home

သင့်စိုးရိမ်မှုတွေက ဘာတွေလဲ။

close
မတိကျ
နားလည်ရခက်
အခြား

သို့မဟုတ် လင့်ခ်ကူးယူမည်

ခရီးသွား တဲ့အခါ ကလေးလေးပါရင် ဒါတွေ မမေ့နဲ့နော်

ခရီးသွား တဲ့အခါ ကလေးလေးပါရင် ဒါတွေ မမေ့နဲ့နော်

ကိုယ့်ကားနဲ့ကိုယ် မိသားစုလိုက် ခရီးသွား ကြမယ်ဆိုရင် ဘယ်အချိန်ထသွားသွားရတယ်။ ဒါပေမယ့် ကလေးငယ်ငယ်ရှိနေရင် ဘာမှမပြင်ဆင်ဘဲ သွားလို့မဖြစ်ပါဘူး။ လမ်းခရီးမှာ ကလေးအတွက် ဘာတွေလိုမလဲ၊ဘေးကင်းဖို့၊ သက်တောင့်သက်သာဖြစ်စေဖို့ ထည့်စဉ်းစားရမှာတွေရှိပါတယ်။ မိသားစုဘေးကင်းရေးနဲ့ သာယာပျော်ရွှင်တဲ့ခရီးစဉ်ဖြစ်ဖို့အရေး ဘေဘီလေးရဲ့ဖေဖေမေမေတို့ ဒီအချက်လေးတွေသတိထားသင့်တယ်နော်။

(၁) ကလေးအတွက် car seat ပါရပါမယ်

ကလေးအတွက် ဘေးကင်းရေးက ပထမဦးစားပေးဖြစ်သင့်ပါတယ်။ ကလေးရဲ့အသက်နဲ့ခန္ဓါကိုယ်အရွယ်အစားအလိုက်car seat တစ်ခုဝယ်ထားဖို့အရေးကြီးပါတယ်။နောက်တစ်ချက်ကcar seat ကို ကားထဲမှာ မှန်ကန်စွာတပ်ဆင်ဖို့လည်း လိုပါတယ်။car seat ကို ကားနောက်ခန်းမှာတပ်သင့်တယ်၊ဖြစ်နိုင်ရင် ထိုင်ခုံအလယ်မှာပေါ့။ အသုံးပြုနည်းလမ်းညွှန်ကိုသေချာကြည့်ပြီး တပ်ထားတာမှန်ရဲ့လား ထပ်ကာထပ်ကာစစ်ဆေးပါ။ ကြိုးနဲ့ချိတ်တွေ ခိုင်ရဲ့လားစစ်ပါ။

(၂) ပြတင်းပေါက်မှာ နေကာတပ်ပါ

ကလေးကိုပြတင်းပေါက်ကနေ တိုက်ရိုက်နေပူနေမှာကိုဖြစ်စေချင်မှာမဟုတ်လောက်ပါဘူး။ ဒါ့ကြောင့် ကလေးရဲ့မျက်လုံးနဲ့မျက်နှာကို နေမထိုးစေဖို့ ကားပြတင်းပေါက်မှာsun shade တပ်ထားပါ။

(၃) လိုအပ်တဲ့အသုံးအဆောင်ပစ္စည်းတွေအပြည့်အစုံယူခဲ့ပါ

Diaperသေးခံတွေနဲ့ wipesတွေ များများယူခဲ့သင့်ပါတယ်။ ကိုယ်လိုမယ်ထင်တာထက် အမြဲပိုယူတာကောင်းပါလိမ့်မယ်။ ကလေးကိုကျွေးဖို့ မုန့်၊ထမင်း၊နို့မှုန့်၊နို့ဘူး၊ရေဘူးစတဲ့ အစားအသောက်နဲ့ပတ်သက်တဲ့ပစ္စည်းပစ္စယတွေအကုန်သာယူခဲ့ပါ။ အဝတ်အစားလည်း အထူအပါး စုံစုံလင်လင်ယူခဲ့ပါ။

(၄) ကလေးကို အပျင်းပြေစေမယ့်အရာတွေ မချန်ထားခဲ့ပါနဲ့

လမ်းခရီးတလျှောက် ကလေးကို အပျင်းပြေစေမယ့် ကစားစရာပိစိလေးတွေ ယူခဲ့ပါ။ ကားနောက်ခန်းမှာ သူမြင်သာအောင် အရုပ်သေးလေးတွေ တွဲလောင်းချိတ်ဆွဲထားတာ၊ သီချင်းဖွင့်ပေးတာ( ကလေးကြိုက်တတ်တဲ့သီချင်း)၊ သူ့လက်ထဲဆော့စရာတစ်ခုခုပေးထားတာ(အန္တရာယ်မဖြစ်စေနိုင်တဲ့ အပျော့စား ကစားစရာတစ်ခုခု) အဆင်ပြေနိုင်ပါတယ်။

အရုပ်တွေကို အကုန်လုံးတော့ တစ်ခါတည်းမပေးလိုက်နဲ့နော်။ ကလေးကပျင်းနေပြီဆိုမှ တစ်ခုချင်းထုတ်ပေးပြီး အာရုံပြောင်းချော့မြှူတာကောင်းပါတယ်။

(၅) ခရီးမစခင် ကလေးကို ဗိုက်အရင်ဖြည့်ပေးပြီး အဝတ်လဲပေးထားပါ

ကားမထွက်ခင်တည်းက ကလေးရဲ့အခြေခံလိုအပ်ချက်တွေကို ဂရုစိုက်ပေးထားသင့်ပါတယ်။ ကလေးကနွေးနွေးထွေးထွေးရှိနေမယ်၊ ဗိုက်ပြည့်နေမယ်၊ သက်တောင့်သက်သာရှိနေမယ်ဆိုရင် လမ်းမှာ ခရီးဒဏ်ကိုပိုခံနိုင်ပါတယ်။ ဂျီလည်းမကျတော့ဘူးပေါ့။

(၆) လမ်းမှာ မကြာမကြာခဏရပ်ပေးပါ

ခရီးလမ်းမှာ တဖြတ်လောက်နားနားပြီးမှ သွားတာက ကလေးအတွက် စိတ်အပန်းပြေစေပါတယ်။ အိပ်နေတဲ့အချိန်ကလွဲလို့ ကားခဏရပ်ပြီး ကလေးကို ကားအပြင်ရှုခင်း ခဏပြတာ၊ကျွေးစရာရှိကျွေးတာ၊ရေတိုက်တာတွေ လုပ်လို့ရပါတယ်။

အရေးကြီးတဲ့တစ်ချက်ကတော့ ဘာအကြောင်းနဲ့မှ၊ ဘယ်တော့မှ ကားထဲမှာ ကလေးကိုတစ်ယောက်တည်းမထားခဲ့ပါနဲ့။ ကလေးက အိပ်ပျော်နေတယ်ဆိုရင်တောင် လူကြီးတွေက မုန့်ခဏဆင်းစားတာမျိုးလည်း မလုပ်ပါနဲ့။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

စာရေးသူ ဓာတ်ပုံbadge
Yun Sandi Nan Mon မှ ရေးသားသည်။ 02/07/2020 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။