အရင်ဆုံး ခေါင်းမလျှော်ရသေးရင် ရေနည်းနည်းစွတ်ထားပေးပါ။ ပျားရည် ခွက်တစ်ဝက်၊ သံလွင်ဆီ သို့မဟုတ် အုန်းဆီ တစ်ဇွန်းစာကို သမအောင် ရောပြီး မွှေထားပေးပါ။ ပြီးရင် မွှေထားတဲ့ ပျားရည်အနှစ်ကို မီးဖိုမှာ မိနစ် ၂၀ခန့် အပူပေးဖို့လိုပါတယ်။ အေးသွားပြီဆိုတော့မှ ဦးရေပြားနဲ့ ဆံသားတွေကို နေရာအနှံ့သုတ်လိမ်းပြီး နှိပ်နယ်ပေးပါ။ နှိပ်တဲ့အခါ ဦးရေပြားကို လက်ချောင်း၊ လက်မနဲ့ဖိပြီး စက်ဝိုင်းပုံသဏ္ဍာန် နှိပ်ပေးပါ။ ခေါင်းကို ရေမစိုစေတဲ့ ခေါင်းစွပ်၊ ဒါမှမဟုတ် ပလတ်စတစ်အိတ်နဲ့ ခေါင်းကို စွပ်ထားပြီး နာရီဝက်ခန့်ကြာမှ ရေနဲ့ပြောင်စင်အောင် လောင်းပြီး ခေါင်းပြန်လျှော်ပေးပါ။
၂။ ဆံသားတောက်ပစေဖို့၊ ဦးရေပြားကို သန့်စင်ပေးဖို့အတွက်
ခုပြောပြပေးမယ့် နည်းလမ်းကတော့ ဒိန်ချဉ် ခွက်တစ်ဝက်၊ ပျားရည် ၄ဇွန်း၊ အုန်းဆီ ၂ဇွန်းကို သမအောင် ရောမွှေပေးပါ။ ၁၅ မိနစ်ခန့် အပူပေးပြီးရင် အအေးခံထားပါ။ အပေါ်မှာ ပြောခဲ့သလိုပဲ ဦးရေပြားကို ရေနည်းနည်းစွတ်ပြီးတော့မှ ပျားရည်အနှစ်နဲ့ သုတ်လိမ်းပေးရမှာပါ။ နာရီဝက်လောက် ဒီအတိုင်းထားပြီးမှ ရေနဲ့ပြောင်စင်အောင်ဆေး၊ ပြီးရင် ခေါင်းပြန်လျှော်ပေးရမှာပါ။
၃။ ဦးရေပြား မကြာခဏ ယားယံနေတတ်တယ်ဆိုရင်
ငှက်ပျောသီး ၂လုံးလောက်ကို ကျေညက်နေအောင် ချေပြီးသွားရင် ပျားရည် ၂ဇွန်း၊ သံလွင်ဆီ ၂ဇွန်းရောမွှေပေးရပါမယ်။ ဆံပင်ရှည်တဲ့သူတွေဆိုရင် ဆီ ပိုထည့်ပြီး မွှေရပါမယ်။ ဦးရေပြားနေရာအနှံ့သုတ်လိမ်းပြီး ယားလွန်းတဲ့နေရာမှာ နှိပ်ပေးရင်း ဖြည်းဖြည်းချင်းကုတ်ပေးပါ။ ပြီးသွားမှ ဒီအတိုင်းထားထားပြီး ၁၀မိနစ်လောက်နေရင် ရေနဲ့ပြန်လောင်းပြီး ခေါင်းပြန်လျှော်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။