backup og meta

မျက်နှာကြိုးထိုးတော့မယ်ဆိုရင်


Dr. Seinn Moe Satt မှ ရေးသားသည်။ · 11/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မျက်နှာကြိုးထိုးတော့မယ်ဆိုရင်

    အလှအပဆိုင်ရာဆေးပညာဟာ ဆယ်စုနှစ်အတွင်းမှာ အရှိန်အဟုန်နဲ့ သိသိသာသာကိုပြောင်းလဲတိုးတက်လာတာနဲ့ အမျှ မြန်မာနိုင်ငံမှာလဲ အလှအပဆိုင်ရာ ခွဲစိတ်မှုတွေ၊ ပြုပြင်မှုတွေ တော်တော်များများလုပ်လာကြပါတယ်။ အဲဒီအထဲမှာ မျက်နှာကြိုးထိုးခြင်း Face threading ဆိုတာလဲ တစ်ခုအပါအဝင်ဖြစ်ပါတယ်။ အသက်အရွယ်ကြောင့်ဖြစ်တဲ့ ပါးရေတွန့်ခြင်း၊ အသားအရေပျော့တွဲခြင်း၊ မေးနှစ်ထပ်ဖြစ်ခြင်း စတာတွေကိုချက်ချင်းသိသိသာသာပျောက်ချင်တယ်၊ ဒါပေမယ့် ခွဲစိတ်ရမှာလဲ ကြောက်တယ်ဆိုသူတွေအတွက်ကတော့ မျက်နှာကြိုးထိုးခြင်းဟာ အင်မတန်ကောင်းမွန်တဲ့ ရွေးချယ်မှုတစ်ခုပါ။

    မျက်နှာကြိုးထိုးတယ် ဆိုတာ

    မျက်နှာအသားအရေပြန်လည်နုပျိုတင်းရင်းအောင်နဲ့ တခြားသောကောင်းကျိူးတွေရဖို့အတွက် မျက်နှာမှာ အချိန်အတိုင်းအတာတစ်ခုအထိခံတဲ့ ချုပ်ကြိုးတွေကို အသုံးပြုပြီး သိသာထင်ရှားတဲ့ ရလာဒ်ကောင်းရအောင်လုပ်ဆောင်မှုတစ်ခုဖြစ်ပါတယ်။ ခွဲစိတ်ဓားကိုအသုံးပြုပြီး လျော့တွဲနေတဲ့အသားအရေကို ခက်ခက်ခဲခဲပြုပြင်မယ့်အစား အရေပြားရဲ့အစိတ်အပိုင်းတွေကို ချုပ်ကြိုးလေးတွေနဲ့ တွဲသီလိုက်တာဖြစ်ပါတယ်။

    ဒါဟာ အရေပြားကို မတင်လိုက်သလိုဖြစ်စေပြီး တင်းရင်းသွားစေပါတယ်။ ဒါ့အပြင် ကြိုးထိုးထားတဲ့ နေရာတွေမှာ ကော်လဂျင်ထုတ်လုပ်ဓာတ်ပြုမှုကို အာပေးပါတယ်။ ကော်လဂျင်ဟာ အနာကျက်ခြင်းဖြစ်စဉ်ကို မြန်ဆန်စေတဲ့အပြင် အသားအရေကို ကျန်းမာကြံ့ခိုင်အောင် ကူညီထောက်ပံ့ပေးပါတယ်။ အသက်ကြီးလာတာနဲ့အမျှ ကော်လဂျင်ထုတ်လုပ်မှုဟာ လျော့နည်းလာပြီး အသက်ခုနစ်ဆယ်ရောက်တဲ့အခါ အရေပြားဟာမူလအထူရဲ့ ရှစ်ဆယ်ရာခိုင်နှုန်းမရှိတော့ဘဲ ပါးလွှာနေတတ်ပါတယ်။

    မျက်နှာအရေပြားကို ကော်လဂျင်နဲ့ ထိတွေ့ပေးလိုက်တဲ့အခါ အသားအရေလျော့တွဲမှုမဖြစ်အောင်ကာကွယ်ပေးပြီး ရေဓာတ်ဖြည့်တင်းပေးကာ ပြန်လည်နုပျိူစေပါတယ်။ မျက်နှာကိုကြိုးထိုးလိုက်တဲ့အခါ ခန္ဓာကိုယ်ရဲ့စနစ်က ကြိုးထိုးထားတဲ့နေရာမှာ အနာကျက်ဖို့အပြင် ထိုးထားတဲ့ကြိုးဟာ ပြင်ပပစ္စည်းဖြစ်တဲ့အတွက် မျက်နှာပြင်ပကိုထုတ်ပစ်နိုင်ဖို့ ကြိုးစားပါတယ်။ အဲလိုကြိုးစားမှုဟာ ခန္ဓာကိုယ်က သဘာဝအလျောက်တုန့်ပြန်မှုဖြစ်ပြီး ကြိုးတွေဟာ သေးလွန်းတဲ့အတွက် သင့်အနေနဲ့ ဒီလိုဖြစ်နေမှန်းသတိထားမိမှာတောင် မဟုတ်ပါဘူး။

    ကြိုးထိုးပြီးနုပျိုအောင်လုပ်တာနဲ့ ခွဲစိတ်ပြီးနုပျိုအောင်လုပ်တာ ဘယ်ကွာလဲ

    အဓိကကကတော့ ကြိုးထိုးတာဟာ မေ့ဆေး ပေးစရာမလိုပါဘူး။ လူနာစောင့်လဲမလိုပါဘူး။ ခွဲစိတ်ပြုပြင်မှုမှာဆိုရင် နလန်ထလဲပိုကြာပါတယ်။ အနည်းဆုံး ခွဲစိတ်ပြီးသုံးရက်ခွင့်ယူရတာမို့ အလုပ်လဲပျက်ပါတယ်။ နာကျင်မှုသက်သာစေဖို့ အကိုက်အခဲပျောက်ဆေးတွေလဲ ပိုသုံးရတတ်ပါတယ်။ ကြိုးထိုးကုသမှုမှာတော့ ထုံဆေးနဲ့ပဲလုပ်ရတာဖြစ်တဲ့အပြင် နာကျင်မှုကြီးကြီးမားမားမရှိတဲ့အတွက် အကိုက်အခဲပျောက်ဆေးတွေအများကြီးပေးဖို့မလိုပါဘူး။

    ကြိုးထိုးပြီးနောက်ရက်မှာပဲ  လုပ်ငန်းခွင်ကို ပြန်ဝင်လို့ရနိုင်တဲ့အတွက် အများကြီးပိုအကျိူးရှိ လွယ်ကူစေပါတယ်။ ပိုသုံးရပါတယ်။ဒါပေမယ့် ကြိုးထိုးခြင်းမှာလဲ ဂရုပြုလိုက်နာစရာတွေရှိပါတယ်။ ကြိုးထိုးပြီးနောက်မှာ မျက်နှာကို ကြမ်းကြမ်းတမ်းတမ်းပွတ်သပ်ကိုင်တွယ်တာ၊ ဆေးကြောတာကို အနာလုံးလုံးကျက်သည်အထိ မလုပ်ဖို့သတိထားရမှာ ဖြစ်သလို ရေဓာတ်ဖြည့် လိမ်းဆေးတွေ၊ မိတ်ကပ်စတာတွေကို ကြိုးထိုးပြီး အနည်းဆုံးတစ်ပတ်ရှောင်ဖို့တော့လိုပါတယ်။

    ဒါ့အပြင် ကြိုးထိုးတာဟာ ခွဲစိတ်ပြုပြင်မှုလောက်တော့ အရမ်းကြီးကြာကြာခံမှာမဟုတ်ပါဘူး။ လက်ရာကောင်းရင် တချို့သော မျက်နှာပင့်တင်ခွဲစိတ်ပြုပြင်မှုတွေဟာ ဆယ်စုနှစ်တစ်ခုလောက်တောင် ကြာရှည်အာဏိသင်ခံနိုင်ပေမယ့် ကြိုးထိုးတာကတော့ တစ်နှစ်မှသည် အလွန်ဆုံးသုံးနှစ်အထိပဲ အကျိူးရလဒ်ရှိနိုင်ပါတယ်။

    ကြိုးအမျိုးအစား ဘယ်နှစ်မျိုးရှိလဲ

    Nova ကြိုးနဲ့ Silhouette Instalift ကြိုးရယ်လို့ နှစ်မျိုးရှိပါတယ်။ နှစ်မျိုးလုံးကို ဥရောပနိုင်ငံတွေက FDA အသိမှတ်ပြုထားပြီး နှစ်မျိုးစလုံးဟာ ကွဲပြားမှုအနည်းငယ်ရှိပေမယ့် အကျိုးရလဒ်ကောင်းတွေကို ဆောင်ကြဉ်းပေးနိုင်ပါတယ်။

    Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Seinn Moe Satt မှ ရေးသားသည်။ · 11/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement