ပိန်ပိန်ပါးပါး LCD ခေတ်က ကုန်သွားပါပြီ။ ခုခေတ်မှာဆို မိန်းကလေးဆို ကိတ်မှ၊ ယောက်ျားလေးဆို တောင့်မှ ကြိုက်ကြတဲ့ခေတ်ကို ရောက်လာပါပြီ။ ဒီလိုနဲ့ြကွက်သားတွေ တောင့်အောင် gym တွေသွားကြ၊ ကြွက်သားတည်ဆောက်ပေးတဲ့ပရိုတင်းတွေ ဝယ်သောက်ကြနဲ့ ပိုက်ဆံ အပိုကုန်ရမယ့် အပေါက်တွေတိုးလာပါတယ်။ gym သွားတာကတော့ ထားပါ။ ကြွက်သားတက်ချင်ရင်လေ့ကျင့်ခန်းကတော့လုပ်ပေးမှရတာကိုး။ ပရိုတင်းတွေဝယ်သောက်တာကျတော့ သပ်သပ် အပိုပိုက်ဆံကုန်သလိုဖြစ်မနေဘူးလား။ ကိုယ့်နေ့စဉ်စားနေတဲ့ သဘာဝ အစားအသောက်တွေကလည်း ကြွက်သားတည်ဆောက်ပေးနိုင်တယ်ဆိုတာ သင်သိပါသလား။ သူတို့မှာ ဘေးထွက်ဆိုးကျိုးလည်း မရှိတဲ့အပြင် နေ့စဉ်စားတဲ့ အစားအသောက်တွေနေရာမှာ အဲ့ဒါလေးတွေရွေးစားပေးလိုက်တော့ ပိုက်ဆံလည်း အပိုထပ်မကုန်တော့ဘူပေါ့။ ။