ခန္ဓာကိုယ် အနှံ့က ဟော်မုန်းထုတ်ပေးတဲ့ ဂလင်းတွေကို ပေါင်းစုထားတဲ့ စနစ်ကို endocrine system (ဟော်မုန်းစနစ်) ရယ်လို့ ခေါ်တယ်။ ဒီ စနစ်ထဲမှာပါတဲ့ ဂလင်းတွေက ဟော်မုန်းတွေကို မပိုမလိုထုတ်ပေးမှ ခန္ဓာကိုယ်က ဖြစ်စဉ်တွေ အားလုံးက ပုံမှန် လည်ပတ်တာပါ။ တစ်ခုခုက ပုံမှန် အလုပ်မလုပ်ဘူးဆိုတာနဲ့ ကိုယ်တွင်း ဇီဝကမ္မဖြစ်စဉ်၊ ကြီးထွားမှုဖြစ်စဉ်တွေ ကမောက်ကမဖြစ်ပြီး ခန္ဓာကိုယ်မှာ နာတာရှည်ရောဂါ တစ်မျိုးဖြစ်တဲ့ အမျိုးအစား(၂) ဆီးချိုရောဂါတင်မက တခြားရောဂါမျိုးစုံ ဖြစ်ပေါ်လာနိုင်ပါတယ်။