ပလာစတာအမျိုးမျိုး
အနာကပ် ပလာစတာ – အသေးစားထိခိုက်ဒဏ်ရာရတာမျိုးအတွက်ကတော့ ရိုးရိုးအနာကပ်ပလာစတာနဲ့တင်လုံလောက်ပါတယ်။တွေ့နေကျ ပလာစတာမျိုးပါပဲ။ ဖယောင်းစက္ကူလေးခွာပြီး သန့်စင်ထားတဲ့ ထိခိုက်ဒဏ်ရာပေါ်မှာ ကပ်လိုက်ရုံပါ။
လက်ချောင်းခြေချောင်းလေးတွေမှာဖြစ်တဲ့ အနာတရတွေအတွက် H ပုံစံknuckle bandage – လက်ချောင်း၊ခြေချောင်းလေးတွေမှာ ထိခိုက်ဒဏ်ရာရသွားတဲ့အခါကွေးလို့ဆန့်လို့လွယ်အောင်လုပ်ပေးထားတဲ့ ပလာစတာတစ်မျိုးပါ။ အင်္ဂလိပ်အက္ခရာ H ပုံစံလေးပါ။ ဒဏ်ရာပေါ်မှာ ပုံစံတကျဖြစ်နေစေမယ့် ပလာစတာတစ်မျိုးပါ။ ပလာစတာကပ်ထားလို့ အကွေးအဆန့်လုပ်ရခက်မှာကိုလည်း ပူစရာမလိုပါဘူး။
ပြတ်ရှဒဏ်ရာနဲ့ ဓါးရှမိတဲ့ ဒဏ်ရာတွေအတွက် လိပ်ပြာပုံစံ ပလာစတာ –ဒီပလာစတာမျိုးကိုပြတ်ရှဒဏ်ရာဖြစ်တဲ့အခါ အရေပြားချင်းပြန်ဆက်စေဖို့အသုံးပြုကြပါတယ်။သွေးတွေကို စုပ်ယူပေးတာမျိုးမရှိသလို အနာထဲကို ပိုးမဝင်အောင်လည်း အကာအကွယ်မပေးနိုင်ပါဘူး။ ကော်မပါတဲ့ ပလာစတာအလယ်ပိုင်းကို ဒဏ်ရာပေါ်တည့်တည့်ထားပြီး ဒဏ်ရာပေါ်ကို ကန့်လန့်ဖြတ်ပြီးကပ်ရမှာဖြစ်ပါတယ်။ ဒီပလာစတာသုံးမယ်ဆိုရင် အပေါ်က ပတ်တီးစသန့်သန့်လေးကို စက္က္ကူတိတ်နဲ့ အနည်းဆုံး ၂၄ နာရီကပ်ထားပေးရပါမယ်။ ပိုးမဝင်အောင်ကာကွယ်တဲ့သဘောပါ။
အပူလောင်နာတွေအတွက် ပိတ်ပတ်တီးနဲ့adhesive tape – အသေးစားအပူလောင်ဒဏ်ရာမျိုးရခဲ့မယ်ဆိုရင်နေအိမ်မှာပဲ ပိတ်နဲ့လုပ် ထားတဲ့ပတ်တီး၊adhesive tapeတွေကိုသုံးပြီးအနာကို ထိန်းသိမ်းပေးလို့ရပါတယ်။ ပိုးသတ်ထားတဲ့ ပိတ်ပတ်တီးစကို သန့်စင်ထားတဲ့ အပူလောင်ဒဏ်ရာပေါ်ကို ခပ်ဖွဖွလေးအုပ်ပေးပြီး အပေါ်ကနေadhesive tape ကိုထပ်ပတ်ပေးလိုက်ပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။