backup og meta

မြွေကိုက်ခံရတဲ့အခါ


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 10/07/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မြွေကိုက်ခံရတဲ့အခါ

    မင်္ဂလာပါ Hello Sayarwon စာမျက်နှာကနေ ကြိုဆိုပါတယ် ။ ဒီတစ်ခေါက်မှာ ဆွေးနွေးပေးမယ့် အကြောင်းအရာကတော့ အရင် post တွေလို တစ်နိုင်ငံလုံးက ‌လူတွေအတွက် ဦးတည်ထားတာ မဟုတ်ပါဘူး ။ မြွေအန္တရာယ် အများဆုံး ရှိနေနိုင်တဲ့ ဆင်ခြေဖုံးနဲ့ နယ်ဘက်က ပြည်သူတွေကို ဦးတည် ရည်ရွယ်ထားပါတယ် ။ ဒါပေမဲ့ ဒီနှစ်တွေမှာ မြို့ပေါ်မှာလည်း မြွေတွေ့ရတဲ့အသံတွေ ပိုကြားလာရတာကိုလည်း သတိပြုမိပါတယ်

    ‌ဒီဆောင်းပါးမှာတော့ မြွေကိုက်ခံရတဲ့အခါ ဘယ်လိုလုပ်ဆောင်ရမယ်ဆိုတာနဲ့ မြွေအကိုက် မခံရအောင် ဘယ်လိုကာကွယ်မလဲဆိုတာကို ဆွေးနွေးပေးသွားမှာပါ ။ လက်ရှိ မြန်မာနိုင်ငံမှာ တစ်နှစ်ထက်တစ်နှစ် မြွေကိုက်ခံရသူတွေ ပိုများလာတာကိုလည်း သုတေသနစစ်တမ်းတွေအရ တွေ့ရပါတယ် ။

    မြွေကိုက်ခံရပြီးပြီးချင်းမှာ

  • အကိုက်ခံရတဲ့နေရာကို အဝတ်ထူထူခေါက်တင်ပြီး ပတ်တီးနဲ့ ဖွဖွ စည်းထားပါ။ (မစည်းလည်းရပါတယ်။)
  • မြွေကိုက်ခံရတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းကို မလှုပ်ပါနဲ့ ၊ခြေလက်ဆန့်ပြီးတော့ တုတ်ချောင်း ၊ ဝါးခြမ်းပြားတွေနဲ့ စည်းထားပါ
  • မြွေကိုက်ခံရတဲ့လူနာကို ငြိမ်သက်စွာထားပြီးတော့ နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းကို အမြန်ပို့ပါ
  • ကိုက်ခံရတဲ့ မြွေအမျိုးအစားကို အတိအကျသိပါက ဆရာဝန်တွေ မြွေဆိပ်ဖြေဆေးထိုးပေးဖို့အတွက် ပိုအဆင်ပြေပါလိမ့်မယ် ။ ဒီခေတ်ကြီးမှာဆိုရင်တော့ မြွေကို ဓာတ်ပုံရိုက်လာနိုင်ပါတယ်။ အတင်းလိုက်မဖမ်းပါနဲ့။
  • အသည်းအသန်လူနာကို အားပေးခြင်း ၊ စကားပြောပေးခြင်းများ ပြုလုပ်ပါ။
  • မြွေမကိုက်အောင် ဘယ်လိုကာကွယ်ရမလဲ

    • အလုပ်အသွားနဲ့ အပြန်ချိန်တွေ‌ဖြစ်တဲ့ မနက်‌စောစောနဲ့ ညနေ နေဝင်ရီတရော အချိန်တွေမှာ တုတ်ဖြင့် ခြောက်လှန့်ခြင်း ၊ ခြေသံပေးခြင်း
    • ကောက်လှိုင်း ၊ချုံပုတ် ၊ သစ်ပုံတွေကို  ကိုင်မယ်ဆိုရင် အရင်ဆုံး အသံပေး ၊ ရိုက်ပုတ်ပြီးမှသာ ကိုယ်တွယ်ရန်
    • မြွေများတဲ့ဒေသတွေမှာ သွားလာရင် လည်ရှည်ဖိနပ် (တွတ်ပီဖိနပ်) စီးရန်
    • ညအချိန် သွားလာရင် ဓါတ်မီး မီးအိမ်များ အသုံးပြုခြင်း
    • (အထူးသဖြင့် ကလေးများ) တွင်း ၊ သစ်ခေါင်းများကို လက်ဖြင့် ရမ်းနှိုက်ခြင်း မလုပ်ရန်
    • အိမ်ထဲ၊ ခြံထဲတွင် မြွေမခိုအောင်းစေရန် ချုံအမှိုက်များ ရှင်းလင်းခြင်း
    • အိမ်မွေးခွေး ၊ကြောင် ၊ ငန်းစသည်တို့ရဲ့ အော်သံ လှုပ်ရှားသံများကို ဂရုစိုက်ခြင်း
    • အဆိပ်မရှိတဲ့ မြွေ‌တွေကို အန္တရာယ် ‌မပေးရန်
    • မြွေနဲ့တွေ့ရင် ရန်သွားမစရန်
    • အဆိပ်ရှိအစွယ်နှင့် ခြစ်မိနိုင်သည့်အတွက်မြွေအသေကို ဂရုတစိုက်ကာကွယ်ရန်
    • မြွေအသေနှင့် မဆော့ရန်
    • ဒါတွေကတော့ ကျန်းမာရေးဝန်ကြီးဌာနကနေ ထုတ်ပြန်ထားတဲ့ မြွေအန္တရာယ်ကာကွယ်ရေးနဲ့ အရေးပေါ်ပြုစုကုသမှုများပဲ ဖြစ်ပါတယ် ။
    • မိဘပြည်သူအပေါင်းမြွေအန္တရာယ်ကင်းကြပါစေ

    ရေးသားသူ – Dr.Aung Kyaw Myint

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 10/07/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement