ကိုယ်ဝန်ဆောင်မေမေ ဝက်ခြံပေါက်တဲ့အခါ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 11, 2020
Share now

အရင်ကဝက်ခြံမပေါက်ပါဘူး။ အခုကိုယ်ဝန်ဆောင်မှပဲပေါက်လိုက်တဲ့ဝက်ခြံတွေ စိတ်တောင်ညစ်လာပြီဆိုတဲ့သူတွေရှိလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးေးလကို ဖတ်ကြည့်လိုက်ပါနော်။ ဒီဆောင်းပါးေးလက ကိုယ်ဝန်ဆောင်ချိန်မှာဖြစ်လာတဲ့ ဝက်ခြံတွေကို ဘယ်လိုသက်သာအောင်လုပ်ရမလဲဆိုတာကိုပြောပြပေးထားတာပါ။

ကိုယ်ဝန်ဆောင်ချိန်မှာပေါက်တဲ့ဝက်ခြံ

ကိုယ်ဝန်ဆောင်ချိန်မှာ ဝက်ခြံပေါက်တာကဖြစ်လေ့ရှိတဲ့အရေပြားပြဿနာတစ်ခုပါ။ အရင်ကဝက်ခြံမပေါက်တတ်ဘူးဆိုရင်တောင် ကိုယ်ဝန်ဆောင်ချိန်မှာဟော်မုန်းပြောင်းလဲမှုကြောင့် ဝက်ခြံဖြစ်လာနိုင်ပါတယ်။ ကိုယ်ဝန်ဆောင် ပထမ ၃ ပတ်ကာလအတွင်းမှာဟော်မုန်းပမာဏမြင့်တက်မှုကြောင့် ဝက်ခြံတွေဖြစ်ရတာပါ။

ကိုယ်ဝန်ဆောင်ချိန်မှာ ဝက်ခြံပေါက်တာကမေမေတိုင်းဖြစ်တာတော့ မဟုတ်ပါဘူး။ ဘယ်သူ့မှာဝက်ခြံပေါက်နိုင်လဲဆိုတာကိုလည်း ခန့်မှန်းရခက်ပါတယ်။တကယ်လို့ သင့်အနေနဲ့ ရာသီလာချိန်မှာ ဝက်ခြံပေါက်တတ်သူဆိုရင်တော့ ကိုယ်ဝန်ဆောင်ချိန်မှာ ဝက်ခြံဖြစ်နိုင်ခြေက အခြားသူတွေထက်ပိုများပါတယ်။ တကယ်လို့ သင့်အနေနဲ့ ကိုယ်ဝန်ဆောင် ပထမ ၃ လပတ်ကာလမှာဝက်ခြံမထွက်ဘူးဆိုရင်နောက်ကျန်နေတဲ့ ဒုတိယ ၃ လပတ်ကာလမှာရော တတိယ ၃ လပတ်ကာလမှာပါ ဝက်ခြံပေါက်နိုင်ခြေနည်းသွားပါလိမ့်မယ်။

ကိုယ်ဝန်ဆောင်ချိန်မှာပေါက်တဲ့ ဝက်ခြံတွေကို ဘယ်လိုဖြေရှင်းမလဲ……..

ဝက်ခြံက အလှပျက်စေတဲ့အရာဖြစ်တာကြောင့် ကျန်တဲ့အချိန်တွေမှာဆေးဝါးတွေ၊လိမ်းဆေးတွေသုံးပြီးပျောက်ကင်းအောင်လုပ်လို့ရပေမယ့်။ ကိုယ်ဝန်ဆောင်မေမေအနေနဲ့ကတော့မွေးမလာသေးတဲ့ဘေဘီလေးကို ထိခိုက်မှုနည်းစေဖို့အတွက် သဘာဝဆေးနည်းတွေကို အသုံးပြုတာက အကောင်းဆုံးဖြစ်မှာပါ။

ပန်းသီးရှာလကာရည်

ပန်းသီးရှာလကာရည် တစ်ဆရေသုံးဆတို့ကိုရောစပ်ပြီး ဂွမ်းစလေးနဲ့တို့လို့ ဝက်ခြံတွေပေါ်မှာ လိမ်းပေးလို့ရပါတယ်။ မျက်နှာပေါ်က အဆီပိုတွေကို အထိရောက်ဆုံးဖယ်ရှားပေးနိုင်မှာပါ။

မုန့်ဖုတ်ဆော်ဒါ

မျက်နှာပေါ်က အဆီပိုတွေကို ဖယ်ရှားပေးပြီး အနာကျက်စေနိုင်ပါတယ်။ မုန့်ဖုတ်ဆော်ဒါ လက်ဖက်ရည်ဇွန်းတစ်ဇွန်းစာကိုရေလက်ဖက်ရည်ဇွန်းတစ်ဇွန်းနဲ့ရောစပ်ပြီး ဝက်ခြံတွေပေါ်မှာ အုံပေးပါ။ခြောက်သွားရင်ရေဆေးချပေးပါ။

သံပရိုသီး ဒါမှမဟုတ် သံပရာသီးတို့မှာပါဝင်နေတဲ့Alpha hydroxy acid ကချွေးပေါက်တွေကို ပွင့်စေပြီး အရေပြားပေါ်က ဆဲလ်သေတွေကို အထိရောက်ဆုံးဖယ်ရှားပေးပါတယ်။ ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်ပါတယ်။ ညှစ်ထားတဲ့ သံပရာရည် ဒါမှမဟုတ် သံပရိုရည်ကို ဂွမ်းစလေးမှာ တို့ပြီး ဝက်ခြံတွေပေါ်မှာ လူးပေးပါ။ခြောက်သွားရင်ရေအေးအေးလေးနဲ့ဆေးချလိုက်ပါ။

ပျားရည်

ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်တဲ့ အာနိသင်ရှိပါတယ်။ အသားအရေကို ကျန်းမာစေနိုင်ပါတယ်။ မျက်နှာကိုရေနွေးနွေးလေးနဲ့ သန့်စင်လိုက်ပါ။ခြောက်အောင်သုတ်ပြီး ဝက်ခြံတွေပေါ်ကိုလူးပေးပါ။ မိနစ် ၂၀ ကနေ နာရီဝက်လောက်အထိထားပြီးရေနွေးနွေးလေးနဲ့ဆေးချလိုက်ပါ။
ဘက်တီးရီးယားတွေ၊ မှိုပိုးတွေကို တိုက်ဖျက်ပေးနိုင်တဲ့ အာနိသင်ရှိပါတယ်။ အရေပြားကိုချောမွေ့စေပြီး အစိုဓါတ်ရရှိစေပါတယ်။ ဝက်ခြံဖြစ်စေတဲ့ ဘက်တီးရီးယားတွေကို အထိရောက်ဆုံးတားဆီးပေးနိုင်ပါတယ်။ ညအိပ်ရာမဝင်ခင် မျက်နှာကို အုန်းဆီစစ်စစ်လိမ်းအိပ်ပေးပါ။
ကိုယ်ဝန်ဆောင်ချိန်မှာ ဝက်ခြံပေါက်လို့ စိတ်ညစ်နေတယ်ဆိုရင် ဒီနည်းလမ်းလေးတွေကို အသုံးပြုကြည့်ကြပါနော်၊ ကိုယ်ဝန်ဆောင်မေမေတို့ရေ……………..

Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

Read also:

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy"

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ကိုယ့်ကလေး အမြဲအသားခြောက်လို့ စိတ်ညစ်နေရပြီလား

ကလေး အသားခြောက် အရေပြား ကျန်းမာရေး အစာအာဟာရ ရေဓာတ် အစိုဓာတ် နေရောင်ခြည် ဆဲလ်သေ ရေချိုး အသားအရေ အသီးအနှံ ဟင်းသီးဟင်းရွက် နွေရာသီ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat

ပြောင်းဖူးမွှေးရဲ့ ဆေးဖက်ဝင်ပုံက

ပြောင်းဖူး ဆေးဖက်ဝင် ပြောင်းဖူးမွှေး အပင်ဒြပ်ပေါင်း ဆီးလမ်းကြောင်း ပိုးဝင်တာ ကိုယ်တွင်းက အဆိပ်အတောက်တွေနှလုံး ထိခိုက်တာ ကျန်းမာရေးပြဿနာ ထိခိုက်ဒဏ်ရာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon

တစ်နေ့တာမှာ ကော်ဖီသောက်လို့ အကောင်းဆုံးအချိန်

ကော်ဖီ အချိန် နေ့စဉ် ကျန်းမာရေး အခါးဓာတ် ဓာတ်မတည့် သွေးအားနည်း ဆီးချို ရင်တုန် အိပ်ချိန် အားကစား စိတ်ဓာတ် ဟော်မုန်း ဦးနှောက် မနက်ခင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat

ယုဇနပန်း လှလှလေး ကပေးတဲ့ ကျန်းမာရေး

အဆင်အသွေး ယုဇနပန်း ရာသီဥတု ကျန်းမာရေး အသားအရေ အရေပြား သွားကိုက် သွားပိုးပေါက် သွားဖုံး သွားကိုက်သွားနာ မွေးကျွတ်နာ ကိုယ်အလေးချိန် အနာ မနက်ခင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

ကလေးကို ကလိထိုးသင့်ရဲ့လား............

ကလေးကို ကလိထိုးသင့်ရဲ့လား…………

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇွန် 3, 2020
ကလိထိုးတာနဲ့ ပတ်သက်ပြီး ဖေဖေမေမေတို့ သိထားနိုင်တဲ့ Myths များစွာ

ကလိထိုးတာနဲ့ ပတ်သက်ပြီး ဖေဖေမေမေတို့ သိထားနိုင်တဲ့ Myths များစွာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇွန် 3, 2020
Scrub လုပ်တိုင်း ကောင်းသလား.............

Scrub လုပ်တိုင်း ကောင်းသလား………….

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇွန် 2, 2020

အုန်းဆီကို သွားကျန်းမာရေးအတွက် ဘယ်လိုအသုံးပြုမလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် မေ 31, 2020