ကိုယ်ခန္ဓါတစ်ခု လှပဖွံ့ဖြိုးဖို့ကလည်း လေ့ကျင့်ခန်း တစ်ခုတည်းနဲ့မရဘူးလေ။ ကိုယ်ခန္ဓါတစ်ခု ပိန်ခြင်း ဝခြင်းကို အဓိက ၈၀ ရာခိုင်နှုန်း တာဝန်ယူထားတဲ့ အစားက အရေးအကြီးဆုံးဆိုတော့ ကိုယ်လေ့ကျင့်ခန်းမလုပ်ခင် ဘာတွေ စားပေးရမလဲဆိုတာ သိထားမှ ကိုယ်သွားချင်တဲ့ပန်းတိုင်ကို မြန်မြန်ရောက်မှာပေါ့။ ဒီတော့ ဘာတွေ စားပေးရမလဲ။ ဘယ်အချိန်မှာ စားပေးရမလဲ ။ ။
လေ့ကျင့်ခန်းမလုပ်ခင် ဘာတွေ စားပေးသင့်သလဲ ။ ။
လေ့ကျင့်ခန်း မလုပ်ခင် စားပေးတဲ့ အစားအစာတွေက ကိုယ်ဘယ်လမ်းကြောင်းကို သွားတာလဲ အပေါ်မူတည်ပြီး ကွဲပြားသွားပါတယ်။ ဒီတော့ ဆက်ကြည့်ရအောင် ။ ။
( ၁ ) ကိတ်ချင်တဲ့သူတွေအတွက် ။
ပိန်နေလို့ ကိတ်ချင်နေတဲ့သူတွေအတွက် အဓိကဖြစ်သင့်တဲ့ ကိုယ်ခန္ဓါကတော့ အဆီပိုမရှိ ကြွက်သားတွေနဲ့ ကျစ်လစ်တဲ့ကိုယ်ခန္ဓါတစ်ခုပါ။ ဖြစ်ချင်နေတဲ့ အဆီပိုမရှိတဲ့ ကြွက်သားတွေနဲ့ ကိုယ်ခန္ဓါကို ပိုင်ဆိုင်နိုင်မယ့်အပြင် လေ့ကျင့်ခန်းလုပ်နေတဲ့ တောက်လျှောက်ကို အားလည်းရှိစေမယ့် လေ့ကျင်ခန်းမလုပ်ခင် စားသင့်တဲ့ အစားအစာတွေကတော့
- ကြက်ဥ အကာစားပါ – ကြက်ဥပြုတ်ထဲက အကာကိုပဲ စားတာ၊ ကာကျက်လေးသောက်တာမျိုးတွေလုပ်ပေးပါ။ အနှစ်ကိုတော့ ရှောင်ပါ။ ကြက်ဥအနှစ်မှာ အဆီပါဝင်မှုများတဲ့အတွက် ကိုယ်အလေးချိန်တက်လာစေသလို သွေးတွင်းအဆီများခြင်းကိုလည်းဖြစ်စေတတ်လို့ပါ။
- Whey protein သောက်ပေးလို့လည်းရပါတယ်။
- အသီးတွေထဲမှာဆို – လိမ္မော်သီး၊ စတော်ဘယ်ရီသီး၊ ပန်သီးတို့စားပေးပါ။
- ထမင်းစားချင်တယ်ဆိုရင် ဆန်လုံးညို ( ဒါမှဟုတ်) ထမင်းဖြူ နည်းနည်းလေးစားပါ။ အုတ်ဂျုံစားပေးလည်းရပါတယ်။
- အသားဆိုရင်တော့အဆီမများတဲ့အသားဖြစ်တဲ့ ကြက်သားပြုတ်လေးက အသင့်တော်ဆုံးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။