- neuropathic
- ischemic
- neuroischemic ဆိုပြီးရှိပါတယ်။ အနာအမျိုးအစားအပေါ်မှာလိုက်ပြီး အနာဖြစ်စဉ်ချင်းကွာခြားသလို အနာပိုးဝင်ကူးစက်ပုံချင်း နဲ့ အနာကျက်ဖြစ်စဉ်ချင်းလည်း ကွာခြားပါတယ်။ ဆီးချိုအနာတွေကိုသေချာဂရုမစိုက်တဲ့အခါရေရှည်မှာ မလိုလားအပ်တဲ့နောက်ဆက်တွဲဝေဒနာတွေဖြစ်နိုင်သလို ကိုယ်လက်အင်္ဂါဖြတ်တောက်ရတာမျိုးအထိဖြစ်နိုင်ပါတယ်။ ဒါကြောင့်အနာဖြစ်လာတဲ့အခါ အနာအခြေအနေကိုအရင်သိအောင်ဆန်းစစ်ဖို့လိုပါမယ်။
တစ်ရှုးအသေတွေကိုဖယ်ရှားပါ
အနာတစ်ခုခုဖြစ်တဲ့အခါ အနာကိုသေချာဂရုစိုက်ဖို့လိုပါမယ်။ ဒီလိုလုပ်ပေးတာကအနာပေါ်မှာဖိအားသက်ရောက်မှုကိုလျော့ပါးသက်သာစေနိုင်ပါတယ်။ ဒီလိုလုပ်ပေးတာက အနာပြည်ယိုတာတွေ အနာရင်းတာတွေမဖြစ်အောင်ကာကွယ်ပေးနိုင်မှာပါ။ အနာကျက်လည်းမြန်စေမှာ အသေအချာပါ။
အနာကို ကာကွယ်ထားပါ
ဆီးချိုဝေဒနာသည်တွေက ပုံမှန်အတိုင်းကို အနာကျက်နှေးတာကြောင့် အနာထဲကိုပိုးဝင်ကူးစက်ခံရနိုင်ခြေကတော်တော်လေးများနေပါတယ်။ ဒါကြောင့် အနာထဲကိုပြင်ပအရာဝတ္ထုတွေ၊ဖုန်မှုန့်တွေနဲ့ ဘက်တီးရီးယားတွေမဝင်ရောက်နိုင်အောင် ပိုးသတ်ထားတဲ့ ပတ်တီးစပါးပါးလေးနဲ့ အနာကို ကာကွယ်ထားဖို့ပြောပါရစေ။
အနာကိုantibiotics တစ်ခုခုလိမ်းပေးပါ
ဆီးချိုဝေဒနာသည်တွေမှာ အနာတစ်ခုခုဖြစ်ရင်အစိုးရိမ်ရဆုံးက အနာပိုးဝင်ကူးစက်တာပါ။ ဒါကြောင့် ဆီးချိုဝေဒနာရှင်တွေအနေနဲ့ ထိခိုက်ဒဏ်ရာတွေရတဲ့အခါ အနာကိုantibiotics တစ်ခုခုလိမ်းထားပေးဖို့မမေ့ပါနဲ့။ ဒီလိုလုပ်တာက အနာထဲကို ဘက်တီးရီးယားတွေ ဝင်ရောက်နိုင်ခြေနည်းသွားစေပြီး အနာရင်းတာနဲ့ အနာမကျက်တာမျိုးဖြစ်နိုင်ခြေလည်းနည်းသွားစေမှာပါ။ လိုအပ်ရင်ဆရာဝန်နဲ့တိုင်ပင်ပြီး ကုသမှုခံယူပေးပါ။
အစိုဓါတ်ကိုထိန်းညှိပါ
အနာဖြစ်တဲ့အခါ အနာဝန်းကျင်မှာ လိုအပ်တဲ့အစိုဓါတ်ကိုထိန်းထားဖို့လိုအပ်ပါမယ်။ ဒါမှသာ အနာကျက်တာကို အထောက်အကူပြုပေးနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့်အနာကို အရမ်းခြောက်သွေ့အောင်မထားဘဲ အနာတဝိုက်မှာ လိုအပ်တဲ့အစိုဓါတ်ကိုထိန်းညှိထားပေးနိုင်အောင်လုပ်ဆောင်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။