတယ်။ ထိခိုက်မိတာ တစ်ခုခုကြောင့် ရောင်ရမ်းတာကို သက်သာစေဖို့လည်း ပျားရည်ကို အသုံးပြုပေးလို့ရပါတယ်။

    ပျားရည်က အရေပြားကို ကျန်းမာစေနိုင်ပါတယ်။ နေ့စဉ် သေချာ သန့်စင်ထားတဲ့ မျက်နှာပေါ်မှာ ပျားရည်လိမ်းပေးမယ်ဆိုရင် အရေးအကြောင်းဖြစ်တာတွေကို သက်သာစေနိုင်ပြီး အရွယ်တင်စေနိုင်မှာပါ။ အရွယ်မတိုင်ခင် အိုမင်းတာမျိုး မဖြစ်အောင်လည်း ကာကွယ်ပေးနိုင်မှာပါ။

    ပျားရည်က ဝက်ခြံသက်သာစေမယ့် သဘာဝ ကုထုံးတစ်ခုပါ။ ပျားရည်လိမ်းတာက ဝက်ခြံ​ကြောင့်ဖြစ်တဲ့ အရေပြား နီမြန်းတာ၊ ရောင်ရမ်းတာတွကို သက်သာစေနိုင်သလို ဝက်ခြံဖြစ်စေတဲ့ ဘက်တီးရီးယားတွေကို အထိရောက်ဆုံး တိုက်ဖျက်ပေးနိုင်မှာပါ။

    ဝက်ခြံရှိနေမယ်ဆိုရင် သန့်စင်ထားတဲ့ မျက်နှာပေါ်မှာ ပျားရည် ခပ်ပါးပါးလိမ်းလို့ ၁၀ မိနစ် ကနေ ၁၅ မိနစ်လောက် ထားလိုက်ပါ။ ပြီးရင် ရေနွေးနွေးလေးနဲ့ ဆေးချလိုက်ပါ။

    ပျားရည်က အရောင်ကျစေနိုင်သလို ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်ပြီး အစိုဓာတ် ထိန်းပေးနိုင်တာကြောင့် အသားအရေကို အစိုဓာတ်ဖြည့်ပေးပြီး ချောမွေ့စေပါတယ်။ အပူလောင်တဲ့အခါ ဒဏ်ရာကို ရေနဲ့ သန့်စင်အောင် ဆေးကြောပြီးတာနဲ့ ပျားရည် ခပ်ပါးပါးလေး လိမ်းပေးရုံပါ။

    အရေပြားမှာ နေလောင်တာကို သက်သာစေဖို့ အတွက်လည်း ပျားရည်ကို လိမ်းပေးလို့ရပါတယ်။ နေလောင်တဲ့အခါ နေလောင်တဲ့နေရာကို ပျားရည် ခပ်ပါးပါး လိမ်းပေးရုံပါ။

    ပျားရည်က အရေပြား ကင်ဆာ အပါအဝင် အခြားသော ကင်ဆာတွေကို ကာကွယ်ပေးနိုင်ပါတယ်။ ပျားရည်က ကင်ဆာဆဲလ်တွေ ကြီးထွားမှုကို ဟန့်တားနိုင်ပါတယ်။ ဒါကြောင့် အရေပြားကင်ဆာအပါအဝင် ကင်ဆာတွေကို ကာကွယ်ဖို့အတွက် ပျားရည်ကို ဆေးဖြစ်ဝါးဖြစ် စားသုံးပေးလို့ရပါတယ်။

    အမာရွတ်တွေရှိနေမယ်ဆိုရင် အမာရွတ်ပါးသွားစေဖို့ ဆေးအမျိုးမျိုး လိမ်းနေမယ့်အစား ပျားရည်ကိုသာ မှန်မှန်လိမ်းပေးပါ။ ဓာတ်တိုးဆန့်ကျင် အာနိသင်ပါဝင်တဲ့ ပျားရည်က ထိခိုက်ပျက်စီးသွားတဲ့ အရေပြားတစ်ရှူးတွေကို အားဖြည့်ပေးပြီး အမာရွတ်ပါးစေဖို့ အကောင်းဆုံး အားဖြည့်ပေးနိုင်ပါတယ်။ အမာရွတ်နေရာကို နေ့စဉ်မှန်မှန် ပျားရည် ခပ်ပါးပါးလေး လိမ်းရုံပါ။

    နှုတ်ခမ်းကွဲတဲ့အခါ နှုတ်ခမ်းသားပေါ်ကို ပျားရည်လိမ်းပေးပြီး ၁၀ မိနစ် ကနေ ၁၅ မိနစ်အထိထားလို့ ရေအေးအေးလေးနဲ့ ဆေးချပေးလိုက်ပါ။ ဒီလို လုပ်ပေးတာက နှုတ်ခမ်းကွဲတာကို သက်သာစေနိုင်မှာပါ။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Aye Thi Mon မှ ရေးသားသည်။ · 27/05/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement