backup og meta

ဆောင်းရာသီမှာနှုတ်ခမ်းကွဲတာကို ဘယ်လိုရင်ဆိုင်မလဲ


Aye Thi Mon မှ ရေးသားသည်။ · 15/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဆောင်းရာသီမှာနှုတ်ခမ်းကွဲတာကို ဘယ်လိုရင်ဆိုင်မလဲ

    အနောက်မြောက် မုတ်သုံလေတိုက်ခတ်မှုနဲ့အတူအေးမြ လန်းဆန်းမှုတွေနဲ့ဆောင်းရာသီကနှုတ်ဆက်လိုက်တဲ့အထိအတွေ့ကနွေရာသီရဲ့ ပူပြင်းမှုတွေကိုလျော့ကျစေနိုင်တာကြောင့် လူတေါကဆောင်းရာသီရောက်ဖို့ကို အမြဲမျှော်လင့်နေတတ်ပါတယ်။ဆောင်းရာသီကကောင်းတဲ့အချက်တွေများပေမယ့် မကောင်းတဲ့အချက်တစ်ချက်လည်းရှိနေပါတယ်။ ထိုအချက်ကဆောင်းရာသီမှာ အရေပြားခြောက်သွေ့တာ၊နှုတ်ခမ်းကွဲတာလိုမျိုးခြောက်သွေ့မှုကိုခံစားရတာပဲဖြစ်ပါတယ်။

    နှုတ်ခမ်းခြောက်သွေ့တာက အရမ်းကိုနာကျင်ပါတယ်။ တစ်ခါတလေ နှုတ်ခမ်းခြောက်သွေ့တဲ့အခါသွေးထွက်တာမျိုးတွေအထိဖြစ်ပေါ်နိုင်ပါတယ်။ တကယ်လို့သင့်အနေနဲ့ အဆိုပါပြဿနာတွေနဲ့ ပတ်သက်ပြီးစိုးရိမ်နေတယ်ဆိုရင်တော့ အိမ်တွင်းသုံးပစ္စည်းလေးတွေကို အသုံးပြုပြီး နှုတ်ခမ်းခြောက်ပြီးကွဲတာကို “ဘိုင့်ဘိုင့်” လို့သာနှုတ်ဆက်လိုက်ပါ။

    နှုတ်ခမ်းကွဲရတဲ့အကြောင်းရင်းခံတွေက ဘာတွေများဖြစ်မလဲ

    နှုတ်ခမ်းခြောက်သွေ့ကွဲအက်ကတဲ့ အကြောင်းအရင်းတွေ အမျိုးမျိုးရှိနိုင်ပါတယ်။ အဖြစ်များတဲ့အကြောင်းအရင်းတွေကတော့ –

    • ရာသီဥတုအကူးအပြောင်း
    • အသက်အရွယ်ကြီးရင့်လာမှုကလည်း နှုတ်ခမ်းခြောက်သွေ့ရခြင်းရဲ့ အဓိကအကြောင်းအရင်းတစ်ရပ်ပါ။
    • နှုတ်ခမ်းကိုက်တာကလည်း နှုတ်ခမ်းကိုသွေးထွက်စေပြီး ကွဲစေနိုင်ပါတယ်။
    • နှုတ်ခမ်းကို လျက်တာကလည်း အကျင့်ဆိုးတစ်ခုပါ။
    • နှုတ်ခမ်းကို လက်ချောင်းတွေနဲ့ကိုင်တွယ်ထိတွေ့တာက ပိုးတွေကို ကူးစက်စေနိုင်ပါတယ်။
    • ရေဓါတ်ခမ်းခြောက်ခြင်း
    • နှုတ်ခမ်းနီလိုမျိုး ဓါတုပစ္စည်းတွေအလွန်အကျွံသုံးစွဲခြင်း
    • အယ်လ်ကိုဟောပါဝင်မှုကြောင့် အရေပြားခြောက်သွေ့ခြင်း
    • တာရှည်ခံဓါတုဗေဒပစ္စည်းတွေပါဝင်နေတဲ့ ထုတ်ကုန်တွေ အသုံးပြုခြင်း
    • နှုတ်ခမ်းနီမဖျက်ဘဲ ညအိပ်ခြင်း
    • အယ်လ်ကိုဟော၊ ရီတင်နို နဲ့ မန်သော်ပါတဲ့ နှုတ်ခမ်းဆိုးဆေးများ အသုံးပြုခြင်း

    ဘယ်လိုကာကွယ်မလဲ

    နှုတ်ခမ်းကို အစိုဓါတ်ပြည့်ဝအောင်ထားပေးဖို့လိုပါတယ်။ အပြင်သွားတဲ့အခါမျိုးမျာပဲဖြစ်ဖြစ် အိမ်မှာနေရင်းဖြစ်ဖြစ် နှုတ်ခမ်းကို အစိုဓါတ်ပြည့်ဝနေအောင် ဂရုပြုပါ။နေ့တိုင်းရေဓါတ်လုံလောက်အောင်သောက်သုံးဖို့ကလည်းအရေးပါလှပါတယ်။ ဒီလိုမျိုးလုပ်ဆောင်ပေးခြင်းက နှုတ်ခမ်းကိုသာမက အရေပြားကိုပါရေဓါတ်ပြည့်ဝစေမှာဖြစ်ပါတယ်။နေ့စဉ်စားသုံးတဲ့ အစားအသောက်ထဲမှာ ဗီတာမင် ဘီ (Vitamine B)ပါဝင်မှုနည်းတာကလည်း နှုတ်ခမ်းခြောက်သွေ့ကွဲအက်တာကိုဖြစ်စေနိုင်တာကြောင့်နေ့စဉ်စားသုံးတဲ့အစားအသောက်တွေထဲမှာ အနီရောင်အသားတွေ၊ကွေကာအုတ်၊အဆီထုတ်နို့၊ ဆွစ်ချိစ်၊ဥအမျိုးမျိုး၊ပဲပြားတို့ကို ထည့်သွင်းစားသုံးပေးပြီး နှုတ်ခမ်းကို ကာကွယ်လိုက်ပါ။

    နှုတ်ခမ်းသားလှပကျန်းမာအောင် ဒါတွေလုပ်ဆောင်ပေးပါ။

    • ဆေးလိပ်ဖြတ်လိုက်ပါ -ဆေးလိပ်သောက်တာက နှုတ်ခမ်းသားကိုထိခိုက်ပျက်စီးစေသလို အချိန်ကြာလာတာနဲပအမျှ နှုတ်ခမ်းသားအရောင်ကို ပျက်စီးစေနိုင်တာကြောင့်ဆေးလိပ်ဖြတ်လိုက်ပါ။
    • နှုတ်ခမ်းကိုအမြဲအစိုဓါတ်ရနေစေဖို့ အစိုဓါတ်ထိန်းပေးတဲ့ နှုတ်ခမ်းဆိုးဆေးအသုံးပြုပါ။
    • ညအိပ်ရာမဝင်ခင် အစိုဓါတ်ထိန်းပေးတဲ့ နှုတ်ခမ်းဆိုးဆေးဆိုးပေးပါ။
    • နှုတ်ခမ်းကို တံတွေးစွတ်တဲ့အကျင့်ကိုဖျောက်ပါ။
    • တာရှည်ခံနှုတ်ခမ်းနီတွေမဆိုးပါနဲ့။

    ဆောင်းရာသီအတွက် နှုတ်ခမ်းနီရွေးချယ်ဝယ်ယူမယ်ဆိုရင်တော့ အစိုဓါတ်ထိန်းပေးနိုင်စွမ်းမြင့်မားတဲ့ နှုတ်ခမ်းဆိုးဆေးကိုရွေးချယ်ပါ။ သင်ရွေးချယ်တဲ့နှုတ်ခမ်းဆိုးဆေးကရေရှည်မှာအကျိုးသက်ရောက်မှုရှိလာမှာဖြစ်ပါတယ်။ ပိုပြီးအကျိုးသက်ရောက်စေချင်ရင်တော့SPF ပါတဲ့ နှုတ်ခမ်းဆိုးဆေးမျိုးကိုရွေးချယ်ဝယ်ပေးပါ။ နှုတ်ခမ်းဆိုးဆေးဝယ်ယူတဲ့အခါအောက်မှာပြထားတဲ့ အရာတွေပါတာကိုရွေးချယ်ဝယ်ယူတာက အကောင်းဆုံးပါပဲ။

    Shea Butter -Shea butter က သဘာဝနေလောင်ကာဆေးတစ်မျိုးဖြစ်ပြီး အနာကျက်စေနိုင်စွမ်းရှိပါတယ်။ နှုတ်ခမ်းသားကိုချောမွေ့စေပါတယ်။

    ရှားစောင်းလက်ပတ် – ရှားစောင်းလက်ပတ်ကရောင်ရမ်းမှုကို သက်သာစေပြီး ဘက်တီးရီးယားတွေကိုသေစေနိုင်တာကြောင့် အရေပြားကို ပိုးကူးစက်တာတွေကို ကာကွယ်ပေးပြီး နှုတ်ခမ်းသားကိုချောမွေ့စေနိုင်သလို အစိုဓါတ်လည်းထိန်းပေးပါတယ်။

    အလှဆီ – အရေပြားကိုချောမွေ့စေပြီး အစိုဓါတ်ထိန်းပေးတဲ့ သဘာဝပစ္စည်းတစ်မျိုးပါ။

    ဂျိုဂျိုးဘားဆီ – အရေပြားအတွက် အကောင်းဆုံးအာဟာရဖြည့်ပေးပါတယ်။။ အရေပြားကိုချောမွေ့နူးညံ့စေပါတယ်။

    ဗီတာမင် အီး – ဓါတ်တိုးဆန့်ကျင်ပစ္စည်းတစ်ရပ်ဖြစ်သလို အရေပြားကိုလည်း အစိုဓါတ်ထိန်းပေးပါတယ်။ နှုတ်ခမ်းကိုလည်းနေရောင်ဒဏ်ကနေကာကွယ်ပေးနိုင်ပါတယ်။

    အုန်းဆီ – အရေပြားခြောက်သွေ့ယားယံတာကို သက်သာစေပါတယ်။ နှုတ်ခမ်းသားကိုနူးညံ့စေပြီး အစိုဓါတ်ထိန်းပေးပါတယ်။

    ပျားဖယောင်း – အရေပြားကို အာဟာရဓါတ်ဖြည့်ပေးပါ။ရောင်ရမ်းမှုကိုလျော့ကျစေနိုင်သလို ဘက်တီးရီးယားတွေကိုလည်းသေစေနိုင်တာကြောင့် အရေပြားမထိခိုက်အောင်လုပ်ဆောင်ပေးပါတယ်။

    ဗီတာမင်အေ နဲ့ ဗီတာမင် ဒီ – ဒီဗီတာမင်တွေမှာ fatty acid ပါဝင်နေတာကြောင့် အရေပြားကလိုအပ်တဲ့ အာဟာရဓါတ်တွေကို အလွယ်တကူစုပ်ယူနိုင်စေပါတယ်။ အရေပြားကိုချောမွေ့စေပြီး အနာကျက်မြန်စေပါတယ်။

    နှုတ်ခမ်းကွဲတာကို အိမ်သုံးပစ္စည်းတွေနဲ့ သက်သာအောင်လုပ်ဆောင်မယ်

    မိမိအိမ်မှာ အလွယ်တကူရနိုင်တဲ့ ပစ္စည်းလေးတွေကို အသုံးပြုပြီးနှုတ်ခမ်းကွဲတာကို သက်သာအောင်လုပ်ဆောင်လို့ရပါတယ်။ နှုတ်ခမ်းကို အစိုဓါတ်ထိန်းပေးခြင်းက နှုတ်ခမ်းသားကိုခြောက်သွေ့ကွဲအက်တာတေါကနေကာကွယ်နိုင်မယ့် အကောင်းဆုံးသောနည်းလမ်းတစ်ရပ်ပါ။ နှုတ်ခမ်းအစိုဓါတ်ထိန်းပေးနိုင်မယ့် အိမ်သုံးအစစဉ်းလေးအချို့နဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။

    ပျားရည် – ပျားရည်က နှုတ်ခမ်းအစိုဓါတ်ကိုထိန်းပေးနိုင်တဲ့ အကောင်းဆုံးသော အစိုဓါတ်ထိန်းပစ္စည်းပါ။ ညအိပ်တဲ့အခါ နှုတ်ခမ်းမှာ ပျားရည်လူပြီး အိပ်ပေးပါ။ နှုတ်ခမ်းကိုနေရောင်ကြောင့် ညိုမဲမှုကနေသက်သာစေပြီး သန့်ရှင်းစေမှာဖြစ်ပါတယ်။

    လက်ဖက်စိမ်းရေနွေးအိတ်လေးတွေ – အသုံးပြုပြီးသား လက်ဖက်စိမ်းရေနွေးအိတ်လေးကို နှုတ်ခမ်းပေါ်မှာ ၄ မိနစ်လောက်ဖိကပ်ပေးပါ။နေပတိုင်းလုပ်ပေးမယ်ဆိုရင် နှုတ်ခမ်းခြောက်သွေ့ ကွအြက်တာကို သက်သာစေမှာဖြစ်ပါတယ်။

    သံပုရာရည် – နို့လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာကို သံပုရာရည် ၃ စက်နဲ့ရောပြီးရေခဲသေတ္တာထဲမှာ တစ်နာရီလောက်ထားပေးပါ။ မအိပ်ခင် နှုတ်ခမ်းမှာ အဆိုပါရောစပ်ထားတဲ့အရည်ကိုလူးပေးပါ။ နှုတ်ခမ်းသားကို တင်းရင်းပြည့်ဖြိုးစေမှာဖြစ်ပါတယ်။

    ဂျိုဂျိုးဘားဆီ – နှုတ်ခမ်းကွဲတာကို သက်သာစေနိုင်တဲ့အာနိသင်ရှိပါတယ်။ နှုတ်ခမ်းကွဲတဲ့နေရာမှာ လူဒပေးမယ်ဆိုရင် နျှုတ်ခမ်းကွဲတာကို သက်သာစေမှာဖြစ်သလို နှုတ်ခမ်းကိုလည်းရေဓါတ်ပြည့်ဝစေမှာဖြစ်ပါတယ်။

    သခွားသီး – နှုတ်ခမ်းကို အခွံနွှာထားတဲ့ သခွားသီးနဲ့ပွတ်ပေးပါ။ သခွားသီးအရည်ကို နှုတ်ခမ်းမှာစွတ်ပေးပြီး မိနစ် ၂၀လောက်ထားပေးပါ။ပြီးတဲ့နောက်ရေနဲ့ဆေးချလိုက်ပါ။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Aye Thi Mon မှ ရေးသားသည်။ · 15/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement