လေ့ကျင့်ခန်း လုပ်ပြီးတဲ့အခါ ရိုးရိုးရေသောက်သင့်လား၊ ဓာတ်ဆားရည်သောက်သင့်လား။
လေ့ကျင့်ခန်း လုပ်ပြီးတဲ့အခါ ချွေးထွက်များတဲ့အတွက် ဆုံးရှုံးသွားတဲ့ ရေဓာတ်ကို ပြန်ဖြည့်ပေးဖို့ လိုပါတယ်။ ဒီလိုပြန်ဖြည့်ဖို့အတွက် အများစုက ရေသောက်ကြပါတယ်။ တချို့ကလည်း ဓာတ်ဆားရည်သောက် ကြပါတယ်။ ဘယ်ဟာက ပိုပြီးသင့်တော်သလဲ။ ရေနဲ့ ဓာတ်ဆားရည်နဲ့ ဘာကွာသလဲ။ ရေနဲ့ ဓာတ်ဆားရည်ရဲ့ အဓိကာကွာခြားချက်က ဓာတ်ဆားပါဝင်မှုနှုန်းပါ။ ရေမှာလည်း ဆားဓာတ်တွေပါပေမယ့် ဓာတ်ဆားရည်မှာကျတော့ ခန္ဓာကိုယ်လိုအပ်ချက်အတိုင်း အချိုးကျထည့်သွင်းထားတာ ဖြစ်ပါတယ်။ နောက်တစ်ခုကတော့ ဂလူးကို့စ်ပါ။ ဓာတ်ဆားရည်တချို့မှာ လေ့ကျင့်ခန်းလုပ်လို့ ခန္ဓာကိုယ်က ဆုံးရှုံးသွားတဲ့ စွမ်းအင်တွေကို ပြန်ဖြည့်ပေးဖို့ ဂလူးကို့စ်ထည့်သွင်းထားတတ်ပါတယ်။ https://hellosayarwon.com/health-fitness/other-fitness-activities/can-i-gain-weight-if-i-stop-exercise/ ဒီလိုလေ့ကျင့်ခန်းမျိုးတွေ ဆိုရင်တော့ ဓာတ်ဆားရည်သောက်ဖို့ လိုအပ်ပါတယ်။ သာမန် ၁၀မိနစ်၊ ၁၅မိနစ်လောက်ပဲ လုပ်တဲ့ လေ့ကျင့်ခန်းတွေ၊ အပေါ့စား လေ့ကျင့်ခန်းတွေ၊ ချွေးလည်း သိပ်မထွက်တဲ့ လှုပ်ရှားမှုမျိုးတွေဆိုရင် ဓာတ်ဆားရည်အစား ရေသောက်တာက ပြဿနာ မရှိပါဘူး။ ဒါပေမယ့် ဒီလို လေ့ကျင့်ခန်းမျိုးတွေဆိုရင်တော့ ဓာတ်ဆားရည်သောက်တာက ပိုသင့်တော်ပါတယ်။ […]