backup og meta

ကိုယ်ဝန်ဆောင်မေမေ အဆိပ်ရှိတဲ့အကောင် ကိုက်ခံရရင်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 21/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကိုယ်ဝန်ဆောင်မေမေ အဆိပ်ရှိတဲ့အကောင် ကိုက်ခံရရင်
    အမျိုးသမီးတစ်ယောက်အဖို့ ကိုယ်ဝန်ဆောင်နေရချိန်က အရာရာသတိထားရတဲ့အချိန်ပါ။ အနေအထိုင် အစားအသောက်နဲ့ အိပ်စက်မှုပုံစံကအစပေါ့။ နေထိုင်မကောင်းဖြစ်ခဲ့ရင်လည်း သာမန်အချိန်တွေလို ဆေးထိုးဆေးသောက်အလွယ်တကူလုပ်ဖို့ မဖြစ်နိုင်တော့ မဖျားမနာစေဖို့နဲ့ ထိခိုက်မှုမရှိစေဖို့တော်တော်လေးဂရုစိုက်ရတာပါ။ ဒီတစ်ခေါက်တော့ အထိအခိုက်မခံနိုင်တဲ့ ကိုယ်ဝန်ဆောင်ချိန်မှာ အဆိပ်ရှိတဲ့အကောင်ကိုက်ခံရခဲ့ရင် ဘယ်လိုမျိုးပြုစုပေးရမလဲဆိုတဲ့အကြောင်းလေးပြောပြပေးချင်ပါတယ်။

    ကိုယ်ဝန်ဆောင်မေမေ အဆိပ်ရှိတဲ့အကောင်ကိုက်ခံရရင် အဆိပ်မတက်ဘူး…..

    ဒီအယူအဆကမမှန်ပါဘူးနော်။ ကိုယ်ဝန်ဆောင်ချိန်မို့ အဆိပ်မတက်ဘူးဆိုတာမရှိပါဘူး။ အဆိပ်ရှိတဲ့အကောင်ကိုက်ခဲ့ရင် ကိုယ်ဝန်ဆောင်ချိန်မှာပဲဖြစ်ဖြစ် သာမန်အချိန်မှာပဲဖြစ်ဖြစ် အဆိပ်တက်နိုင်ပါတယ်။ အခန့်မသင့်လို့များ အဆိပ်ပြင်းတဲ့ အကောင်ကိုက်ခံရရင် ဗိုက်ထဲက ကလေးလေးအတွက်တောင် စိတ်ပူရပါသေးတယ်။

    အဆိပ်ရှိတဲ့အကောင်ကိုက်ခံရရင် ဘယ်လိုလက္ခဏာတွေတွေ့ရနိုင်လဲ……..

    အဆိပ်ရှိတဲ့အကောင်ကိုက်ခံရတဲ့အခါ တစ်ယောက်နဲ့တစ်ယောက်မှာ လက္ခဏာတွေမတူနိုင်ပါဘူး။ အချို့မှာ သိပ်မပြင်းထန်ပေမယ့် ပြင်းထန်စွာခံစားရတာမျိုးလည်းရှိနိုင်ပါတယ်။

    • အရေပြားမှာ အဖုအပိမ့်တွေဖြစ်မယ်
    • အရေပြားတွေနီရဲလာမယ်
    • အကိုက်ခံရတဲ့နေရာမှာရောင်လာမယ်။ ခန္ဓာကိုယ်ရဲ့ အခြားနေရာတွေမှာပါရောင်လာမယ်
    • ယားယံမယ်
    • အကိုက်ခံရတဲ့နေရာက ထုံနေမယ်
    • အကိုက်ခံရတဲ့နေရာမှာ အသားပူနေမယ်
    • အဖျားတက်မယ်
    • ကြွက်သားတွေ ဆတ်ခနဲဖြစ်မယ် (အကြောဆွဲသလိုဖြစ်မယ်)
    • အသက်ရှုရခက်မယ်
    • မအီမသာဖြစ်မယ်
    • အော့အန်မယ်
    • နှလုံးခုန်နှုန်းမြန်လာမယ်
    • သတိလစ်မယ် စတဲ့လက္ခဏာတွေဖြစ်နိုင်ပါတယ်။

    အဆိပ်ရှိတဲ့အကောင်ကိုက်ခံရရင်

    အရင်ဆုံး ဆူးတွေကိုဖယ်ရပါမယ် – တကယ်လို့ ပျားလိုမျိုး အဆိပ်ရှိတဲ့အကောင်ကိုက်ခံရမယ်ဆိုရင် အရင်ဆုံးလုပ်ရမှာက အရေပြားထဲမှာ စိုက်ကျန်ခဲ့တဲ့ အဆူးကိုဖယ်ရမှာပါ။ လက်နဲ့ညှစ်ထုတ်ပြီး အဆူးဖယ်တာမျိုး၊ ဇာဂနာတွေကိုသုံးပြီး အဆူးဖယ်တာမျိုးမလုပ်ပါနဲ့ အဆိပ်တွေပိုပြန့်သွားနိုင်လို့ပါ။ လက်သည်းကို သုံးပြီးဖြစ်ဖြစ် အပ်ကိုသုံးပြီးဖြစ်ဖြစ် အဆူးကိုဖယ်ပေးပါ။

    အနာတစ်ဝိုက်ကိုသေချာသန့်စင်ပါ – အကောင်ကိုက်ခံရတဲ့နေရာတစ်ဝိုက်ကို ဆပ်ပြာနဲ့ရေသုံးပြီး သန့်စင်ပေးပါ။

    ရေခဲကပ်ပေးပါ -အကောင်ကိုက်ခံရတာကြောင့် နာကျင်ရောင်ရမ်းမှုသက်သာစေဖို့အတွက်ရေခဲကပ်ပေးပါ။ တစ်ခါကပ်ရင် ၁၀ မိနစ်လောက်ကပ်ပေးပါ။

    အယားသက်သာစေမယ့်ဆေး တစ်ခုခုလိမ်းပေးပါ – ယားယံတာကြောင့် ခဏခဏကုတ်မိနေတာမျိုးမဖြစ်စေဖို့အတွက် ရှားစောင်းလက်ပပ်ဂျယ်လီသား၊ မုန့်ဖုတ်ဆော်ဒါနဲ့ရေကိုဖျော်ထားတဲ့အရော ဒါမှမဟုတ် အင်းဆက်ကိုက်ခံရရင် လူးလို့ရတဲ့ အယားသက်သာစေတဲ့ဆေးတစ်ခုခုလူးပေးပါ။ ပရုတ်ပါတဲ့ဆေးတွေကိုတော့ မလူးပါနဲ့။

    ဆရာဝန်နဲ့သွားပြပါ – အခုပြောခဲ့တဲ့အဆင့်တွေကို အကုန်လုပ်ပြီးပြီဆိုရင်တော့ ဆရာဝန်နဲ့သွားပြဖို့ပြောပါရစေနော်။ ကိုယ်ဝန်ဆောင်နေချိန်က အတိမ်းအစောင်းမခံတဲ့အချိန်ဖြစ်တာကြောင့် ဆရာဝန်နဲ့သေချာလေးပြသပြီး လိုအပ်တဲ့ကုသမှုကို ခံယူပေးပါ။

    Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · 21/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement