အရေးပေါ် ဆေးသေတ္တာဆိုတာ ဘာအတွက်ထားတာလဲ
အရေးပေါ် ဆေးသေတ္တာ ဆိုတာက မတော်တဆမှုတစ်ခုခုကြောင့် ထိခိုက်ဒဏ်ရာရရင်ဖြစ်ဖြစ်၊ ရောဂါတစ်ခုခုကြောင့် အရေးပေါ်အခြေအနေဖြစ်ပေါ်နေတဲ့အခါ ခံစားနေရတဲ့ အခြေအနေကနေ သက်သာလာအောင် တစ်စုံတစ်ယောက်ကို ကူညီပြုစုပေးနိုင်ဖို့ အသင့်ဖြစ်နေအောင်ထားတာပါ။ ဒီလိုစောင့်ရှောက်မှုကို အရွယ်သုံးပါးစလုံး လိုအပ်ပါတယ်။ အရေးပေါ်ဆေးသေတ္တာ ရဲ့ရည်ရွယ်ချက်က လူတွေရဲ့ အသက်ကိုကယ်တင်ဖို့ နဲ့ အန္တရာယ်ဖြစ်နိုင်တဲ့ အခြေအနေကနေ ကူညီကယ်ဆယ်ပေးဖို့ပါ။
ဘယ်လိုအခြေအနေမှာ အရေးပေါ်ဆေးသေတ္တာကို အသုံးပြုဖို့လိုအပ်မလဲ
လူတိုင်း မတော်တဆအခြေအနေကို ကြုံရနိုင်တာကြောင့် လူတိုင်း အရေးပေါ်ဆေးသေတ္တာကိုလိုအပ်နိုင်ပါတယ်။ ကလေးငယ်ငယ်လေးတွေဆိုရင် သွားရင်းလာရင်းဆော့ရင်းကနေ အသေးစားထိခိုက်ဒဏ်ရာတွေရနိုင်သလို အစားအသောက်တွေကြာင့်၊ တိရိစ္ဆာန်အကိုက်ခံရလို့စသဖြင့် အန္တရာယ်ကြုံတွေ့ရတဲ့အခါ အရေးပေါ်ဆေးသေတ္တာကို အသုံးပြုဖို့ လိုအပ်လာမှာပါ။ အိမ်တစ်အိမ်မှာ ထိခိုက်ဒဏ်ရာအရဆုံးနဲ့ စိတ်မအေးရဆုံးကလည်း ကလေးလေးတွေပဲမလား။ ဒီလိုအခြေအနေမျိုးတွေအတွက် အရေးပေါ် ဆေးသေတ္တာကို လိုအပ်နိုင်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။